Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မေလ ၂၆ ရက်ကနေ ဇွန်လ ၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

PDFတွေကိုထောက်ပံ့နေတယ်ဆိုတဲ့စွဲချက်နဲ့ထမင်းဆိုင်ရှင် သားအမိနှစ်ယောက်အပါအဝင် လူသုံးဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ PDF တွေနဲ့အဆက်အသွယ်ရှိပြီး ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထမင်းဆို င်ရှင် သားအမိနှစ်ယောက်နဲ့ မြန်မာ့လေကြောင်းလိုင်း ဝန်ထမ်းတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သွား တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၂၃ ရက်နေ့မှာ အောင်ဇေယျရပ်ကွက်က ယုန်စန္ဒာ ချစ်တီးမြန်မာထမင်းဆိုင်ကို စစ်ကောင်စီတပ်က ဝင် ရောက် စီးနင်း ပြီး ဆိုင်ပိုင်ရှင် သားအမိကို ဖမ်းဆီးသွားသလို ဆိုင်ကိုလည်း ချိပ်ပိတ်သွားပါတယ်၊ဒါ့အပြင် မြန်မာ့ လေကြောင်းဝန်ထမ်း ဦးတင်မောင်ဆွေကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ယုန်စန္ဒာ ထမင်းဆိုင်ပိုင်ရှင် သားအမိကို ကလေးမြို့က ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ) မှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ အဆက်မသွယ် မရသေးဘူးလို့သိရပါတယ်။

Source –  DVB

ထိုင်းနိုင်ငံ ဆန်ခလဘူရီမှာ ကလေးနဲ့ အမျိုးသမီးတွေပါဝင်တဲ့ မြန်မာ ၃၂ ဦးအဖမ်းခံရ

ထိုင်းနိုင်ငံမှာ ခြောက်ဘီးကားထဲထည့်ပြီး တရားမဝင်ခေါ်လာတဲ့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် မြန်မာ နိုင် ငံသား ၃၂ ဦးကို ရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမိတယ်လို့ ဒေသတွင်း ထိုင်းသတင်းမီဒီယာဖြစ်တဲ့ မက်တီကွန်  သတင်း မှာ ဖော်ပြထားပါတယ်။

ဖမ်းခံရတဲ့အထဲမှာ ကလေး သုံးဦး၊ အမျိုးသမီး ဆယ်ဦးနဲ့ အမျိုးသား ၁၉ ဦးဖြစ်ပြီး၊ ကုန်ကားရဲ့ ကြမ်းပြင် အောက် မှာ လျှို့ဝှက်ခန်းလုပ်ပြီး လူတွေကိုထည့်ထားသလို အပေါ်မှာအမှိုက်ထုတ်တွေနဲ့ ဖုံးထားတာဖြစ်ပါတယ်။ ကုန် ကားကို ဘုရားသုံးဆူ နဲ့နီးတဲ့ ဆန်ခလဘူရီခရိုင်က ရန်တီ တံတား စစ်ဆေး ရေးဂိတ်မှာ ရဲက ရှာဖွေ တွေ့ ရှိတာ ဖြစ်ပြီး သူတို့ကို ကန်ချနဘူရီမြို့ကို ပို့ဖို့ ခေါ်လာတာဖြစ်ပါတယ်။

ကနဦး စစ်ဆေးချက်အရ အဖမ်းခံရတဲ့သူတွေဟာ မြန်မာပြည်ဒေသအစုံကဖြစ်ပြီး ပြည်တွင်းမှာ စီးပွားရေး အ ကျပ်အတည်း တွေကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ လာခဲ့တဲ့အကြောင်း၊ သွားမယ့်ခရီး အနီးအဝေး ပေါ်မူ တည် ပြီး တစ်ဦးကို ဘတ်ငွေ တစ်သောင်းခွဲကနေ နှစ်သောင်းခွဲခန့်အထိ ပေးရတဲ့အကြောင်း ထွက်ဆိုကြတယ်လို့ ဆိုပါ တယ်။

