Home သတင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ မဲဆောက်တွင်ပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ မဲဆောက်တွင်ပြုလုပ်

HI

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး – ၁၆ရက်တာ လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၂၅ရက်နေ့က  ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာရှိတဲ့ မြန်မာ​ရွှေ့​ပြောင်းလုပ်သား​တွေနဲ့ ပြုလုပ်ခဲ့ပါတယ်

နိုဝင်ဘာ ၂၅ ကနေ ဒီဇင်ဘာ ၁၀ရက်နေ့ ထိကျင်းပပြုလုပ်တဲ့ ၁၆ရက်တာလှုပ်ရှားမှုကို  မဲဆောက်မြို့မှာရှိတဲ့ ရပ်ရွာအခြေပြုအဖွဲ့အစည်းတွေနဲ့  Gender Based Violence Coordination Group တို့ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပြီး ဟုန်ဖိုင်ရပ်ကွက်နဲ့အနီးဝန်းကျင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား  ၂၀၀ ဝန်းကျင်တက်ရောက်ခဲ့ပါတယ်။

ယင်းအခမ်းအနားမှာ ကလေးသူငယ်နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနဲ့

ပတ်သတ်တဲ့ အကြောင်းအရာတွေကိုအသိပညာပေးဟောပြောတာ၊တက်ရောက်သူတွေကို ဉာဏ်စမ်း‌မေးခွန်းများမေးပြီးဆုချီးမြှင့်တာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဓာတ်ပုံ၊ပိုစတာပြသတာ တွေပြုလုပ်ခဲ့ပါတယ်။

“အဓိကကတော့ အမျိုးသမီးနဲ့ကလေးသူငယ် တွေအပေါ်အကြမ်းဖက်မှုတွေလျော့ကျသွားဖို့ရည်ရွယ်ပါတယ် လူထုတွေအားလုံးက အမျိုးသမီးနဲ့ကလေးတွေအပေါ် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေပိုသိလာပြီး သူတို့ တွေ ကိုယ်တိုင်ပါဝင်စတင်လာဖို့အတွက်ပါ” လို့ Gender Based Violence Coordination Groupက ဆရာမခုဖောက ပြောပါတယ်။

ဒါ့အပြင် ၁၆ရက်တာလှုပ်ရှားမှုအဖြစ် ဒီဇင်ဘာ ၈ရက်နေ့မှာ မဲဆောက်ခရိုင်အုပ်ချုပ်ရေးမှုးအပါအဝင် အစိုးရဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊NGO အဖွဲ့တွေနဲ့  တွေ့ဆုံပြီး မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးနဲ့ကလေးသူငယ်တွေကို ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်တွေမှာ အစိုးရဌာနတွေပိုမိုပူးပေါင်းပါဝင်စေဖို့ တွေ့ဆုံ​ဆွေး​နွေးသွားမှာဖြစ်ပါတယ်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက်  ကမ္ဘာနဲ့အဝှမ်းမှာနှစ်စဉ်ကျင်းပကြတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပြီး မြန်မာအမျိုးသမီးအဖွဲ့အစည်း​တွေကလည်းနှစ်စဉ်ပြုလုပ်လျက်ရှိပါတယ်။

Author:

Related Articles