Tag Archive for: Civil Disobedience Movement

စစ်ဗျူရိုကရေစီယန္တယားထဲက ရုန်းထွက်ပုန်ကန်သူ

ဘာအာဏာမှမရှိဘဲ ကိုယ့်ရဲ့စီရင်ပိုင်ခွင့်၊ ကိုယ့်ရဲ့ ဆင်ခြင်တုံတရား၊ ဘာမှအသုံးချပိုင်ခွင့်မရှိဘဲနဲ့ စစ် ကောင်စီအလိုကျ အပြစ်မရှိတဲ့သူတွေအကုန်လုံးကို ဥပဒေနဲ့မညီတဲ့ မတရားပြစ်ဒဏ်တွေချဖို့အတွက် အမိန့်ပေးတာကို ရုပ်သေးရုပ်တွေအဖြစ်နဲ့ စစ်ဗျူရိုကရေစီယန္တယားထဲမှာ ပါဝင်နေရတာမျိုးကို လုံးဝ သဘောမကျဘူး

အိုးဘိုထောင်မှာ CDM ကျောင်းဆရာမတစ်ဦး အချိန်မီ ဆေးကုသခွင့်မရလို့သေဆုံး

နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မီ ဆေးဝါး ကုသခွင့်မရတာကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ မေလ ၇ ရက်မှာ ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ယနေ့ ဇွန် ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။

ဂုဏ်သိက္ခာရှိတဲ့ တရားသူကြီးဖြစ်ချင်သူ  မြို့နယ်တရားသူကြီး ဒေါ်သဉ္ဇာမြ

၂၀၂၁ခုနှစ်စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနောက်ပိုင်း CDM ပြုလုပ်ကြတဲ့အထဲ တရားရေးဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အချို့ကအလုပ်ပြန်ဝင်နေကြသလို အချို့ကတော့ စစ်ကောင်စီအလိုကျ မတရားတဲ့အမိန့် တွေချမှတ်နေဆဲပါပဲ။ ဒါကြောင့် CDM လုပ်ကြတဲ့ ဝန်ထမ်းအနည်းဆုံးဟာ တရားရေးဌာနလို့ ဆိုကြပါတယ်။

မတရားမှုကိုလုံးဝလက်မခံတဲ့ CDM အမျိုးသမီးတရားသူကြီး  ဒေါ်သဥ္ဇာမြ  

မဲဆောက်ရောက်တဲ့အခါ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ မဲဆောက် ရောက်တဲ့အခါမှာလည်း ပြည်တွင်းက CDM တွေအတွက်အပိုငွေထွက်အောင် အတက်နိုင်ဆုံးချွေ တာ နေထိုင်ခဲ့ပါတယ်။CDM တွေအတွက်အပိုဝင်ငွေထွက်အောင် MOJ ကငှားပေးတဲ့အိမ်အကောင်းမှာမနေပဲ ဈေး သက်သာတဲ့အိမ်မှာပြောင်းနေတာ၊ ခရီးစရိတ်မယူတာမျိုးတွေပါ။

စစ်မှုထမ်းဥပဒေကြောင့် ကျောင်းပြန်အပ်ဖို့ဖိအားဖြစ်နေကြတဲ့ CDM တက္ကသိုလ်ကျောင်းသူ/သားများ

အာဏာသိမ်းပြီးတည်းက သုံးနှစ်လုံး CDM လုပ်ခဲ့ပြီးမှ ကျောင်းပြန်တက်တဲ့အခါ သူလုပ်ဆောင်ခဲ့တာတွေက အလကားဖြစ်သွားမလား စိုးရိမ်မိပေမယ့် ကျောင်းမတက်ရင်လည်း စစ်မှုထမ်ဥပဒေကြောင့် စဉ်းစားရကြပ်တဲ့အနေအထားဖြစ်နေတာပါ။

မတွန့်မဆုတ်စတမ်း သုံးနှစ်ပြည့် CDM ခရီးကြမ်း

“ မြန်မာပြည်ပြန်ကောင်းရင်း ပြန်ဝင်မယ်။ ဘဝတလျှောက်လုံး ဝန်ထမ်းဘဝနဲ့ အေးအေးလူလူအလုပ်လုပ်ခဲ့ပြီး တခြား ပြင်ပ ဘဝတွေကို မမြင်တတ်ခဲ့ဘူး။ အခုမှတွေ့မိပြီးနောင်တရတယ်။ ကလေးသူငယ်နဲ့အမျိုးသမီးရေးကိစ္စ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ ပါချင်တယ်။ အရင်ကထက် ပိုကြိုးစားမယ်။”

စစ်တပ်တွင်း ဘာသာရေးဖိနှိပ်မှုတွေကြားက ရုန်းထွက်နိုင်ခဲ့သူ မူဆလင်ဇနီးသည်

“ဘုရားချင်းအတူတူတောင် ကျမဘာသာအရ ဘုရားရှိခိုးခွင့်မပေးဘူး။ သူတို့က လိုင်းခန်းတွေလည်း ဝင်စစ်တတ်တယ်လေ။ ဗုဒ္ဓဘာသာကိုယူထားပြီးတော့ မွတ်စလင်လိုနေတာကို သူတို့လက်မခံဘူး။ သူတို့နားလည်မပေးတာကို စိတ်နာတယ်။”