ခေတ်လင်းသူ။ ။
ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ အစိုးရဆေးရုံတွေ ပုံမှန် မလည်ပတ်နိုင်တော့တဲ့ အခြေနေတွေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ အခက် အခဲအပြင် မလုံခြုံမှုပြသနာတွေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် မီးဖွားစားရိတ်နှင့်ကလေးအသုံးအဆောင်များ ဝယ် ခြမ်းဖို့ အကျပ်အတည်းတွေ ရင်ဆိုင်နေရပါတယ်။
“ ကိုယ်ဝန်စဆောင်တဲ့အချိန်မှာ စိတ်အရမ်းမွန်းကျပ်တယ်။ ငွေကြေးအဆင်မပြေမှုတွေရှိနေတော့နောက်ပြီး အာဏာစ သိမ်းလိုက်တဲ့အချိန်မှာ တခြားအလုပ်လုပ်ဖို့လည်းအဆင်ပြေဘူး” လို့ မစုစုအမည်လွှဲကပြောပါတယ်။
မစုစုက အာဏာစသိမ်းလိုက်တဲ့အချိန်မှာ ကိုယ်ဝန် နှစ်လဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအချိန် တံငါလုပ်ငန်း လုပ်ကိုင် နေတဲ့ ယောကျာ်းဖြစ်သူကလည်း မိုးတွင်းအချိန်ဖြစ်တဲ့အတွက် အလုပ်ကနားထားလိုက်ရတယ်ဆိုတော့ ငွေကြေး ခက်ခဲမှု တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ကိုယ်ဝန်ဆောင်တစ်ယောက်လည်းဖြစ်တဲ့အတွက် အာဟာရပြည့်ဝစွာ စားသောက်ရန်ကလည်း ငွေကြေးက အဆင်မပြေ ပါဘူး။
ကိုယ်ဝန် လေးငါးလလောက်ဖြစ်လာတဲ့အချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ကျေးလက်ကျန်းမာရေးဌာနကို သွား ခဲ့ပါတယ်။ ဆေးခန်းသွားပြတဲ့အချိန်မှာလည်း မစုစုတစ်ယောက်အခက်ခဲတွေနဲ့ကြုံခဲ့ရပါတယ်။ တိုက်နယ်ဆေးရုံတွေက လည်းမဖွင့်တဲ့အခြေနေတွေမှာ ကျေးလက်ကျန်းမာရေးဌာနမှာပဲ ပြခဲ့ရပါတယ်။ ထိုကျန်းမာရေးဌာနမှာ ဆရာမတစ်ယောက် သာ ရှိခဲ့ပါတယ်။
“ အဲ့ဆရာမနဲ့ပြရတာအဆင်ပြေတယ်။ ဒါပေမဲ့ အရင်တုန်းကလိုမျိုး အချိန်မရွေးသွားပြဖို့မလွယ်တော့ဘူး။ သူတို့ရက်ချိန်း လိုက်တဲ့အချိန်ဆိုလည်း ကိုယ်မှာဆေးခန်း မပြရပြန်ဘူး။ သူတို့အားတဲ့အချိန်ပြန်ချိန်းမှပြရတာ” လို့ မစုစုကဆိုတယ်။
မစုစုမှာ အရင်တုန်းက ကိုယ်ဝန်ဆောင်ရတဲ့အချိန်မှာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးခဲ့ရပါတယ်။ ကိုယ်ဝန်လေးလလောက်မှာ တစ်ကြိမ် မွေးခါနီးတွင် တစ်ကြိမ်ထိုးခဲ့ရပါတယ်။ ယခုအချိန်တွင် ကာကွယ်ဆေး တစ်ကြိမ်ကိုသာ ထိုးခွင့်ရခဲ့ပါတယ်။ ယင်း ကာကွယ်ဆေးကိုတောင် ကျန်းမာရေးဌာနတွင် ဆေးလုံလောက်မှုမရှိတဲ့အတွက် အပြင်တွင်ဝယ်၍ ဆရာမကို ထိုးခိုင်းခဲ့ရ ပါတယ်။
