Home သတင်း ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၆၃ ဦး သေဆုံးခဲ့

၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတဝန်းအမျိုးသမီး ၆၃ ဦး သေဆုံးခဲ့

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှု၊ လေယာဉ်ဗုံးကြဲမှု၊ အကြောင်းမဲ့ သတ်ဖြတ်မှုတွေကြောင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတဝန်း အမျိုးသမီး ၆၃ ဦး သေဆုံးခဲ့ရပြီး ၆၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU) က ဒီကနေ့ အောက်တိုဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အခုလို အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲမှာ ရှမ်းပြည်နယ်က ၂၁ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးမှာ ၁၅ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးက ၈ ဦး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတွေဖြစ်တဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီ တိုင်းနှင့် ကချင်ပြည်နယ်တွေက အမျိုးသမီးတချို့ဟာလည်း အသက်သေဆုံးမှုရှိခဲ့တယ်လို့ BWU ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာတော့ မြန်မာနိုင်ငံတဝန်းက အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့ရပြီး ၅၉ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ရေးသားထားပါတယ်။

ဒါ့အပြင် စက်တင်ဘာလအတွင်းမှာပဲ အမျိုးသမီး ၆ ဦးဟာ မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

Author:

Related Articles