Home ဗီဒီယို ငမိုးရိပ်ချောင်းထဲက ဖော့ချပ်စီးကာ ဝမ်းစာရှာနေကြတဲ့ မဗေဒါများ

ငမိုးရိပ်ချောင်းထဲက ဖော့ချပ်စီးကာ ဝမ်းစာရှာနေကြတဲ့ မဗေဒါများ

ရန်ကုန်မြို့က ငမိုးရိပ်ချောင်းထဲမှာ ဖော့ချပ်တွေကို လှော်ခတ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတစ်စုဟာ ချောင်းရေစီးနဲ့အတူ မျောပါလာတဲ့ အမှိုက်တွေကြားက ပလတ်စတစ်ဘူးခွံတွေ ဘီယာဘူးခွံတွေနဲ့ သူတို့အတွက် အသုံးဝင်မယ့် ပစ္စည်းတွေကို လိုက်ပြီး ဆယ်ယူနေကြပါတယ်။

အမှိုက်တွေ တိရိစ္ဆာန်အသေကောင်တွေနဲ့ အညစ်အကြေးတွေ ရောထွေးနေတဲ့ ချောင်းရေထဲမှာ သူတို့အတွက်အသုံးတည့်မယ့် ပစ္စည်းတွေကို ရွေးချယ်ပြီး လိုက်ကောက်နေကြတာပါ။

သူတို့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းဖို့အတွက် ချောင်းထဲက စွန့်ပစ်ပစ္စည်းတွေ(ပလုံ) လိုက်ကောက်နေကြတာပဲ ဖြစ်ပါတယ်။

သူတို့ အဖွဲ့ရဲ့ထူးခြားချက်ကတော့ အမျိုးသမီးတွေက ဦးဆောင်ပြီး ဒီအလုပ်ကိုလုပ်ဖို့ စဉ်းစားမိခဲ့ကြတာပါ။

ချောင်းထဲမှာ ပလုံကောက်တဲ့ အလုပ်ကို လုပ်ကိုင် သူ စုစုပေါင်း ၁၅ ယောက်လောက်ရှိပါတယ်။

ဒီအလုပ်က လွယ်ကူတဲ့ အလုပ်တော့မဟုတ်ပါဘူး။ ဒီရေအတက်အကျရှိတဲ့ ချောင်းထဲမှာ ဖော့ချပ်လေးတွေနဲ့သွားလာရတာဖြစ်တဲ့အတွက် စိန်ခေါ်မှုတွေကများပါတယ်။

လူတွေ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ ၊ တိရိစ္ဆန် အသေကောင်တွေ အညစ်အကြေးတွေကြားထဲက သူတို့ရောင်းစားလို့ရမယ့် ပစ္စည်းတွေ အိမ်အတွက် အသုံးဝင်မယ့် ပစ္စည်းတွေကိုလိုက်ပြီး ရှာဖွေရတာဖြစ်ပါတယ်။

ဒါအပြင်ရေကျချိန် ကမ်းပေါ်တင်နေတဲ့ ပလုံတွေကို ကောက်တဲ့အခါမှာလည်း ပေါင်ရင်းလောက် နက်တဲ့ နွံတွေကိုကျော်ဖြတ်ပြီး ကောက်ရပါတယ်။ နွံအထူဆုံးနေရာတွေမှာ ဆို သူတို့ရင် ခါးကျော်ကျော်လောက်ထိကို နွံနှစ်တယ်လို့ ဆိုပါတယ်။

အညစ်အကြေးပေါင်းစုံနဲ့ ညစ်ပတ်နေတဲ့ ချောင်းရေထဲမှာ နေ့စဉ် အလုပ်လုပ်ရတာဖြစ်တဲ့ အတွက် ယားယံတာတွေအရေပြားအနာဖြစ်တာတွေလည်း မကြာခဏဆိုသလို ကြုံတွေ့ရပါတယ်။

Author:

Related Articles