ကလေးမွေးဖွားတဲ့အချိန်မှာလည်း ငွေကြေးအဆင်မပြေမှုကြားထဲကနေပြီး ကလေးပစ္စည်းတွေကိုစုဆောင်းခဲ့ရပါတယ်။
“ အရင်တုန်းကဆိုရင် ကလေးအနှီးပိုင်း ၁၀ထည်ကိုမှ လေးငါးထောင်ပဲပေးရတယ်။ ယခု ငါးပိုင်းကိုတောင် ရှစ်ထောင်ကိုး ထောင်လောက်ပေးနေရတယ်။ ကုန်ဈေးနှုန်းတွေအရမ်းတက်တော့ ငွေကြေးကလည်းအဆင်မပြေ အရမ်းခက်ခဲဖြစ်တယ်။ လုံလောက်မှုလည်းမရှိခဲ့ဘူး” လို့ မစုစုကညည်းတယ်။
ကလေးအတွက်လိုအပ်တဲ့ အားဆေးတွေကိုလည်း ဈေးနှစ်ဆခန့်ပေးဝယ်နေရပါတယ်။
“ကိုယ်တို့လို မရှိဆင်းရဲသားတွေမှာတော့ ကလေးတစ်ယောက်မွေးရတာအရမ်းခက်ခဲတာပေါ့”
မစုစုလိုမျိုး တခြားကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလည်း ငွေကြေးခက်ခဲမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် အစိုးရဆေးရုံများမဖွင့်လှစ်နိုင်တဲ့ အခြေအနေအပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ပုဂ္ဂလိကဆေးရုံတွေမှာ တက်ဖို့ ဆိုရင်လည်း မတတ်နိုင်တဲ့ အခြေအနေတွေရှိနေပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်တော့ အခြားအခက်အခဲများသာ မက စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုအခက်အခဲများကိုပါ ဆိုးဝါးစွာ ကြုံတွေ့နေရပါတယ်။ ထိုအထဲ မသူသူ(အမည်လွှဲ) တစ် ယောက်လည်း အပါဝင်ဖြစ်ပါတယ်။
“ အစ်မတို့ကသာမာန်သူလည်းမဟုတ်တော့ သူတို့အလိုရှိသူတစ်ဦးလည်းဖြစ်တော့ ဆေးရုံဆေးခန်းသွားဖို့ အတွက် လုံခြုံ ရေးအရလည်းစိတ်ပူရတာပေါ့” လို့ သူကဆိုတယ်။
မသူသူက အမျိုးသမီးတက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပြီး ကိုယ်ဝန်ဆောင်နေအတွင်း စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ် ထားတဲ့စာရင်းမှာ ပါဝင်သူတစ်ယောက်ဖြစ်သောကြောင့် ဆေးခန်းရက်ချိန်းတွေသွားဖို့နဲ့ ညဖက်တွေမှာ အိမ်မှာအိပ်ဖို့ အတွက်လည်း မလုံခြုံတာကြောင့် သွားရေးလာရေး နေထိုင်ရေး အခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
ဆေးခန်းရက်ချိန်းသွားဖို့ဆိုလည်း ထားဝယ်မြို့ဝင်ဂိတ်တွေမှာ တင်းကျပ်စွာ စစ်ဆေးတာတွေရှိနေတာကြောင့် အစစ် အ ဆေး တင်းကျပ်တဲ့နေ့များဆိုရင် ဆေးခန်းသွားပြမယ့် ရက်ချိန်းကို ရွှေ့လိုက်ရတာတွေလည်းရှိခဲ့ပါတယ်။
