Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၃ ရက်မှ ၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

မင်းတုန်းမှာ အမျိုးသမီးတွေအပါအဝင် ပြည်သူ ၃၀ နီးပါး ပေါ်တာဆွဲခံရ

မကွေးတိုင်း၊ မင်းတုန်းမြို့ပေါ်နဲ့ ကျေးရွာတချို့မှာ စစ်ကောင်စီက ပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးကာ ပေါ် တာဆွဲနေ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၄ ရက် နံနက်ပိုင်းမှာ ပုသိမ်-မုံရွာလမ်းမပေါ်မှာရှိတဲ့ မင်းတုန်း ၅ မိုင်ဂိတ်၊ အမှတ်၁ ရပ်ကွက်၊ အမှတ်၂ ရပ် ကွက်၊ မဲဇလီရွာ၊ အင်းလည်ကုန်း၊ တောင်မြင့်စတဲ့ ရွာတွေမှာမတရား ဖမ်းဆီးမှုတွေ လုပ်နေတာဖြစ်ပါတယ်။

“ဂိတ်တွေကနေလည်း စောင့်ဖမ်းတယ်၊ ရွာတွေထဲ ဝင်ဖမ်းတာတွေလည်း ရှိတယ်၊ သူတို့ဆွဲတဲ့ချိန် ရွာသူရွာ သား တွေ ပုန်းရှောင်နေရတဲ့အဆင့်ထိ ရောက်တယ်၊ ပေါ်တာဆွဲတဲ့အနေထားက တော်တော်ဆိုးပါတယ်၊ မြို့ပေါ် ရပ် ကွက်က အယောက် ၃၀ လောက်ပါတယ်၊ အမျိုးသမီးတွေကိုပါ ဆွဲတာ။” လို့ မင်းတုန်းဒေသခံ အမျိုးသား တဦးက ပြောပါတယ်။

ဇွန် ၄ ရက်နေ့ တရက်အတွင်း မင်းတုန်းမြို့ပေါ်နဲ့ ကျေးရွာတွေကနေ အသက် ၁၈ ကနေ ၃၀ ဝန်းကျင်အတွင်း အမျိုးသား၊ အမျိုးသမီး ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

သံတွဲမြို့မှာ စစ်တပ်ဗုံးကြဲမှုကြောင့် ဆင်ခေါင်းရွာမှ အမျိုးသမီး ၂ ဦးသေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နဲ့ ၇ မိုင်လောက်ဝေးတဲ့ ဆင်ခေါင်းရွာမှာ တိုက်ပွဲ မရှိပေမယ့် စစ်တပ်က နှစ်ရက် ဆက် ဗုံးကြဲတာကြောင့် ကလေးမိခင် အသက် ၂၇ နှစ်အရွယ်အမျိုးသမီးနဲ့ ကျောင်းဆရာမတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့မိခင်တဦးမှာ အသက် ၁ နှစ်ခွဲ နို့စို့အရွယ်ကလေးတစ်ယောက်နဲ့ အသက် ၄ နှစ်အရွယ် ကလေးတို့ ကျန်နေခဲ့တာဖြစ်ပါတယ်။

အဒီကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် လူအသေအပျောက်များနိုင်တယ်လို့ သိထားကြပေမယ့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် အထိခိုက် ဘယ်လောက်ရှိတယ်ဆိုတာကို မသိ ကြရပါဘူး။

သံတွဲမြို့နယ်မှာ ဇွန်လဆန်းပိုင်းကစလို့ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲတွေဆက်ပြီး ပြင်း ထန်နေတာပါ။ စစ်တပ်ကလည်း သံတွဲလေဆိပ်နားမှာ အထိုင်ချထားလို့ လကြောင်းလိုင်းတွေလည်း ခဏ ရပ် နားထားရပါတယ်။

Source – BBC

ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းကြောင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းပေါက်ကွဲလို့ ဇွန်လ ၆ ရက်နေ့က အမျိုးသမီးတဦး ထိခိုက် ဒဏ် ရာရခဲ့ပါတယ်။ မြကန်သာရပ်ကွက်မှာ မိုင်းပေါက်ကွဲခဲ့ပြီး နေရပ်ပြန်လာတဲ့ အသက် ၇၀ ဝန်းကျင် အမျိုးသမီး ခြေထောက်ပြတ်သွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

