Home ဗီဒီယို အခက်အခဲတွေကြားက မေတ္တာရိပ်မြုံ

အခက်အခဲတွေကြားက မေတ္တာရိပ်မြုံ

ရိုက်ကူး – HI 

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကလေးငယ် လေးတွေဟာ Mercy Garden ဆိုတဲ့ မိဘမဲ့ဂေဟာလေးမှာ လာရောက်နေထိုင်နေကြပါတယ်။

ပညာတတ်ကြီးတွေ ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ အခုလိုရောက်လာကြတာပါ။

ဒီ Mercy Garden ဆိုတဲ့ မိဘမဲ့ဂေဟာဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲမှာ တည်ရှိပြီးတော့ နော်မဲလ်စေဆိုတဲ့ အမျိုးသမီးတစ်ယောက်က ဦးစီးပြီး တည်ထောင်ထားတာ ဖြစ်ပါတယ်။

သူ့ကိုယ်ပိုင်ငွေကြေး အနည်းငယ်နဲ့ ဒီဂေဟာလေးကို အစပြုခဲ့တာပါ။ကျောထောက်နောက်ခံ အဖွဲ့အစည်းမရှိဘဲအမျိုးသမီးတစ်ယောက်ထဲက ဦးဆောင်နေတာဖြစ်ပါတယ်။

ခရစ်ယာန်ဓမ္မဆရာမ တစ်ယောက်ဖြစ်တဲ့ နော်မဲလ်စေ ကတော့ မြန်မာနိုင်ငံအနှံကို ဧဝံဂေလိ(တရားဟော)ထွက်ရင်း မိဘမဲ့ ဂေဟာဖွင့် ဖြစ်ဖို့ စဉ်စားမိခဲ့တာပါ။

ဒီဂေဟာမှာ ပညာသင်ကြားပြီး ၁၀ တန်းအောင် ဘွဲ့ရသွားတဲ့ သူတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

ဒီဂေဟာမှာ နှစ်တန်းကနေ (၁၀)တန်းအထိ ပညာသင်ကြားနေတဲ့ ကလေးငယ် ၃၅ယောက်လောက်ရှိပါတယ်။ဒီဂေဟာကနေ (၁၀)တန်း

အောင်ပြီးဘွဲ့ရသွားတဲ့သူတွေလည်း ရှိတယ်လို့ ဆရာမ နော်မဲလ်စေကဆိုပါတယ်။ 

ကျောထောက်နောက်ခံ အဖွဲ့အစည်းမရှိတဲ့အတွက် သူတို့ဂေဟာလေး ရေရှည်ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတွေက များပါတယ်။

တစ်လကို စားစရိတ် သိန်း(၃၀)လောက်ကုန်ကျပြီး တခြား မီတာခတို့ အထွေထွေ အသုံးစရိတ်တို့ကိုပါ ထပ်ပေါင်းရင် အနည်းဆုံး(၃၅)သိန်းလောက် ကုန်ကျတယ်လို့ သူကပြောပါတယ်။

သူတို့ကို လစဉ်ပုံမှန် ထောက်ပံ့နေတဲ့ အလှူရှင်တွေရှိသလို ရံဖန်ရံခါထောက်ပံ့တဲ့ သူတွေလည်းရှိပြီးတော့ အဲဒီအလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေနဲ့ပဲ ဒီဂေဟာကို လည်ပတ်နေရတာလို့ နော်မဲလ်စေက ပြောပါတယ်။

စိန်ခေါ်မှုတွေ အများကြီးထဲက သူ့အတွက်အကြီးမားဆုံး အခက်အခဲကတော့ မြေနေရာ အပိုင်မရှိတာပါ။ လက်ရှိနေရာက သူများ‌မြေကို ငှားပြီး အိမ်ဆောက်ထားတာဖြစ်ပါတယ်။

နော်မဲလ်စေကတော့ ဒီမြေနေရာကို အပိုင် ဝယ်နိုင်ပြီး သူရဲ့ကလေးငယ်လေးတွေကို ရှေည် ပြုစု ပျိုးထောင်ခွင့်ရဖို့စိတ်အားထက်သန်နေပါတယ်။

Author:

Related Articles