Photo – HI
ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့မှာ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ၂၀၂၃ ခုနှစ်၊ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းမှာ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်ပွဲတွေနဲ့စာရင် လာရောက်သူ အင်မတန်နည်းပါးခဲ့ ပါတယ်။
ဒါပေမယ့် ယခင်ကကြက်ပျံမကျ စည်ကားခဲ့တဲ့ တန်ဆောင်တိုင်ပွဲဟာ စစ်ကောင်စီ ဦးဆောင်ကျင်းပတဲ့ ဒီနှစ်မှာတော့ လာရောက်သူ အလွန်နည်းပါးခဲ့တာကို တွေ့ရပါတယ်။ နိုင်ငံအနှံ့ စစ်ပွဲတွေဖြစ်ပွားနေတဲ့ကြားက စစ်ကောင်စီလုပ်တဲ့ အဆိုပါပွဲကို မစခင်ကတည်းက ဝေဖန်သံတွေ ဆူညံနေခဲ့တာပါ။
တောင်ကြီးတန်ဆောင်တိုင်ပွဲကို မကျင်းပတာ သုံးနှစ်ကြာပြီဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ ရိုးရာပွဲကို ပါဝင်ဆင်နွှဲချင် ပေမယ့်လည်း စစ်ကောင်စီဝါဒဖြန့်တဲ့အနေနဲ့ ပွဲပြန်လုပ်တာကြောင့် စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူအများစုက ပွဲကို တက်ရောက်လည်ပတ်ခြင်းမရှိကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ပွဲမတိုင်ခင်မှာတော့ တန်ဆောင်တိုင်ပွဲကို လာရောက်လည်ပတ်သူမရှိမှာ စိုးရိမ်တာကြောင့် ပွဲကို လာရောက်ပေးဖို့ စစ် ကောင်စီက တောင်ကြီးမြို့ထဲက ရပ်ကွက်တွေမှာ လိုက်လံဆော်ဩခဲ့ပါသေးတယ်။
ဒီနှစ် တန်ဆောင်တိုင်ဟာ အရင်လိုလည်ပတ်ရတာ မလွတ်လပ်တော့ဘဲ “ပွဲခင်းထဲကို ရောက်ဖို့ ကွင်းအပြင်မှာ အမျိုးသမီးဆို လွယ်အိတ်တွေကို စစ်ဆေးခံရတယ်။ အမျိုးသားဆို တစ်ကိုယ်လုံး နေရာအနှံ့စစ်ဆေးတယ်။ နှစ်ကြိမ်လောက် စစ်ဆေးခံရ ပြီးမှ ကွင်းထဲကို ဝင်ရောက်လည်ပတ်လို့ရတာ။”လို့ တောင်ကြီးဒေသခံတစ်ဦးကဆိုပါတယ်။
တောင်ကြီးမီးပုံပျံပွဲကို နိုဝင်ဘာ ၂၁ ကနေ ၂၇ အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။








- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025