သူတို့ကိုသယ်လာတဲ့ ထိုင်းကားမောင်းသမား ဇနီးမောင်နှံကိုလည်း ရဲက ဖမ်းဆီးထားပြီး၊ ဖမ်းဆီးခံရသူ အားလုံး ကိုတရားဥပဒေအရ ဆက်လက်‌ဆောင်ရွက်ဖို့ ဆန်ခလဘူရီ ရဲစခန်းကို ပို့လိုက်ပါတယ်။

Source – RFA

မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

မန္တလေးတိုင်း ၊ မြင်းခြံမြို့ မြောက်ဘက် ၁၅ မိုင်ခန့်အကွာ နဘူးအိုင်ကျေးရွာမှာ မေလ ၂၆ရက်နေ့နံနက်ပိုင်းက စစ် ကောင် စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံအမျိုးသမီး တဦးသေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

  နဘူးအိုင်ကျေးရွာကွက်သစ် မြင်းခြံ – မြို့သာ လမ်းပိုင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လိုက်တာကြောင့်အိမ်ဝင်းထဲကျပြီးအသက်-၈၃နှစ် အရွယ်ဒေါ်ခင်ညွန့် ဆိုသူမှာ ဝမ်းဗိုက်လက်နက်ကြီးအစ ထိမှန်သေဆုံးခဲ့ပြီး ၊ သမီးဖြစ်သူမှာ ခြေထောက် ထိမှန်ခဲ့ပါတယ်။

 နဘူးအိုင်ကျေးရွာမှာ စစ်ကောင်စီတပ် တပ်စွဲကာ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာကြောင့် မြင်းခြံမြို့နယ် အ တွင်းက နဘူးအိုင် ၊ ရွှေပေါ်ကျွန်း ၊ ငွေပေါ်ကျွန်း ၊ မြင်သာ ၊ ဘုံရွာ ၊ ကန်ချော စတဲ့ကျေးရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး စစ်ရှောင်နေရတယ်လို့ သိရပါတယ်။

Source – Mizzima

စစ်ကိုင်းမြို့က ပုဂ္ဂလိက အထက်တန်းကျောင်းအုပ်ဆရာမ ထောင်ဒဏ်လေးနှစ်ချမှတ်ခံရ

 စစ်ကိုင်းမြို့ ရင်သွေးရတနာ ပုဂ္ဂလိကအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကို စစ်ကောင် စီရဲ့ ထောင်တွင်းတရားရုံးက မေလ ၂၅ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ-၅၂ (က) ထောင်ဒဏ် လေး နှစ် ချမှတ်လိုက်တယ်လို့ ပြစ်ဒဏ်ချမှတ်ခံရသူနဲ့ နီးစပ်သူတွေက ပြောပါတယ်

 ကျောင်းအုပ်ဆရာမ ဒေါ်ထားထားဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပညာရေးကျောင်းတွေနဲ့ ဆက် သွယ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့မှာ နေအိမ်ထဲ ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ပြီး၊ ရှစ်လအကြာမှာတော့ အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရင်သွေးရတနာ ပုဂ္ဂလိကအထက်တန်းကျောင်းကိုပါ စစ်ကောင်စီတပ်က ချိပ်ပိတ်ခဲ့ပါတယ်။

Source – RFA

ကော့ကရိတ်မှာ တိုက်ပွဲလက်ကျန်မိုင်းထိလို့ အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်မှာ တိုက်ပွဲလက်ကျန် မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 ယင်းအမျိုး သမီးဟာ အိမ်နေခြံစည်းရိုးအနီး အဝတ်လှန်းနေချိန် မြေမြှုပ်မိုင်းနင်းမိခဲ့တာကြောင့် ဘယ်ဘက် ခြေ ထောက် ပြတ်သွားပြီး ညာဘက်ခြေထောက်မှာလည်း ခြေသလုံးသား ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းပေါက်ကွဲတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးကို ဒေသခံတွေရဲ့ အကူအညီနဲ့ ကော့ က ရိတ် ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Source –  သံလွင်တိုင်းမ်

