Home ဗီဒီယို အသက်ရူကြပ်လာတဲ့ မီးဖိုချောင်​၏ ပဲ့ကိုင်ရှင်များ

အသက်ရူကြပ်လာတဲ့ မီးဖိုချောင်​၏ ပဲ့ကိုင်ရှင်များ

ရိုက်ကူး – HI

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အချိန်မှာ ကုန်ဈေးနှုန်းတွေက နှစ်ဆကျော်လောက် မြင့်တက်လာပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာတာ၊ နိုင်ငံရေး စီပွားရေးအကျပ်အတည်းတွေကြောင့် ကုန်စည်စီးဆင်းမှု‌တွေ ကျဆင်းလာတာကြောင့် ကုန်ဈေးနှုန်းတွေက အာဏာမသိမ်းခင်ကထက် နှစ်ဆကျော် မြင့်တက်လာတာပါ။

ဒီလို ကုန်ဈေးနှုန်းတွေ တက်လာတာဟာ အိမ်ရှင်မတွေအတွက်တော့ အသက်ရှုကြပ်စရာ အခြေအနေပါ။ ကုန်ဈေးနှုန်းတွေတက်လာပေမယ့် ဝင်ငွေတိုးမလာတာဟာ သူ့အတွက် ခေါင်းခဲစရာ အခြေအနေပါလို့ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ ဒေါ်သီတာကဆိုပါတယ်။ သူဟာ အမျိုးသားဖြစ်သူရဲ့ တက္ကစီမောင်းတဲ့ လုပ်အားခတစ်ခုထဲနဲ့ မလုံလောက်တဲ့အတွက် တစ်ဖက်တစ်လမ်း ကနေဝင်ငွေရဖို့ ကွမ်းယာဆိုင်လေး ဖွင့်ထားတယ်လို့ဆိုပါတယ်။

ဒါပေမယ့် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်လာတာကြောင့် အိမ်စရိတ်ရေအောင်မနည်းရုန်းကန် နေရတယ်လို့ ဒေါ်သီတာက ပြောပါတယ်။

တစ်ကယ်လို့ ကုန်ဈေးနှုန်းတွေ ဒီထက်ပို မြင့်တက်လာမယ်ဆိုရင်တော့ သူတို့မိသားစု ဆန်ပြုတ်သောက်ရတော့မယ် အခြေအနေ ရောက်တော့မယ်လို့ ဒေါ်သီတာက ပြောပါတယ်။

Author:

Related Articles