Home သတင်း တစ်ပတ်တာအမျိုးသမီး ဖြစ်ရပ်များ

တစ်ပတ်တာအမျိုးသမီး ဖြစ်ရပ်များ

က်တင်ဘာ၃၀ ရက် ကနေ အောက်တိုဘာ ၆ ရက်အတွင်းတစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အ ကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ချီဖွေတိုက်ပွဲတွင် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲ တွေကြောင့် လော်ဝေါ်ယဉ်ကျေးမှုကျောင်းမှာ စစ်ရှောင်နေတဲ့ ဒေသခံမိန်းကလေးတစ်ဦး စစ်တင်ဘာ ၂၉ရက်နံနက်ပိုင်းက ဗုံးစထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ အသက် ၁၆ နှစ်အရွယ်မိန်းကလေးမှာ ဝမ်းဗိုက်တွင် ဗုံးစထိမှန်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်မှာ ‌မြေမြုပ် သဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ၏ အရှေ့မြောက်ပိုင်းခရိုင်ဌာနချုပ်ရှိရာ တပ်မဟာ- ၇ နယ်မြေဖြစ်တဲ့ ချီဖွေနဲ့ ဆော့လော် မြို့နယ်ရှိ ပြည်သူ့စစ်စခန်း၊ ၄ မိုင် စုပေါင်းဂိတ်စခန်း၊ ဆော့လော်ဗျူဟာကုန်း၊ ချီဖွေမြို့မရဲစခန်းအပါအဝင် ချီဖွေ ဗျူဟာကုန်းတို့ကို KIA ပူးပေါင်းတပ်က တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

Source –   သံလွင်ခက်

PDF အဖွဲ့တွေနဲ့ တွေ့တယ်ဆိုတဲ့စွဲချက်နဲ့အမျိုးသမီးနှစ်ဦးဖမ်းဆီးခံရ

ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကညင်ချောင်းကျေးရွာမှာ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ် စစ်ကြောင်း ထိုးရင်း လယ်ကွင်းထဲဆင်းလာတဲ့ အမျိုးသမီး ၂ ယောက်ကို PDF အဖွဲ့တွေနဲ့ လာတွေ့တာလို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်ခံရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့အမျိုးသမီးနှစ်ဦက လယ်လုပ်သူတွေဖြစ်ပြီး PDF တွေကို ထောက်ပံ့ရေးလုပ်ဖို့ တောစပ်လယ်ကွင်းထဲမှာ ချိန်း ထားတာဆိုပြီး ဖမ်းဆီးကာ ဟိုင်းကြီးကျွန်းရဲစခန်းမှာ ချုပ်နှောင်ထားပြီး စက်တင်ဘာ ၂၇ ရက်က အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေပုဒ်မ ၅၀(က)နဲ့ အမှုဖွင့်လိုက်တာလို့ သိရပါတယ်။

ဟိုင်းကြီးကျွန်းဒေသကို တော်လှန်ရေးတပ် PDF အပါအဝင် လက်နက်ကိုင်အင်အားစုတွေ ဝင်ရောက်လာတယ်လို့ဆိုပြီး စက် တင်ဘာပထမအပတ်ကစလို့စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာ၊ ဧည့်စာရင်းစစ်ဆေးတာတွေ လုပ်ဆောင်နေပြီး သြဂုတ်လ ၂၃ ရက်နေ့တုန်းကလည်း ငါးခြောက်ထွက်ဝယ်တဲ့ ရခိုင်စစ်ဘေးရှောင်သားအဖနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်း ဆီးခဲ့ပါတယ်။

Source –DVB

ကောလင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးသုံးဦးအပါအဝင် အရပ်သားခုနစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနောက်ခြမ်း ဥက္ကံရွာကို စက်တင်ဘာ ၃၀ ရက် မနေ့က စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး ကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃ဦးအပါအဝင်အရပ်သား ခုနစ်ဦး သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

   တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ  ဂျက်တိုက်လေယာဥ်နဲ့ ပေါင်ငါးရာဗုံး လေးလုံး ကြဲချခဲ့တာကြောင့် အသက် ၂၀ ကနေ ၅၀ အတွင်းရှိတဲ့ အမျိုးသားလေးဦးနဲ့ အမျိုးသမီးသုံးဦး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ပါတယ်။

    စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ကောလင်းမြို့အနောက်ခြမ်းက ရွာသစ်ရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာသလို နေအိမ်ပျက်စီးမှုတွေ ရှိခဲ့ပြီး စစ်ကောင်စီက ဆုံးရှုံး နယ်မြေတွေ ပြန်ရရေးအတွက် နိုင်ငံအနှံ့ လေကြောင်းထိုးစစ် အများအပြားကို စက်တင်ဘာလ ပထမ အပတ်ကစလို့ ပြုလုပ်လျက်ရှိပါတယ်။ Source -RFA

