Home သတင်း စစ်ကောင်စီကြောင့် ၆ လအတွင်းအသက် ၁၈ နှစ်အောက် မိန်းကလေး ၅၃ ဦးသေဆုံး

စစ်ကောင်စီကြောင့် ၆ လအတွင်းအသက် ၁၈ နှစ်အောက် မိန်းကလေး ၅၃ ဦးသေဆုံး

◾မောင်ကံ

အကြမ်းဖက်စစ်အုပ်စုကြောင့် ၆ လအတွင်း အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် ၅၃ ဦး သေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ဇူလိုင်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီလို သေဆုံးခဲ့တဲ့အရေအတွက်ဟာ အခုနှစ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့ထိ ဖြစ်ပြီး အသက် ၁၈ နှစ်အောက်ယောက်ျားလေး ၉၄ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သေဆုံးခဲ့တဲ့သူတွေထဲမှာ စစ်‌ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ စစ်ကိုင်းတိုင်းကဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးရတဲ့အကြောင်းအရင်းက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်မှုကြောင့် အများဆုံးဖြစ် တယ်လို့ AAPP က ဆိုပါတယ်။

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဟာ တိုက်ပွဲနဲ့ သက်ဆိုင်တဲ့နေရာတွေအပြင် တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ နေရာတွေကိုပါ လေကြောင်းနဲ့တိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေပြီး အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေသေဆုံး၊ထိခိုက်ဒဏ်ရာရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။

Author:

Related Articles