Home သတင်း “ရုန်းမထွက်သာ အစဉ်အလာ”လူထုအသိပညာပေးဖျော်ဖြေပွဲ

“ရုန်းမထွက်သာ အစဉ်အလာ”လူထုအသိပညာပေးဖျော်ဖြေပွဲ

3rdprice

ရုန်းမထွက်သာ အစဉ်အလာ

ကချင်မလေး၊ ရန်ကုန်

၂၇၊ ဇွန်၊ ၂၀၁၅

မြန်မာနိုင်ငံတိုင်းရင်းသားဒေသများအပါအဝင် ဒေသအသီးသီးရှိ အမျိုးသမီးများနှင့် အမျိုးသားများအပေါ်တွင် သက်ရောက်လျက်ရှိသော လက်ရှိကျင့်သုံးနေသည့် လူမှုစံနှုန်းများ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ပတ်သက်၍ ကျား၊ မ ရေးရာကွန်ရက်မှ “ရုန်းမထွက်သာ အစဉ်အလာ” အမည်ဖြင့် သုတေသနစာတမ်း လူထုအသိပညာပေး ဖျော်ဖြေပွဲကို ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက် ( Gender Equality Network) မှ ဇွန်လ ၂၇ ရက်နေ့ ဒကုန်စင်တာ၊ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။

ယနေ့ပြုလုပ်ရသော “ရုန်းမထွက်သာ အစဉ်အလာ” လူထုအသိပညာပေးဖျော်ဖြေပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို မြန်မာနိုင်ငံမှာ ကျား၊ ရေးရာတန်းတူညီမျှမှုအတွက် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ အဟန့်အတားဖြစ်စေတဲ့ အချက်အလက်တွေရှိတယ် အဲတာတွေကို၊ လူထုတွေကြားထဲမှာ အစ်မတို့ သုတေသနပြုထားတဲ့အချက်တွေကို ချပြချင်လို့ဟု GEN ၏ အဖွဲ့ဝင် ဖြစ်သော ပျိုးပင်မှ မစုစုငယ်က ပြောပါသည်။

အစီရင်ခံစာပါ အချက်အလက်များကို ၂၀၁၄ ခုနှစ်တွင် စတင်ကောက်ယူပြုလုပ်ခဲ့ပြီး၊ ယင်းအစီရင်ခံစာကို အစ်မတို့ စဉ်းစားထားတာကတော့ စက်တင်ဘာလလောက် အချောထွက်နိုင်မယ် လို့ သူမကပြောပါသည်။

questionanwering

အမေးအဖြေ ပြုလုပ်နေစဉ်

“ရုန်းမထွက်သာ အစဉ်အလာ” သုတေသနမှ လေ့လာတွေ့ရှိမှုများကို ဓါတ်ပုံပညာဖြင့် ရိုက်ကူးပုံဖော်နိုင်ရန်အတွက် ဓါတ်ပုံပြိုင်ပွဲတခုအား ယခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့ရာ မရီတာခင် (ပထမဆု)၊ မမြတ်သန္တာဦး(ဒုတိယဆု)၊ ဆိုင်းမိုင် (တတိယဆု)တို့နှင့် အခြား နှစ်သိမ့်ဆု၊ အထူးဆုတို့ကို လည်း ဆုပေးချီးမြှင့်ခဲ့ကြပြီး ဆုရရှိသောဓါတ်ပုံပြများကိုလည်း ပြသခဲ့သည်။

စိတ်ဝင်စားဖွယ်အမေးအဖြေကဏ္ဍများကို သရုပ်ဆောင်မင်းသမီး ဒေါက်တာချစ်သုဝေနှင့် သရုပ်ဆောင်မင်းသာ နေရန်တို့ကမေးပြီး ပရိသတ်များမှ ဖြေဆိုသည့် အစီစဉ်များ၊ ကျား၊ မတန်းတူရေး ပြဇာတ်များ၊ အကများဖြင့်လည်း တင်ဆက်ကျင်းပခဲ့သည့်အပြင် “ Put Yourself in Her Shoes” ဆိုသည့် အမျိုးသားများအနေဖြင့် အမျိုးသမီးများနှင့်အတူ ကိုယ်ချင်းစာ မျှဝေခံစားစေလိုသည့် အနေဖြင့် အမျိုးသမီးနေ့တဓူ၀ မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်း နှင့် ပတ်ဝန်းကျင်တွေ ရင်ဆိုင်နေရသော မတူညီသောစိန်ခေါ်မှုများ၊ အခက်အခဲပေါင်းများစွာကို အတွေးအခေါ် ကျဉ်းမြောင်းသော အမျိုးများနှင့် လွဲမှားသော ယဉ်ကျေးမှုစံနှုန်းများကြောင့် ခွဲခြားဆက်ဆံမှုများ၊ အနိုင်ကျင့်မှုများကို အမျိုးသားများသည် ဒေါက်ဖိနပ်များစီးပြသည့် လှုပ်ရှားမှုကိုလည်း ပြသဖျော်ဖြေခဲ့သည်။

thepeoplejointhecampaignယနေ့ပြုလုပ်သော အခန်းအနားကို ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်(GEN) နှင့်အတူ ကွန်ယက်အဖွဲ့ဝင်များဖြစ်ကြသည့် ပျိုးပင်၊ Norwegian people aid, Oxfam, Trocaire, CARE, PSI, Ipas, Action Aid, Kings N Queens, Student Christian Movement, မြန်မာနိုင်ငံ မသန်စွမ်းအမျိုးသမီးများအသင်းတို့ ဦးဆောင်ကျင်းပခဲ့သည်။

အခန်းအနားသို့ အမျိုးသမီးသံတမန်များဖြစ်ကြသော ဒေါက်တာချစ်သုဝေ၊ တေးသံရှင် ရေဗက္ကာဝင်းတို့နှင့် အတူ လူရွှင်တောပန်းသီး၊ သရုပ်ဆောင် မင်းသာနေရန်၊ ဟာသသရုပ်ဆောင် အောင်ဇော်လင်း (သို့) ဇော်ဇော်အောင်၊ သရုပ်ဆောင် မင်းသမီး ခင်ဇာခြည်ကျော်တို့လည်း ပါဝင်ခဲ့ကြသည်။

အမျိုးသမီးနှင့် အမျိုးသားများအကြား အကျိုးအကြောင်းမဲ့ ခွဲခြားကန့်သတ်ရာရောက်သည့် လူမှုဓလေ့ထုံးစံ အစဉ်အလာများမှ ရုန်းထွက်နိုင်ဖို့ ကြိုးစားကြပါစို့ဆိုသည့် ဆောင်ပုဒ်ဖြင့် လည်းထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းထာကို တွေ့ရသည်။

Related Articles