အမျိုးသမီး ၂ဦးပါတဲ့ ဓားပြအဖွဲ့က ရွှေဆိုင်ကိုဓားပြတိုက်

စစ်ကိုင်းတိုင်း   မုံရွာမြို့၊ မြဝတီရပ်ကွက်၊ မေတ္တာလမ်းသွယ် ၁ က နဝရတ်ရွှေဆိုင်နဲ့ တွဲလျှက်ရှိနေတဲ့ ပိုင်ရှင်ဒေါ်ဝင်းခိုင်ရဲ့ နေ အိမ် ကို လူငယ်အမျိုးသမီး ၂ ယောက် အပါအဝင် လူ ၅ ယောက် က စက်တင်ဘာ ၂၆ ရက် နေ့လယ် မှာဆိုင်ကယ်နဲ့ ရောက် လာပြီး နေအိမ်ထဲဝင် ဓားပြတိုက်ခဲ့တာကြောင့် စိန်နဲ့ရွှေထည်ပစ္စည်းအများအပြားပါသွားတယ်လို့သိရပါတယ်။

လူမှုကွန်ယက်မှာပျံ့နှံ့လာတဲ့ ဓားပြတိုက်ခံရမှု CCTV မှတ်တမ်းအရ အမျိုးသမီး ၂ ယောက်ဟာ နေအိမ်တွင်း စတင် ဝင်ရောက်လာပြီးနောက် လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၂ ယောက် ထပ်မံဝင်ရောက်လာကာ  ပစ္စည်းတွေကို သိမ်း ယူနေတာကို တွေ့ရပြီး ဖုန်း ၅ လုံး၊ လက်ပ်တော့ ၁ လုံး၊ စိန်၊ ရွှေ၊ ပလက်တီနမ်အတွင်းပစ္စည်းအားလုံး ယူဆောင်သွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတဦးက သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဓားပြတိုက်ခံရမှုဖြစ်စဉ် CCTV မှတ်တမ်းနဲ့ အတူရေးသား ထားပါတယ်။  

စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ပေါ်မှာ ဓားပြမှု၊ ပြန်ပေးမှု၊ လုယက်မှု၊ လမ်းမပေါ် လု ယက်အဓမ္မပြုကျင့်မှုတွေ မကြာခဏဖြစ်ပွားနေပေမယ့် စစ်ကောင်စီဘက်က ဖမ်းဆီးအရေးယူနိုင်မှုမရှိ သလောက် ဖြစ်နေ ကြောင်း မြို့ခံတွေအကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

 Source –DVB

ဆေးကုသခွင့်မရလို့ ကိုးလအတွင်း နိုင်ငံရေးအကျဉ်းသူနှစ်ဦးအပါအဝင်အကျဉ်းသား ၁၂ ဦး သေဆုံး

နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ ယခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေ ဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၂ ဦး ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ကိုးလအတွင်း အကျဉ်းထောင်တွေမှာ ဆေးကုသခွင့် အပြည့်အဝ မရ  တာ ကြောင့် နိုင်ငံရေးအကျဉ်းသား ကိုးဦး၊ နိုင်ငံရေးအကျဉ်းသူနှစ်ဦးနဲ့ ရဲ CDM တစ်ဦး စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ပြီး ဆေး ကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးခဲ့ရတဲ့ အကျဉ်းထောင်တွေမှာ ကျိုက်မရောထောင်၊ မကွေးထောင်၊ ကလေးထောင်၊ အိုးဘိုထောင်၊ ဒိုက်ဦးထောင်၊ သရက်ထောင်၊ အင်းစိန် ထောင်နဲ့ သထုံထောင်တို့ ပါဝင်ပါတယ်။

မြန်မာပြည်တစ်ဝှမ်းက အကျဉ်းထောင်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့တန်းစစ်မြေပြင်သဖွယ် ဖြစ်နေပြီး အကျဉ်း သားတွေဟာ ခေါင်းစဉ်အမျိုးမျိုးနဲ့ သတ်ဖြတ်ခံနေရတဲ့အပြင် ဆေးဝါးနဲ့ ဆရာဝန်တွေလုံလောက်မှု မရှိဘူးလို့ ဆိုပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ဆေးဝါးစောင့်ရှောက်မှု လုံ လောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးနဲ့ နိုင်ငံရေးအကျဉ်းသူ နှစ်ဦး သေဆုံးခဲ့ရတယ်လို့ PPNM ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source –သံလွင်တိုင်းမ်

ယာဂီမုန်တိုင်းနောက်ဆက်တွဲရေကြီးမှုကြောင့် ရေဘေးသင့်ဒဏ်ခံစားရသူတွေထဲ အမျိုးသမီးနဲ့ ကလေးသူငယ် ၆၀ ရာခိုင် နှုန်းနီးပါးပါဝင်

   ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်ကတည်းက အင်အားပြင်း ယာဂီတိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမှာ ရေဘေးသင့်ပြည်သူ ၁ သန်းကျော်အထိ ရှိလာနေပြီး ကနဦးဆန်းစစ်ချက်တွေအရ အဲဒီထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၆၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေတယ်လို့ သိရပါတယ်။