ဂန့်ဂေါမှာ လက်နက်ကြီးကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် ဒေသခံသုံးဦး သေဆုံး

 မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အောင်မြေရွာ (ရှောက်ပင်ရွာ) ကို မေလ ၂၆ ရက်နေ့ မနက် ပိုင်းမှာ စစ်ကောင် စီတပ် ကလက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦး အပါအဝင် လူသုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြော ပါတယ်။

ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ကနေ တစ်မိုင်ကျော်ဝေးတဲ့ အဲဒီရွာကို လက်နက်ကြီးနဲ့ပစ်ခဲ့တာကြောင့်  အ သက် ၆၀ ခန့်အရွယ် ဦးတင်ချို၊ အသက် ၂၇ နှစ်အရွယ် မနန္ဒာမြင့်နဲ့ အသက် ၂၂ နှစ်အရွယ် မနီလာမြင့်တို့ ပွဲချင်း ပြီးသေဆုံးခဲ့ပါတယ်။

 သေဆုံးသွားတဲ့ အမျိုးသမီးနှစ်ဦးဟာ ညီအစ်မအရင်းတွေဖြစ်ပြီး သူတို့မှာ လသားအရွယ် ကလေးတစ်ဦး အပါ အဝင် သားသမီးတွေကျန်ခဲ့တယ်လို့  သိရပါတယ်။

 မေလ ၁၀ ရက်နေ့ကလည်း ဂန့်ဂေါမြို့နယ်၊ ဇာဟောရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ကလေးနှစ်ဦး အပါအဝင် ခြောက်ဦးဒဏ်ရာရခဲ့ပါတယ်။

Source –  RFA

ဖြူးမြို့နယ်မှာ လက်နက်ကြီးထိမှန်တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ ၁နှစ်ကျော်အရွယ်ကလေးငယ်တစ်ဦး သေဆုံး

 ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဥသျှစ်ခင်အနောက်ရွာအတွင်း လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက် ကွဲ တာ ကြောင့် အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ကြီးထိမှန်တာကြောင့် ဥသျှစ်ခင်အနောက်ရွာမှ အသက်၁၈နှစ်အရွယ်မအိအိစိုး၊ အသက်၆၀ နှစ် အရွယ် ဒေါ်နွဲ့နဲ့ အသက် တနှစ်ကျော်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့ပြီး၊ အသက်လေးနှစ်အရွယ် မောင်ကောင်း ပြည့် လျှံ၊ အသက် ၂၅ နှစ်အရွယ် မအိထက်စန္ဒီကျော်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်သန္တာ၊ အသက် ၃၉ အရွယ် ဦးဇော် မင်းနဲ့ အသက် ၃၀ အရွယ် ဒေါ်မာမာလွင်တို့ဒဏ်ရာရခဲ့တဲ့အတွက် ဖြူးမြို့နယ်ဆေးရုံမှာဆေး ကုသမှုခံ ယူနေ ပါတယ်။

 Source – Mizzima

လိင်စိတ်ခံယူမှုကွဲပြားသူများ ကျင်းပတဲ့ပွဲမှာ မြန်မာစုံတွဲတစ်တွဲ မင်္ဂလာဆောင်ခဲ့

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၂၆ ရက်က ကျင်းပတဲ့ လိင်စိတ်ခံယူမှုကွဲပြားသူများပွဲ  Chiang Mai Pride 2024 မှာ ထားဝယ်ဒေသခံတစ်ဦးနဲ့၎င်းရဲ့ လက်တွဲဖော် လိင်တူချစ်သူတို့ မင်္ဂလာဆောင်ပွဲကျင်းပခဲ့ပါတယ်။

