Home ဗီဒီယို အားလုံးပဲ မင်္ဂလာပါ

အားလုံးပဲ မင်္ဂလာပါ

မှတ်သားစရာ အသိပညာ အစီစဉ်ကနေမှ ကြိုလိုက်လိုက်ပါတယ်။

ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်တွေမှာ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေဟာ နေရာပေါင်းစုံမှာ ရှိနေသလို ပုံစံမျိုးစုံနဲ့လည်း အကြမ်းဖက်ခံနေကြရပါတယ်။ အကြမ်းဖက်မှုတွေကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်းကတော့ လူမှုအသိုင်းဝိုင်းကနေ သတ်မှတ်လက်ခံ ကျင့်သုံးနေကြတဲ့ ဂျဲန်ဒါ ပုံစံခွက်တွေကြောင့် ဖြစ်ပါတယ်။

ဂျဲန်ဒါပုံစံခွက်ဆိုတာက အမျိုးသမီးဖြစ်လို့ ဘယ်လိုဝတ်စားနေထိုင်ရမယ်၊ ဘယ်လိုတာဝန်တွေကို ယူရမယ်ဆိုတာကစလို့ ဘယ်ဟာကိုလိုက်နာရမယ်၊ ဘယ်ဟာကို မလုပ်ရဘူးဆိုပြီး တားမြစ်ထားတာတွေ ဖြစ်ပါတယ်။ အဲလိုပဲ အမျိုးသားတွေကိုလည်း အမျိုးသားဖြစ်လို့ဆိုပြီး ဘယ်လို ဝတ်စား နေထိုင်ပြုမူရမယ် ဘယ်လိုတာဝန်တွေကို ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို အသားကျနေတဲ့ ဂျဲန်ဒါ ပုံစံခွက်တွေက အမျိုးသမီးတွေနဲ့ အခြား လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှုတွေကို ဖြစ်ပွား စေပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ကြေညာချက်အရ ကျမတို့ နေထိုင်တဲ့ ကမ္ဘာကြီးမှာ ၁၀ မိနစ်တိုင်း အမျိုးသမီးတစ်ယောက်နှုန်းနဲ့ အသတ်ခံနေရတယ်လို့ ဆိုပါတယ်။

ဒီဗီဒီယိုထဲမှာတော့ နည်းမျိုးစုံနဲ့ ပုံစံမျိုးစုံ အကြမ်းဖက်မှုတွေထဲကမှ အမျိုးသမီးတွေ အဓိက ရင်ဆိုင်ကြုံတွေ့နေရတဲ့ အိမ်တွင်း အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဖလှယ်ပေးသွားမှာပဲ ဖြစ်ပြီးတော့ အကြမ်းဖက်ခံရရင် ဘာကြောင့် နှုတ်ဆိတ်မနေပဲ ထုတ်ဖော်ပြောသင့်တာလဲ ဆိုတာကိုပါ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Author:

Related Articles