Gender in Humanitarian Action Working Group (GIHA WG) အဖွဲ့က အောက်တိုဘာ ၁ ရက်ထုတ်ပြန်တဲ့ အ စီရင်ခံစာထဲမှာ ခုလိုဖော်ပြထားတာဖြစ်ပြီး နိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၁ ခုက မြို့နယ်ပေါင်း ၇၀ ကျော်မှာ ထိ ခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေဘေးကြောင့် သေဆုံးသူဦးရေ ၃၆၀ ထက် မနည်းရှိခဲ့ပြီး လူအယောက် ၁၀၀ လောက် ပျောက်ဆုံးနေ တယ် လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး ရေကြီးရေလျှံမှုတွေကြောင့် ပြည်တွင်းရွှေ့ပြောင်းနေထိုင်နေရသူတွေ၊ ကိုယ်ဝန် ဆောင်နဲ့ နို့တိုက်မိခင်တွေ၊ ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ထိခိုက်လွယ် အုပ်စုတွေကို အကျိုးသက် ရောက်စေခဲ့ပြီး အဆိုပါ သဘာဝဘေးကြောင့် လက်ရှိအားနည်းချက်တွေကို ပိုမိုဆိုးရွားသွားစေတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ရေကြီးရေလျှံမှု လျော့နည်းလာတာနဲ့အမျှ ပြည်တွင်း အိုးအိမ်မဲ့ ဒုက္ခ သည်တွေအတွက် ကယ်ဆယ် ရေး စခန်းတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ယာယီစခန်းတွေမှာ အရပ်ဘက် လူမှုအသိုက်အဝန်းတွေက သန့်ရှင်းရေး လုပ်ငန်းတွေ စတင် ဆောင်ရွက်နေပြီလို့ ဖော်ပြထားပါတယ်။

Source –DVB

စ်လအတွင်း စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၆၃ ဦး သေဆုံး၊ ၆ ဦး အဓမ္မပြုကျင့်ခံရ

စစ်ကောင်စီလက်အောက်တွင် အမျိုးသမီးများမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းနဲ့ အခြားသော လူ့အခွင့် အရေးချိုး ဖောက်မှုတွေကြောင့် နေ့စဉ် အသက်ဆုံးရှုံးလျက်ရှိရာ စက်တင်ဘာလအတွင်း နိုင်ငံတဝန်းလုံး၌ အမျိုးသမီး ၆၃ ဦးထိ သေဆုံးကာ ၆၂ ဦး ထိခိုက်ဒဏ်ရာရပြီး ၆ ဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) အဖွဲ့က ထုတ်ပြန်ပါတယ်။

 သေဆုံး ဒဏ်ရာရမှုများတွင် လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေ ဆုံးမှု၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရမှု၊ မီးရှို့သတ်ဖြတ်ခံရမှု မြေမြှုပ်မိုင်းကြောင့် ထိခိုက် ဒဏ်ရာရမှု၊ ဆေးကုသခွင့်မရ၍ သေဆုံးမှု၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှု၊ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေ ပါဝင်နေပါတယ်။

ရှမ်း၊ မွန်၊ ရခိုင်၊ ကချင်ပြည်နယ်နှင့် မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းတို့တွင် ဖြစ်ပွားခဲ့ ပြီး စက် တင်ဘာလအတွင်း နိုင်ငံတဝန်း အမျိုးသမီး ၅ ဦး အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ဖော်ပြထားပြီး ယခု ထုတ်ပြန်တဲ့ အချက်အလက်တွေက မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union) အဖွဲ့က ကောက်ယူပြုစု ထားသော စာရင်းများဖြစ်ပြီး မြေပြင်တွင် အမျိုးသမီးဖမ်း ဆီးခံရမှုနဲ့ သေဆုံးသူ အရေအတွက် ပိုများနိုင်တယ်လို့ဆိုပါတယ်။

အလားတူ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းပြုစုနေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့် ရှောက် ရေးအသင်း(AAPP) ဖော်ပြချက်အရ စစ်တပ် အာဏာသိမ်းချိန်မှ စက်တင်ဘာ ၃၀ ရက်နေ့ထိ အမျိုးသမီး ၅၆၉၀ ဦး ဖမ်းဆီးခံရပြီး ၄၀၇၂ ဦးမှာ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။

Source –Irrawaddy

ပေါက်မြို့နယ်မှာ လက်နက်ကြီးကြောင့် မြေးအဘွားနှစ်ဦးသေဆုံး  

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ခင်ရှည်(တောင်) ရွာမှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်က လက် နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကလေးတစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦသေဆုံးသွားပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီးဟာ လူနေအိမ်ထဲ ကျရောက်ပေါက်ကွဲပြီး အသက် တစ်နှစ်ခွဲအရွယ် မိန်းကလေး တစ်ဦးနဲ့ သူ့ရဲ့ အဘွားဖြစ်သူ အသက် ၆၁ နှစ်အရွယ် ဒေါ်ဒေါင်းတင် တို့သေဆုံးပြီး နောက်ထပ် အမျိုးသားနှစ်ဦး ထိခိုက် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၄ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီးနောက် ကလေးတွေအပါအဝင် အရပ်သား ၅၇၅၈ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Source –RFA

Author:

Related Articles