မေလမှ ဇွန်လဆန်းပိုင်းအထိ ဆီဆိုင်မြို့မှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ပေါက်ကွဲမှုကြောင့် အမျိုးသားတဦးသေ ဆုံးခဲ့ပြီး ကလေးငယ်သုံးဦးအပါအဝင် အနည်းဆုံး ခြောက်ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်မှာ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က သိမ်း ယူထားပြီး မတ်လမှာတော့ စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်(PNO)တပ်ဖွဲ့တွေက ပြန်လည်သိမ်းယူခဲ့တာပါ။

လက်ရှိ ဆီဆိုင်မြို့ပေါ်မှာ တိုက်ပွဲတွေငြိမ်နေလို့ ဒေသခံတွေ နေရပ်ပြန်လာနေကြပေမဲ့ မြေမြှုပ်မိုင်းကြောင့် မကြာခဏ ထိခိုက်၊ သေဆုံးမှုတွေ ဖြစ်နေပါတယ်။

Source – RFA

ကျောက်ကြီးမှာ လက်နက်ကြီးထိလို့ မိခင်သေဆုံးပြီး သမီးဖြစ်သူဒဏ်ရာပြင်းထန်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တောင်ခင်ရွာမှာ စစ်တပ်ပစ်တဲ့လက်နက်ကြီးထိလို့ မိခင်ဖြစ်သူ သေ ဆုံးပြီး သမီးဖြစ်သူဒဏ်ရာပြင်းထန်ရတယ်လို့ ကရင့်အမျိုးသားအစည်းအရုံး-KNU က ဇွန် ၂ ရက်မှာသတင်း ထုတ်ပြန်ပါတယ်။

မေလ ၃၁ ရက် ညပိုင်းမှာ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီခလရ ၂၆၄ တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ် ခတ်ခဲ့ရာ တောင်ခင်းကျေးရွာ လူနေအိမ်ပေါ် ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီးသေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်တပ်ပစ်တဲ့ လက်နက်ကြီးဗုံးစထိမှန်လို့  ဒေါ်ပန်းနုမွန် ၃၆ နှစ်မှာ နေရာမှာသေဆုံးသွားပြီး သမီးဖြစ်သူ မမိုး ဟေမန် ၇ နှစ်မှာ ခန္ဓာကိုယ်နဲ့ပေါင်မှာ လက်နက်ကြီးအစမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကာ ဒေါ်ပန်းနုမွန်ရဲ့ နေအိမ် လည်း ပျက်စီးသွားခဲ့ပါ တယ်။

Source – မြေလတ်အသံ

တစ်လကျော်အတွင်း အမျိုးသမီး ၅ ဦးအပါအဝင် ကလေးငယ်စုစုပေါင်း ၂၄ ဦး သေဆုံး

စစ်တပ်တိုက်ခိုက်မှုကြောင့် မေလ ၁ ရက်မှ ဇွန်လ ၆ ရက်အထိ အသက် ၁၈ နှစ်အောက် အမျိုးသမီး ၅ ဦး အပါအဝင် ကလေးငယ်စုစုပေါင်း၂၄ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (AAPP) က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲမှာ မိန်းကလေး ငါးဦးနဲ့ ယောကျာ်းလေး ၁၉ ဦး ပါဝင်ပြီး ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသူ ကိုးဦးပါဝင်နေတာဖြစ်ပါတယ်။ သေဆုံးသူတွေဟာ ရခိုင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က အများဆုံးဖြစ်ပါ တယ်။

ဒီစာရင်းမှာ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မတောကျေးရွာက မင်္ဂလာဆောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေ ဆုံးခဲ့တဲ့ ကလေးအရေအတွက် အတိအက မသိရသေးတဲ့အတွက် မထည့်သွင်းထားဘူးလို့ AAPP က ဆိုပါတယ်

