Home ဗီဒီယို ဂုဏ်သိက္ခာရှိတဲ့ တရားသူကြီးဖြစ်ချင်သူ  မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြ

ဂုဏ်သိက္ခာရှိတဲ့ တရားသူကြီးဖြစ်ချင်သူ  မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြ

ရိုက်ကူး – HI

၂၀၂၁ခုနှစ်စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း CDM ပြုလုပ်ကြတဲ့အထဲ တရားရေးဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အချို့ကအလုပ်ပြန်ဝင်နေကြသလို အချို့ကတော့ စစ်ကောင်စီအလိုကျ မတရားတဲ့အမိန့် တွေချမှတ်နေဆဲပါပဲ။ ဒါကြောင့် CDM လုပ်ကြတဲ့ ဝန်ထမ်းအနည်းဆုံးဟာ တရားရေးဌာနလို့ ဆိုကြပါတယ်။

အဲဒီထဲမှာ မြို့နယ်တရားသူကြီးတစ်ဦးဖြစ်တဲ့ ဒေါ်သဉ္ဇာမြမပါဝင်ခဲ့ပါဘူး။ သူက စစ်ကောင်စီအလိုကျ အပြစ်မဲ့ ပြည်သူတွေကိုပြစ်ဒဏ်တွေ မချမှတ်ချင်တော့တာကြောင့်CDM လုပ်ခဲ့တာပါ။ CDM မလုပ်ခင် ဆန္ဒပြပွဲတွေဖြစ်တုန်းကဖမ်းမိရောက်လာပြီးသူကိုင်တွယ်ရတဲ့အမှုတွေဆိုရင်မပြောပလောက်တဲ့ငွေဒဏ်လောက်သာချမှတ်တာ၊ပြစ်ဒဏ်ကနေလွှတ်ပေးတာတွေအထိလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

တရားရေးစနစ်ကို ကောင်းမွန်စွာပြောင်းလဲချင်ပြီး ဂုဏ်သိက္ခာရှိတဲ့ တရားသူကြီးဖြစ်ချင်တဲ့ သူက အာဏာမသိမ်းခင်တုန်းကဆို အမှုတွေကို တတ်နိုင်သလောက် ဆင်ဆင်ခြင်ခြင်နဲ့ မှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ခဲ့တယ်လို့ဆိုပါတယ်။ တရားရေးဌာနကို လူတွေဝေဖန်နေတာ ဌာနရဲ့ဝန်ထမ်းတွေအဆင့်ဆင့် အကျင့်ပျက်ခြစားနေတာတွေကို သူကပြောင်းလဲချင်ခဲ့သူပါ။ ဒါပေမယ့် ငွေများတရားနိုင်ဆိုတဲ့အတိုင်း တရားရေးလောကက အကျင့်ပျက်သူ အများစုကို သူမတွန်းလှန်နိုင်ခဲ့ပါဘူး။ 

အာဏာသိမ်းပြီးတော့ စစ်ကောင်စီက တရားရုံးတွေကို သူတို့အလိုကျ အမိန့်တွေချပေးဖို့ အမိန့်ပေးလာပါတယ်။ သူ့အထက်လူကြီးတွေနဲ့ အောက်ကဝန်ထမ်းအများစုကတော့ စစ်ကောင်စီဘက်ကရပ်တည်ပြီး သူတို့စီးပွားရေးတွေ အဆင်ပြေဖို့ပဲရွေးချယ်ခဲ့ကြပါတယ်။

တရားရုံးကို ဒီလိုလာရောက်လွှမ်းမိုးတာဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို လုယူနေတာလို့ခံစားရပြီး CDM လုပ်ခဲ့သလိုသူ CDMလုပ်တာကိုကန့်ကွက်ပြီးသဘောထားမတိုက်ဆိုင်တဲ့အမျိုးသားကိုလည်းကွာရှင်းကာ ကလေးတွေလက်ကိုဆွဲပြီး မိခင်ဖြစ်သူနဲ့အတူ မြန်မာပြည်ကနေထွက်လာခဲ့တယ်လို့ဆိုပါတယ်။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအထိ သူကပြည်တွင်းမှာပဲ လှည့်ပတ်ရှောင်ရှားနေထိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြည်တွင်းမှာဆက်နေလို့မရတဲ့အခြေအနေတစ်ခုကြောင့် ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့ကိုပြောင်းလာခဲ့ပါတယ်။ ဒီရောက်ရောက်ခြင်းမှာဘဲ NUG ကတရားသူကြီးအဖြစ် အလုပ်ခန့်အပ်ခဲ့ပြီးလက်ရှိမှာတော့ လက်ထပ်တဲ့ ကိစ္စတွေကို ဆောင်ရွက်ပေးရတဲ့တာဝန်ယူထားပါတယ်။

Author:

Related Articles