Chiang Mai Pride 2024 ပွဲကို ချင်းမိုင်မြို့မှာ နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး နိုင်ငံတကာက လိင်စိတ်ခံယူမူကွဲပြားသူများ မင်္ဂလာဆောင်လေ့ရှိပါတယ်၊ယခုနှစ်ကျင်းပတဲ့ပွဲမှာ လိင်စိတ်ခံယူမူကွဲပြားသူ စုံတွဲ သုံးတွဲမင်္ဂလာဆောင်ခဲ့ရာ ဉာဏ်နှင့် မယ်” မြန်မာစုံတွဲတစ်တွဲလည်း ပါဝင်ပါတယ်။

မယ်မှာ ထားဝယ်ဒေသခံဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအခြေအနေအရ ထိုင်းနိုင်ငံကို ရောက်ရှိ သွား  တာဖြစ်ပြီး သူတို့နှစ်ဦးမှာသုတေသနလုပ်ငန်းနယ်ပယ်တွင် တွေ့ဆုံခဲ့ပြီးနောက် ချစ်သူသက်တမ်း တစ်နှစ် ကျော်အကြာမှာ မင်္ဂလာဆောင်နိုင်ခဲ့တာလို့ မယ်က ပြောပါတယ်။

လိင်စိတ်ခံယူမှုကွဲပြားသူတွေကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုရန် ကြိုးစားနေတဲ့ ထိုင်းနိုင်ငံရှိ နိုင်ငံတကာ လိင်စိတ်ခံယူမူကွဲပြားသူ အများအပြားတက်ရောက်တဲ့ပွဲမှာ မင်္ဂလာဆောင်ခွင့်ရတာက တရားဝင်မှုရရှိသလို ခံစား ရတယ်လို့ မယ်က ပြောပါတယ်။

ထိုင်းနိုင်ငံက လိင်စိတ်ခံယူမှုကွဲပြားသူတွေကို တရား ဝင်ထိမ်းမြှားလက်ထပ်နိုင်ရေး ဥပဒေပြဋ္ဌာန်းရန် ကြိုးစားနေပြီး လက်ရှိမှာ အောက်လွှတ်တော်က အတည်ပြုထားပြီးဖြစ်ပါတယ်။ မြန်မာလူမူအသိုင်းအဝိုင်းမှာ တော့ လိင်စိတ်ခံယူမှုကွဲပြား သူတွေကို ခွဲခြားဆက်ဆံမှု ရှိနေဆဲဖြစ်တယ်လို့ ဒေသတွင်း စစ်‌အာဏာရှင် ဆန့်ကျင်‌ ရေး သပိတ်တိုက်ပွဲ ဖော်ဆောင်နေတဲ့ Dawei LGBT Community အဖွဲ့ ဦးဆောင်သူ ဆူနာမီက ပြောပါတယ်။ Source –  Dawei Watch

ရေဖြူက CDM ကျောင်းဆရာမနှစ်ဦး ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခံရ

 တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ဒေသကနေ စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ CDM ကျောင်း ဆရာမနှစ်ဦးဖြစ်တဲ့ ဒေါ်သီတာဦးနဲ့ဒေါ်နီလာစန်းတို့ကို မေ  ၂၈ ရက်နေ့မှာ ထားဝယ်အကျဉ်းထောင်တ ရား ရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့နဲ့ ထောင် ဒဏ် ၁၀ နှစ်စီ အမိန့်ချမှတ်ခံလိုက်ရတယ်လို့ ဒေသ ခံတွေက ပြောပါတယ်။

 CDM ကျောင်းဆရာမ နှစ်ဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဖမ်းဆီးခဲ့ကာ ၃ လကြာမှာ ယခု လို ထောင်ဒဏ်တွေ ချမှတ်ခဲ့တာ ဖြစ်ပြီး၊ဆရာမ နှစ်ဦးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဖွင့်လှစ်ထားတဲ့ အွန်လိုင်း စာသင်ကျောင်းတွေမှာ စာသင်ကြားတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စွပ်စွဲချက်တွေနဲ့ အမိန့်ချမှတ်ခဲ့ တာပါ။