ဂိတ်မှာလည်း CCTV တွေထားကာ ဆေးလက်မှတ်ထောက်ခံစာများအပြင် လမ်းလျှောက်ရတာတွေလည်း ဖြစ်လာပါတော့ တယ်။
“ လမ်းဆင်းလျှောက်ရတယ်။ ကိုယ်ဝန်မပေါ့မပါးကြီးနဲ့ နေပူထဲလည်း ဆင်းလျှောက်ခိုင်းတော့လည်း ဆင်းလျှောက်ရတာ ပါပဲ ” လို့ မသူသူကဆိုတယ်။
မသူသူက သူမွေးလာမယ့် ကလေးကျန်းမာဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ကြိုးစားနေရသည့်အပြင် တပြိုင်နက် တည်းမှာပဲ မိမိအနေနဲ့ စစ်တပ်ရဲ့ အလိုရှိတဲ့ စာရင်းထဲပါဝင်နေတာကြောင့် စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းရချိန်တိုင်း စိုးရိမ်စိတ်တွေဖြစ်မိနေရတယ်လို့ဆိုပါတယ်။
ညဘက်တွင်အိမ်တွင်အိပ်ဖို့ကလည်း မလုံခြုံသဖြင့် အသိမိတ်ဆွေတွေရဲ့ အိမ်တွေမှာ သွားအိပ်ရပါတယ်။
“ ကိုယ့်အိမ်မှာလိုမျိုးတော့ လွတ်လွတ်လပ်လပ်နေလို့မရတော့ဘူးပေါ့၊ ကိုယ်ဝန်သည်ဆိုတော့ ဆီးမကြာခဏသွားနေရ တယ်လေ။ အဲ့ချိန်ဆိုအိမ်သာနဲ့အိမ်နဲ့ဝေးတော့သွားရတာအခက်ခဲဖြစ်တယ်။ ပြေးမယ်ဆိုလည်း လွတ်လွတ်လပ်လပ်ပြေးလို့ မရဘူးလေ” လို့ အခက်အခဲကို မသူသူကပြောပြတယ်။
မသူသူက ကလေးမွေးဖွားရင်လည်း အစိုးရဆေးရုံမှာ မွေးဖွားဖို့အဆင်မပြေတဲ့အခါ ပုဂ္ဂလိကဆေးတွေမှာ ကုသရတဲ့ အတွက် ပိုက်ဆံကုန်ကျစားရိတ် ပိုများတာတွေလည်းရှိခဲ့ပါတယ်။ အစိုးရဆေးရုံမှာ မွေးဖွားရင်သုံးသိန်းလောက် ကုန်ကျ မဲ့အစား ပုဂ္ဂလိကဆေးရုံတွေမှာ ၁၀သိန်းကျော်လောက်ကုန်ကျခံပြီး မွေးဖွားဖို့အတွက်လည်း သူကဆုံးဖြတ်ထားပါတယ်။
အစိုးရဆေးရုံမှာလည်းလုံခြုံရေးအရ အပြည့်အဝယုံကြည်မှုမရှိတဲ့အတွက်ကြောင့် တချို့အမျိုးသမီးတွေက အပြင်ဆေးရုံမှာ ပဲ ရွေးပြီး မွေးဖွားနေတဲ့အခြေနေတွေလည်းမြင်တွေ့ခဲ့ရကြောင်းလည်းပြောခဲ့ပါတယ်။
ယခုလိုအာဏာသိမ်းကာလမှာ ကျန်းမာရေးဌာနက CDMလှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းဦးရေများတဲ့အတွက်ကြောင့် ပုဂ္ဂလိကဆေးရုံတွေနဲ့ မိမိတို့နေအိမ်တွေမှာပဲ ကလေးမွေးဖွားဖို့ ဆုံးဖြတ်ထားကြသူတွေလည်း ရှိနေပါတယ်။
တစ်ဖက်တွင်လည်း အစိုးရဆေးရုံကြီးတွေ ဖွင့်ထားသော်လည်း ကိုယ်ဝန်ဆောင်မိခင်များအတွက် အစိုးရဆေးရုံများတွင် မီးဖွားရန်အခက်အခဲဖြစ်နေရပြီး ဝန်ထမ်းအင်အားနဲ့ လိုလောက်တဲ့ဆေးဝါးတွေမရှိတဲ့အတွက်ကြောင့် ပုဂ္ဂလိက ဆေးရုံ တွေကိုပဲ လွှဲပြောင်းပေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