Source – RFA

မေလအတွင်း နိုင်ငံတဝန်းမှာ အမျိုးသမီး ၇၀ ခန့် သေဆုံးဒဏ်ရာရ

မြန်မာနိုင်ငံတဝှမ်း စစ်တပ်ရဲ့နည်းမျိုးစုံတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် မေလ ၁ ရက်မှ ၂၇ ရက်ထိ အမျိုးသမီး ၄၁ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)မှ ထုတ်ပြန်ထားပါ တယ်။

ဒီထိခိုက်သေဆုံးမှုမှာ လေကြောင်းဗုံးကြဲမှု၊ သတ်ဖြတ်ခံရမှု၊ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြှုပ်မိုင်းပေါက်ကွဲမှု၊ ဗုံးပေါက်ကွဲမှု အပြင် မုဒိမ်းပြုကျင့်ခံရမှုတို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

BWU စာရင်းပြုစုချက်အရ တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် စစ်ကိုင်းတိုင်းမှ (၉)ဦး၊ မကွေးတိုင်းမှ (၈) ဦးနဲ့ ရခိုင် ပြည်နယ်မှ (၇)ဦးနဲ့ အမျိုးသမီးအသက်ဆုံးရှုံးမှု အများဆုံးဒေသတွေဖြစ်ပါတယ်။

စစ်ရေးပဋိပက္ခဒဏ်သင့်ဒေသတွေမှာ အမျိုးသမီးတွေဟာ စစ်ပွဲရဲ့အကျိုးဆက်ဒဏ်ကို အများဆုံးခံစားကြရပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးကင်းမဲ့ကာ ကျန်းမာရေး၊ နေထိုင်ရေးကအစ စိန်ခေါ်မှုရှိနေတာပါ။

စစ်ရေးအရှိန်မြင့်တက်နေသည့် ရခိုင်ဒေသတွင်လည်း အရပ်သားသေဆုံးဒဏ်ရာရရှိမှု လစဉ်မြင့်တက်လာနေပြီး ဒီထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

Source – DMG

ဆိုင်ကယ်လုခံရတဲ့ မူဆယ်က အမျိုးသမီး ၂ ဦး သေနတ်နဲ့ပါ ပစ်ခတ်ခံရ

ရှမ်းမြောက် မူဆယ်မြို့မှာ ဇွန်လ ၃ ရက် ည ၉ နာရီဝန်းကျင်က ထမင်းဆိုင်မှပြန်လာတဲ့အမျိုးသမီး ၂ ဦးကို ဓားပြတိုက်ခံရပြီး သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

မူဆယ်မြို့ ရွှေသမင်ကုန်းအဆင်း ဒစ်ဂျစ်တယ် သွားဆေးခန်းအနီးမှာ ဆိုင်ကယ်မောင်းလာတဲ့ အသက် ၂၄ နှစ် အရွယ် မရှင်မင်းအိမ်နဲ့ အသက် ၁၃ နှစ်အရွယ် မမြဖူးငုံကို ကားနဲ့ အမျိုးသား ၄ ဦးက သေနတ်နဲ့ချိန်ပြီး ဆိုင် ကယ် ကို ရပ်ခိုင်းခဲ့ပါတယ်။

ဆိုင်ကယ်ရပ်လိုက်တာနဲ့ အမျိုးသားတွေက ဆင်းလာပြီး အမျိုးသမီးတွေရဲ့followme အမျိုးအစားထဲက ဆိုင် ကယ် ၁ စီးနဲ့ realme လက်ကိုင်ဖုန်း ၁ လုံးယူကာ သေနတ်နဲ့ပစ်ခတ်သွားခဲ့တာဖြစ်ပါတယ်။

