Home သတင်း ရခိုင်ကစစ်ရှောင်အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုလိုအပ်နေ

ရခိုင်ကစစ်ရှောင်အမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုလိုအပ်နေ

မောင်ကံ

တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ ရခိုင်မှာ မိသားစုဝင်တွေရဲ့ အသက်သေဆုံးမှု၊ အိုးအိမ်ပျက်စီးဆုံးရှုံးမှု၊ စီးပွါးဥစ္စာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒေသခံအမျိုးသမီးတွေ စိတ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးမှုတွေလုပ် ဆောင်ဖို့ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတွေကဆိုပါတယ်။

မြို့သိမ်းတိုက်ပွဲတွေကြောင့် မိမိတို့ရဲ့အိုးအိမ်တွေကို စွန့်ခွါရတာ၊ အိုးအိမ်ပျက်စီးဆုံးရှုံးတာ၊ မိသားစုဝင်တွေ ထိ ခိုက်သေဆုံးရတာတွေနဲ့အလုပ်လက်မဲ့တွေဖြစ်ပွားနေတဲ့အတွက် ဒေသခံအမျိုးသမီးအများစုမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

“အစားအသောက်အနေအထိုင်တွေ အဆင်မပြေသလိုအနာဂတ်တွေက ဘာမှန်းမသိဖြစ်နေတယ်။ အကုန်လုံးက စိတ်ဓာတ်ကျနေကြတယ်။ အလုပ်မရှိ ဝင်ငွေမရှိဖြစ်ပြီး စားဝတ်နေရေးပိုပြီး ကြပ်တည်းနေတယ်”လို့ စစ်ရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် ရခိုင်မှာ လူဦးရေ ၅၇၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အဲဒီထဲက ၄၁၀,၀၀၀ ကျော်ဟာ အမျိုးသမီး တွေဖြစ် တယ်လို့ ရက္ခိုင်အမျိုူသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးရုံး(HDCO)က မေလ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်မှာ စစ်ဘေးရှောင်ဦးရေများနေပေမယ့် အကူညီပေးရေးအဖွဲ့အစည်းတွေ အင်မတန်နည်းနေပြီး ရခိုင်အခြေ စိုက် အမျိုးသမီးအရေးဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုလည်း မရှိတော့ဘူးလို့ ဆိုပါတယ်။

“စိတ်ဓာတ်ကျနေတဲ့ အမျိုးသမီးတွေကို စိတ်ခွန်အားတွေပေးဖို့ လိုအပ်နေတယ်။ အမျိုးသမီးကြီးတွေထက်အ မျိုးသမီးငယ်တွေက သူတို့ရဲ့ မရေရာတဲ့ အနာဂတ်အတွက် စိတ်ဓာတ်ကျဆင်းမှုတွေရှိနေတယ်”လို့ တနိုင်တပိုင် အကူညီပေးမှုတွေလုပ်နေသူတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ UN (ယူအင်န်)အပါအဝင် နိုင်ငံတကာလူမှုကူညီရေးအဖွဲ့တွေရဲ့ အကူညီပေးမှုတွေလည်း ရပ်တန့်နေတာ ငါးလကျော်ရှိနေပြီဖြစ်ပါတယ်။

Author:

Related Articles