CDM ဝင်ထားတဲ့ဆရာဝန်တစ်ဦးက “ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အခုချိန်မှာ ကောင်းကောင်းကုသမှုမရကြဘူး။ အထူးသဖြင့် ကိုယ်ဝန်လွယ်စကနေပြီး မမွေးခင်အထိ ပုံမှန်ကာကွယ်ဆေးထိုးတာတို့လည်းလုပ်မရဘူး။ ဆေးရုံကြီးဆို လက်ထောက်ဆရာဝန်တွေ သူနာပြုတွေကအဓိကကျတယ်။ ” လို့ အခြေအနေတချို့ကို ရှင်းပြပါတယ်။
တချို့ကိုယ်ဝန်ဆောင်တွေဆိုရင် ရွာတွေမှာဆေးရုံတွေ မလည်ပတ်နိုင်တော့လို့ ထားဝယ်မြို့ပေါ်က ပုဂ္ဂလိကဆေးရုံတွေ မှာသာ ကိုယ်ဝန်အပ်ရတဲ့ အခြေအနေတွေရှိခဲ့ပြီး တချို့ဆို မြို့ပေါ်တက်လျှင်လည်း အရင်တုန်းကလို လွယ်ကူစွာသွားလာ ခွင့်မရှိတော့လို့ တခြားကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလည်း ရွာရဲ့လက်သည်တွေနဲ့ပဲ မွေးဖွားနေရပါတယ်။
ဒါ့အပြင် တခြားစစ်ဘေးရှောင်နေရာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကလည်း ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ကုသခွင့်မရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာအရ စိတ်ထိခိုက်ခံစားနေရတဲ့အခြေနေတွေနှင့်လည်း ကြုံနေကြရပါ တယ်။
ထိုထဲ တိမ်းရှောင်နေရတဲ့ CDM ဝင်ထားတဲ့ အမျိုးသမီးဆိုရင် သူရဲ့ယောကျ်ားက လက်နက်ကိုင်တပ်ဖွဲ့ထဲ ဝင်ထားတာ ရယ်ကတကြောင်း သူကိုယ်တိုင်ကလည်း တိမ်းရှောင်နေရတဲ့အချိန် ကိုယ်ဝန်ကလည်းနေ့စေ့လစေ့ဆိုတော့ စိတ်ပိုင်း ဆိုင်ရာ အဆင်မပြေတာတွေ ဘယ်သူနဲ့မှမတွေ့ချင်တဲ့ အခြေနေတွေ တစ်ပါးသူတွေကိုမယုံကြည်တော့လို့ ကိုယ်ဝန်အခြေ အနေကိုတောင် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့သေချာစွာမပြခဲ့ရပါဘူး။
ကိုယ်ဝန်ဆောင်နေအတွင်း ယောကျ်ားနဲ့ဝေးနေတဲ့စိတ်ရယ် ဖမ်းခံရမှာကိုကြောက်ရွံ့နေတဲ့ စိတ်တွေရယ်ကြောင့် ဘယ်သူ နဲ့မှမတွေ့ရဲဘဲ ကြောက်ရွံ့စိတ်တွေ ရှိနေတယ်လို့ သူ့ကိုကူညီပေးနေတဲ့သူတစ်ဦးက ပြောပြပါတယ်။
လက်ရှိတွင် တိုင်းအတွင်းရှိ အဖွဲ့စည်းတချို့ကလည်း တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့သူများ၊ စစ်ဘေးရှောင်များ အတွက် အစားသောက်ကုန်နဲ့ဆေးဝါးများအပြင် အရမ်းအခက်ခဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနှင့် အကြမ်း ဖက်ခံရတဲ့ အမျိုးသမီးတွေကိုလည်း တတ်နိုင်တဲ့ဘက်က ကူညီပေးမှုတွေလည်းရှိနေပါတယ်။