ဒီပစ်ခတ်မှုကြောင့် ကြီးကြီးမားမား ထိခိုက်သွားမရှိပေမယ့် အဲဒီအမျိုးသမီး ၂ ဦးရဲ့ ပေါင်နဲ့ လက်တွေမှာတော့ သေနတ်ယမ်းတွေ စင်သွားတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာလည်း တရုတ်အမျိုးသားဖြစ်တဲ့ ဦးဝူသီခါဆိုသူကို Crown ကားအဖြူ‌ရောင်နဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ပြန်ပေးဆွဲသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့လည်း ၁၅ ဖွဲ့ထက်မနည်းရှိတဲ့ အ ပြင် တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA၊ ကချင်တပ် KIA၊ ရှမ်းတပ် SSPP စတဲ့လက်နက်ကိုင် ပေါင်းစုံ သွားလာ လှုပ်ရှားတဲ့ နယ်မြေဖြစ်ပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါများသလို့ အဖွဲ့တိုင်းကိုလည်း အခွန်ပေးဆောင်နေရပြီး ဓားပြတိုက်မှု၊ ပြန် ပေးဆွဲမှု၊ ခိုးမှုနဲ့ လုယက်မှုတွေက မကြာခဏ ဖြစ်ပွားနေတဲ့အပေါ် ဘယ်အဖွဲ့ကမှ ထိထိရောက်ရောက် အရေးယူ ပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Source – ရွှေဖီမြေ

ထားဝယ် မူလတန်းကျောင်း ပေါက်ကွဲမှုမှာ ကျောင်းသူ ၁၅ ဦးအပါအဝင် ၂၇ ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ မူလတန်းကျောင်းမှာ ပေါက်ကွဲမှုမှာ ကလေး ၁ ဦး သေဆုံးပြီး ကျောင်းသူ ၁၅ ဦး အပါအဝင် စုစုပေါင်း ၂၇ ဦးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၄ ရက်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွား ခြင်းကြောင့် အသက် ၉ နှစ်အရွယ် ကျောင်းသားတစ်ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့တာပါ။

သေးဆုံးကလေးငယ်မှာ မောင်ထက်မြက်အောင်ဖြစ်ပြီး ဒဏ်ရာရသူမှာ ကျောင်းသူ ၁၅ ယောက်၊ ကျောင်းသား ၁၁ ယောက်နဲ့ ကျောင်းသားမိခင်တစ်ဦးတို့ ဖြစ်ပါတယ်။

အဆိုပါကျောင်းပရဝဏ်အတွင်း တွေ့ရတဲ့ဗုံးသီးတစ်လုံးကို ကလေးတွေ ကိုင်တွယ်နေစဉ် ပေါက်ကွဲခဲ့တာဖြစ် တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အိမ်ရှေ့ပြင် မူလတန်းကျောင်းအနီး စစ်တပ်စစ်ဆေးရေးဂိတ်တစ်ခုရှိပြီး ဒီဂိတ်ကို တော်လှန်ရေးအင်အားစုက တိုက်ခိုက်တတ်ပါတယ်။

Source – Myanmar Now

မြိုင်နဲ့ ပခုက္ကူအစပ်က ကျေးရွာကို လေယာဉ်ဗုံးကြဲလို့ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၃ ဦးသေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူနယ်အစပ်မှာရှိတဲ့ ကံမြင့်ကုန်းရွာကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၄ ရက် ဒီကနေ့ မနက် ၉နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကျေးရွာဘုန်းကြီးကျောင်းအနီးက နေအိမ် ၂ လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်ဝန်းကျင် ယောက်ျားလေး ၁ ဦးနဲ့ အသက် ၆၀ ကျော် အဖွား ၁ ဦး ၊ အမျိုး သမီး ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပါတယ်။

သေဆုံးသူတွေကို သင်္ဂြိုဟ်ဖို့ပြုလုပ်နေစဉ်မှာလည်း ကံတော်ရွာကနေ ကံမြင့်ကုန်းသုဿန်ဘက်ကို လက်နက် ကြီးတွေ နဲ့ ပစ်ခတ်လို့ သုဿန်အနီးကို လက်နက်ကြီးဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။

Source – မြေလတ်အသံ

ထိုင်းမှာ တရားမဝင်နေထိုင်လို့ ဖမ်းဆီးခံရသူ ၈၀၀ ကျော်ထဲမှာ အမျိုးသမီးတွေလည်းပါဝင်

ရဲ၊လဝကလို အဖွဲ့စုံပါတဲ့ ထိုင်းအာဏာပိုင်တွေက ထိုင်းနိုင်ငံအတွင်း ခရိုင် ၁၄ ခုက နေအိမ်တွေနဲ့ လုပ်ငန်းခွင် တွေကို ဝင်ရောက်စစ်ဆေးခဲ့တာကြောင့် ရက်သတ္တပတ်အတွင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသား ၈၂၁ ဦးဖမ်းဆီး ခံခဲ့ရတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်သူတချို့ကပြောပါတယ်။