ယင်းကျောင်းဆရာမနှစ်ဦးကို ထားဝယ်အကျဉ်း ထောင်မှာပဲ ဆက်လက်အကျဉ်းချထားတယ်လို့ မိသားစုနဲ့နီး စပ် သူ တွေထံက နေ သိရပါတယ်။

 ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ကလည်း ကံပေါက်ဒေသကနေ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ CDM ကျောင်း ဆရာမ နှစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်မော်၊ ဒေါ်ယဉ်ယဉ်အေးတို့ နှစ်ဦးကို ရေဖြူတရားရုံးကနေ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချ မှတ်ခဲ့တယ်လို့ သိရပါတယ်။  

Source – သံလွင်တိုင်းမ်

အမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း သုံးခုတွင် လိင်ပိုင်းဆိုင်ရာအခွင့်အရေးချိုးဖောက်မှုများရှိနေ

လူငယ်သင်တန်းကျောင်းအမည်ခံ အမျိုးသမီးလူငယ်အကျဉ်းထောင်တွေဖြစ်တဲ့ ရန်ကုန်ရှိ ဗဟန်းအမျိုးသမီး ထိန်းသိမ်း ရေး သင်တန်းကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနဲ့ မန္တလေး ပုသိမ်ကြီး  အမျိုးသမီး လူ ငယ်သင်တန်းကျောင်း တွေမှာ အသက်မပြည့်သေးတဲ့ နိုင်/ကျဉ်းအမျိုးသမီးငယ်တွေနဲ့ အခြားအမျိုးသမီးငယ် တွေအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု တွေ လုပ်ဆောင်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် – PPNM က မေလ ၃၀ ရက်မှာ သတင်း ထုတ်ပြန်ပါ တယ်။

အမျိုးသမီးငယ်တွေထားတဲ့ အခန်း၊ ရေချိုးခန်းတွေနဲ့ အိမ်သာတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ CCTV တပ်ဆင်ထားတာ ၊အကျဉ်းသူအချို့ကို အပြစ်ပေးအရေးယူရာမှာ ဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ ချွတ် ခိုင်း ခြင်း ၊အပေါ့အလေး သွား လာခွင့်ကိုလည်း သတ်မှတ်ချိန်အတွင်းသာ သွားရောက်ခွင့်ပြုပြီး ကျန်အချိန်များတွင် အပေါ့အလေးသွားပါက သင်တန်း ကျောင်းဝန်ထမ်းများက တုတ်ဖြင့်ရိုက်၍အပြစ်ပေးခြင်း၊ ကျောင်း အတွင်း လုပ်ငန်းဟုဆိုကာ နိုင်/ကျဉ်းအမျိုးသမီး ငယ်တွေ ကို ထင်းခွဲ၊ မြက်ပေါက်ခိုင်းတာ စတဲ့အခွင့် အရေး ချိုးဖောက်မှုတွေလုပ်ဆောင်လျက်ရှိပါတယ်။

ဒါ့အပြင်အပျိုဖော်ဝင်ကာစ အမျိုးသမီးငယ်တွေ ရာသီသွေး ဓမ္မတာလာချိန်မှာ အမျိုးသမီး လစဉ်သုံးပစ္စည်း လုံ လောက် စွာထောက်ပံ့မပေးတာ၊ထောင်တွင်းစားသောက်ရေးအဆင်မပြေမှု၊ ဆေးဝါးကုသစောင့်ရှောက်မှု လုံ လောက် စွာမရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ PPNM ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာ အသက်မပြည့်သေးတဲ့လူငယ်အမျိုးသမီးတွေကို ရန်ကုန်တွင် ဗဟန်းအမျိုးသမီး ထိန်းသိမ်းရေး သင်တန်း ကျောင်း၊ ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနဲ့ မန္တလေးတွင် ပုသိမ်ကြီးအမျိုးသမီး လူငယ် သင်တန်း ကျောင်းများမှာ ဖမ်းဆီးထားလျက်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