ကူညီပေးရာတွင် အမျိုးသမီးရော အမျိုးသားပါ ကူညီပေးနေပြီး CDMကိုယ်ဝန်ဆောင်တွေနှင့် စစ်ဘေးရှောင် ကိုယ်ဝန် ဆောင်တွေကို အထူးသဖြင့် ကူညီပေးပါတယ်။ စစ်ဖြစ်နေတဲ့ အခြေနေတွေမှာလည်း သာမာန်ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်များရရှိဖို့ အခက်ခဲဖြစ်နေတဲ့အချိန်မှာ စစ်ဘေးရှောင်တွေနဲ့ တိမ်းရှောင်နေရတဲ့ ကိုယ်ဝန် ဆောင် အမျိုးသမီးတွေလည်း ဆေးဝါးလက်လှမ်းမမီမှုတွေနဲ့ အာဟာရပြည့်ဝစွာစားရမဲ့အရာတွေလည်း စားသောက်ခွင့် မရကြ ပါဘူး။
“ စစ်ဘေးရှောင်နေတဲ့နေရာတွေမှာရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အထူးသဖြင့်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေ ပိုလို အပ်တာပေါ့။ ဒါကြောင့်ကျမတို့ ကူညီပေးနေတာမျိုးတွေရှိတယ်” လို့ ကူညီပေးနေသူတစ်ဦးက ဆိုပါတယ်။
“ အရင်ကဆို အကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေရော တိမ်းရှောင်နေတဲ့အမျိုးသမီးတွေကိုကူညီပေးတာပေါ့။ ကိုယ်ဝန် ဆောင် အမျိုးသမီးသီးသန့်ကိုတော့မလုပ်ပေးဘူး။ ယခုချိန်မှစ၍လုပ်တယ်ပေါ့။ ဒါကြောင့် ထိရောက်မှုကတော့ သူတို့ရဲ့ အခက်ခဲကို ယခုအချိန်မှ ကျမတို့က ဖြေရှင်းပေးနိုင်တယ်လို့ ပြောတာတော့မှန်တာပေါ့။ ယခုသူတို့လိုအပ်နေတာကလည်း ကလေးပစ္စည်းရယ် ၊ အစားသောက်ကုန်ရယ်၊ မွေးစရိတ်တွေကို ကျမတို့ဘက် သူတို့လိုအပ်ချက်အပေါ်မှာ မူတည်ပြီး ကူညီပေးနိုင်ခဲ့တယ်။” လို့ သူက ဆက်ပြောပါတယ်။
သို့သော်လည်း အကူအညီပေးရာတွင် အားလုံးကိုလွှမ်းခြုံပြီး လက်လှမ်းမမီနိုင်တဲ့ အခြေနေတွေလည်းရှိနေပါတယ်။ အကူ အညီလိုသူများဆီ တိုက်ရိုက်သွားတွေ့ဖို့ အဆင်မပြေတဲ့အတွက် ကြားခံကူညီနေတဲ့သူတွေနဲ့ ဆက်စပ်လုပ်ဆောင် နေရ ပါတယ်။
လတ်တလောမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အကူညီတွေပေးတဲ့အချိန်မှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် စစ်ဖြစ်နေတဲ့ဒေသတွေကို ကလေးအသုံးဆောင်ပစ္စည်း၊ ဆေးဝါးနှင့်စားသောက်ကုန်ပို့လို့မရတဲ့ အခြေ အနေတွေနဲ့ ကြုံနေရတဲ့ အခက်ခဲရှိနေဆဲလို့ ဆိုကြပါတယ်။