ထိုင်းအခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ဥက္ကဋ္ဌဦးမိုးကြိုးကတော့ အခုလို ရာနဲ့ချီတဲ့ အရေအတွက်ကို မေလနောက်ဆုံးပတ်နဲ့ ဇွန်လ ပထမ ၂ရက်အတွင်း ဖမ်းခဲ့တာလို့ဆိုပါတယ်။

ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးမူဝါဒအရ လူကုန်ကူးမှုတိုက်ဖျက်ရေး နဲ့ တရားမဝင် အလုပ်သမားတား ဆီးနှိမ် နင်းရေးစီမံချက် နဲ့ တစ်နှစ်ကိုနှစ်ကြိမ် ဖမ်းဆီးနေတာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးတာကို ဘန်ကောက်၊ချင်းမိုင် ၊ချင်းရိုင်နဲ့မဲဆောက်တို့မှာရှိတဲ့ ခရိုင်၁၄ခုမှာ ဖမ်းဆီးနေတာပါ။

Source – BBC

နွားထိုးကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်း (အရှေ့) ရွာမှာ ဇွန်လ ၆ ရက် မနက်ပိုင်းက လေကြောင်း တိုက် ခိုက်မှုကြောင့် အမျိုးသမီး နှစ်ဦးအပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခံစပ်ကုန်း (အရှေ့) ရွာ ဘုန်းကြီးကျောင်းမှာ သံဃာတော်တွေ ဆွမ်းစားဖို့ ပြင်နေချိန် မနက် ၁၁ နာရီဝန်းကျင်မှာ ဗုံးကြဲခံရတာပါ။ ဒီတိုက်ခိုက်မှုကြောင့် ရဟန်းနှစ်ပါး ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်းအနီး နေအိမ်က အမျိုး သမီးနှစ်ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ ခံစပ်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ကျော်ရှိ တဲ့ ခံစပ်ကုန်းရွာပါအဝင် ကျေးရွာ ၁၀ ရွာနီးပါးမှ ဒေသခံ ၅၀၀၀ နီးပါးထွက်ပြေး တိမ်းရှောင်နေရ ပါတယ်။

Source – RFA

ကလိန်အောင် မိကျောင်းလှောင်ရွာတွင် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိ၍ ဒဏ်ရာရ

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီး ရှိ မိကျောင်းလှောင်ရွာတွင် ဇွန်လ ၇ ရက် ညက လက်နက်ကြီး ကျည်ဆန် ထိမှန်ပြီး အသက် ၄၀ ကျော်အရွယ် မသန်းဆင့်ဟာ ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

” ညက လက်နက်ကြီးအသံလေးချက်ကြားတယ်၊ မိကျောင်းလှောင်မှာ နေအိမ်၂လုံးကြားထဲကျပြီး မိန်းမကြီး တယောက် အစစင်သွားတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

မသန်းဆင့်၏ ဝမ်းဗိုက်တွင် ကျည်ဆန်ထိမှန်ဒဏ်ရာရခဲ့ပြီး ကလိန်အောင်တံတားဂိတ်နှင့် ကံပေါက်ဂန့်ဂေါ်တောင် ဂိတ် တို့ ညပိုင်းပိတ်ထားခြင်းကြောင့် ညတွင်းချင်းဆေးရုံမပို့နိုင်ဘဲ ဇွန်လ ၈ ရက်မနက်မှ မောရဝတီ‌ရေတပ်ဆေး ရုံကိုပို့ခဲ့ရတာ ဖြစ်ပါတယ်။

ဇွန်လ ၇ ရက် မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ရေး-ထားဝယ်ကားလမ်း ကလိန်အောင်အပိုင်းရှိ ရွာများတွင်တိုက် ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် လသား ကလေးငယ်အပါအဝင် အရပ်သား ၄ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

Source – Dawei Watch

Author:

Related Articles