Home သတင်း LGBTQ+ တို့ရဲ့ လူမှုဘဝ ဇာတ်ကြောင်းများ တင်ဆက်ပြသနေတဲ့ “Pride in Pixel” ဓာတ်ပုံပြပွဲ

LGBTQ+ တို့ရဲ့ လူမှုဘဝ ဇာတ်ကြောင်းများ တင်ဆက်ပြသနေတဲ့ “Pride in Pixel” ဓာတ်ပုံပြပွဲ

ဆမ်

“Pride in Pixel” ဓာတ်ပုံပြပွဲကို ဇူလိုင် ၆ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Some Space Gallery မှာ ကျင်းပလျှက်ရှိပါတယ်။

အဆိုပါဓာတ်ပုံပြပွဲဟာ ဓာတ်ပုံတစ်ပုံ၏အသေးဆုံး အစိတ်အပိုင်းဖြစ်သည့် Pixel လေးများ ပေါင်းစပ်လာပြီး  LGBTQ တို့ရဲ့ Pride ကို ပုံဖော်ပေးနိုင်မှုအနေနဲ့ အရောင်အသွေး စုံလင်တဲ့ LGBTQ+ လူမှုရပ်ဝန်းတွင်း ကဇာတ် ကြောင်းများ ၊ မတူကွဲပြားမှုများ နဲ့ အတွေ့အကြုံများကို ထွေးပွေ့ရင်း Pride Month ကာလကို ဆင်နွှဲနိုင်ဖို့ရာ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။

ပြိုင်ပွဲအတွင်း “အကျိုးပြုလှုပ်ရှား သက်တံ့ရောင်စုံများ” မိုဘိုင်း ဓာတ်ပုံပြိုင်ပွဲရဲ့ ဆုရရှိသူများအပြင် အခြားသော ဝါသနာရှင်များရဲ့ လက်ရာမွန်များလည်း တင်ဆက်ပြသထားတယ်လို့ဆိုပါတယ်။

အဆိုပါ ပြိုင်ပွဲတွင်တင်သွင်းယှဉ်ပြိုင်သူ ၈၈ ဦးထဲက ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ People’s Choice Award (၂) ဆု နဲ့ Merit Award (၂)ဆု ၊ စုစုပေါင်း ဆု (၇)ဆု ချီးမြှင့်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံပြပွဲ ကို Yin Kone Than – ရင်ခုန်သံ က တင်ဆက်ထားပြီး ပွဲဖြစ်မြောက်လာရေးအတွက် ထိုင်းနိုင်ငံ အခြေစိုက် LGBTQ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ The LinQ Foundation က ကူညီအားဖြည့်ပံ့ပိုး ပေးထားပါတယ်။

ဓာတ်ပုံ – Honest Information, The LinQ Foundation

Author:

Related Articles