Source – သံလွင်ခက်

ကျောက်တံခါးမြို့နယ်မှာ သားမိနှစ်ဦး လက်နက်ကြီးထိမှန်ခဲ့ပြီး မိခင်ဖြစ်သူသေဆုံး

 ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင်ကျေးရွာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်တာကြောင့် မိခင်သေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်၊။

 မေလ ၃၁ ရက် ည ၁၀ နာရီကျော်အချိန်မှာ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၂၆၄)မှ တပ်ဖွဲ့ဝင် တွေက တောင်ခင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၊တောင်ခင် ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ သားဖြစ်သူ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် မိခင်ဖြစ်သူ သေဆုံးခဲ့တာပါ။

Source -သံလွင်ခက်

မြိတ်မြို့က ရပ်ကွက်အချို့မှာ စစ်မှုထမ်းဖို့ အမျိုးသမီးအမည်စာရင်းကောက်ယူ

တနင်္သာရီတိုင်း၊ မြိတ်မြို့က ရပ်ကွက်အချို့မှာ စစ်မှုထမ်းဖို့အတွက် အမျိုးသမီး အမည်စာရင်းတွေကို ရာအိမ်မှူး တွေလိုက်လံကောက်ယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 ကန်ဖျားနယ်မြေမှာ အမျိုးသမီးတွေကို အပတ်စဉ်၅ မှာ ခေါ်ယူမယ်လို့ဆိုတာ အမျိုးသမီးတွေရဲ့ နာမည်စာရင်း ကို လာကောက် သွားတာလို့ ဒေသခံ အမျိုးသမီးတဦးကပြောပါတယ်။အလားတူ မြိတ်တောင်နယ်မြေက ရပ်ကွက် တွေမှာ လည်း ဒေသခံတွေက အိမ်ထောင်စုစာရင်းကို ရာအိမ်မှူးဆီ သွားရောက်စာရင်းပေးရတယ်လို့ ဒေသခံ တွေ က ပြောပါတယ်။

ဒါ့အပြင် မြိတ်မြို့၊ ခရူတောရပ်ကွက်နဲ့ အထက်ကန်ဖျားရပ်ကွက်မှာ ဒေသခံတွေကို အုပ်ချုပ်ရေးမှူးတွေက စစ်မှု ထမ်း ဥပဒေအတွက် ဒီကနေ့ မေ ၃၁ ရက်မှာ အစည်းအဝေး ခေါ်ယူထားတယ်လို့ မြို့ခံတွေဆီက သိရပါ တယ်။

Source DVB

စစ်တွေမြို့ ဗျိုင်းဖြူရွာတွင် အမျိုးသမီးများအပါအဝင် လူပေါင်း (၄၀) ကျော် အသတ်ခံရ

 စစ်ကောင်စီ အုပ်ချုပ်ရေး အောက်မှာရှိတဲ့ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှာအမျိုးသမီးတွေအပါအဝင် လူပေါင်း (၄၀) ကျော် ရက်ရက်စက်စက် အသတ်ခံရတယ်လို့ ကိုယ်တိုင်ကြုံခဲ့ ရသူတစ်ဦးက နာမည်နှင့် တကွ ထုတ်ဖော် ပြောဆိုပါတယ်။

ယင်းတို့ကိုမေလ ၃၀ ရက် ညဉ့် ၁၂ နာရီခန့်မှ ၃၁ ရက် နံနက် ၄ နာရီအတွင်း ‌သေနတ်နဲ့ ရက်စက်စွာ သတ် ဖြတ်ခဲ့ခြင်း ဖြစ်သလို ပစ်သတ်လို့မသေသေးတဲ့တစ်ယောက်ကိုလည်း အရှင်လတ်လတ် မြေမြှုပ်ခဲ့တာ ဖြစ်တယ် လို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

ယင်းအပြင် ဖမ်းဆီးခံရသည့်အထဲမှ အမျိုးသမီး ၃ ဦးကိုမူ အဓမ္မပြုကျင့်ပြီး စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများကလည်း နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

 Source- Narinjara

Author:

Related Articles