သျှန်ကီခမ်း။ ။
ဒီဇင်ဘာ ၈
ယခုနှစ်တွင်ကျရောက်သော နိုဝင်ဘာလ ၂၅ မှ ဒီဇင်ဘာလ ၁၀ အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက် ရေးနေ့ ၁၆ရက်တာ လှုပ်ရှားမှုနေ့များတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်တို့အပြင် မောက်မယ်မြို့နယ်၊ ပင်လုံမြို့နယ်တို့ရှိကျေးရွာများတွင် အမျိုးသမီး အရပ်ဖက်အဖွဲ့အစည်းများက ဆွေးနွေးပွဲများနှင့်ကမ်ပိန်းများကို ပြုလုပ်ခဲ့ကြသည်။
“ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကလည်း တရားမျှတမှုရရှိဖို့ ဖော်ဆောင်တဲ့နေရာမှာ လက်လှမ်းမီမှုအားနည်းတယ်။ မြို့ပြမှာနေထိုင်တဲ့ အမျိုးသမီးများထက် ကျေးလက်မှာနေထိုင်တဲ့ အမျိုးသမီးတွေက ဗဟုသုတပိုင်းမှာအားနည်းတယ်။ တရားမျှတမှုရရှိဖို့ ဖော်ဆောင်တဲ့နေရာမှာသော်လည်းကောင်း၊ ကျေးလက်နေအမျိုးသမီးများ ဗဟုသုတ၊ အသိပညာပိုင်းမှာ သော်လည်းကောင်း ပိုမိုသိရှိလာပြီး အားကောင်းလာအောင်၊ တရားမျှတမှုက ဘာလဲဆိုတာကိုသိစေဖို့” ဟုဆိုကာ ဆွေးနွေးပွဲများကို ပြုလုပ်ခြင်းဖြစ်သည်ဟု အမျိုးသမီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ကျေးလက်နေအမျိုးသမီးတစ်ဦးကလည်း “ အသိပညာဟောပြောပွဲတွေ များများပေးနိုင်ရင် ကောင်းတယ်။ အကြမ်းဖက်မှု တစ်ခုခုဖြစ်ရင် ရွာမှာပဲ ပိုက်ဆံနဲ့ဖြေရှင်းနေတာမျိုး ကြေအေးလွယ်နေတာမျိုး မလိုချင်တော့ဘူး။ ဒေသခံတွေ အမြင်ဖွင့်ဖို့ လိုတယ်။ ဗဟုသုတတွေများများပေးဖို့ လိုအပ်တယ်” ဟုဆိုသည်။
ထိုဆွေးနွေးပွဲများတွင် ရပ်ရွာရှိ ကျေးရွာသူကြီးများ၊ ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်များအပါအဝင် အမျိုးသား ၂၀%၊ အမျိုးသမီး ၈၀% အထိ ပါဝင်ခဲ့ကြသည်ဟုဆိုသည်။
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/02/2025
- ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ - 21/02/2025
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025