“၈၈ မှသည် ၂၁ ဆီသို့”

“ကိုယ်ထင်တာကတော့ ဒီနေ့မနက်ဖြန်သင်တန်းတက် ပြီးတော့တိုက်၊ ပြီးတော့ ပြန်ရမယ်ဆိုတဲ့ စိတ်နဲ့ တောထဲကို ရောက်ခဲ့တယ်။ တောထဲကိုရောက်တဲ့အချိန်ကျမှ ဖြတ်သန်းလာခဲ့ရတဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ ရက်စက်ထားမှုတွေ၊ ဒေသခံ ပြည်သူရဲ့ခံစားချက်တွေကို ပိုပိုသိလာတဲ့အခါမှာ လုံးဝကို အောင်မြင်မှုမရမချင်း မပြန်တော့ဘူးဆိုတဲ့ စိတ်ဆုံးဖြတ်ခဲ့တယ်၊ အခက်အခဲတွေ အရမ်းတွေ့ရတယ်”

စစ်ကျွန်ပညာရေးကို တော်လှန်နေတဲ့ Homeschooling

“အခုလက်ရှိ ပညာရေးကို မနှစ်သက်လို့ အခြေအနေအရ ကျောင်းမပို့ဘဲ Homeschooling လုပ်နေတဲ့ မိဘတွေ၊ ကျောင်းသားတွေအနေနဲ့ စာသင်ကြားခြင်းအပြင် Life Skills နဲ့ ပတ်သက်တာတွေကိုပါ သင်ယူလေ့လာစေချင်တယ်၊ စာကို တန်းရဖို့တစ်ခုတည်းအတွက် သင်တာမျိုးမဟုတ်ဘဲ အသိပညာတိုးတက်အောင် ဘဝအတွက်လိုအပ်တဲ့ ပညာတွေ ကို လေ့လာတဲ့ပုံစံမျိုး၊ ပုံမှန်လေ့လာမှုမျိုးကို လုပ်သွားစေချင်တယ်၊ ဒီလိုလေ့လာထားမယ်ဆိုရင် အချိန်ဘယ်လောက် ကြာကြာ ကျောင်းပြန်တက်ရသည်ဖြစ်စေ၊ မတက်ရသည်ဖြစ်စေ အရေးကြီးတော့ဘူး”

စစ်ကောင်စီဖိအားများအောက်က CDMဝန်ထမ်းများ

“လိုင်းခန်းက ဆင်းပေး ဆိုရအောင်ကလည်း ပြေးနေရသူဆိုတော့ ဆင်းတယ်လေ။ တရားစွဲမယ်ဆိုလည်း စွဲပေါ့။ သူတို့ခြိမ်းခြောက်တာမကြောက်လို့လည်း တော်လှန်နေတာ။ ငတ်ငတ်သေသေ ဆက်တိုက်မှာပဲ”

အိမ်ရှင်မတွေကို ခြောက်လှန့်နေတဲ့ ကုန်ဈေးနူန်းနတ်ဆိုး

" ဒီကာလက ဝင်ငွေနည်းပြီး ထွက်ငွေများတယ်။ ထွက်ငွေသာများသာ ကောင်းကောင်းမစားရပါဘူး။ အရင် (ကိုဗစ်ကာလ)နဲ့အခုဆို အခုက ပိုခက်ခဲတယ်။ ဈေးအရောင်းအဝယ်တွေကအစ အကုန်ပါးဆိုတော့ အဆင်မပြေဘူး။ တော်တန်ရုံလူတွေက စားဖို့လောက်ပဲ အာရုံထားတော့ အပိုဘာညာအထွက်မခံကြဘူး "

သေဒဏ်ကျသားများအတွက် မျှော်လင့်ချက်နဲ့စောင့်နေတဲ့ မိခင်ကြီး

“ အမှုလေးပြောင်းပြီးတော့ ပြစ်ဒဏ်လောက်ဆိုရင် မျှော်လင့်ချက်ရှိတယ်။ မိသားစုကိုးခုလုံးကို ပြောချင်တာက ကိုယ့်သား သမီးတွေအတွက် သတ္တိရှိရှိ အားတင်းထားကြပါ။ ကျွန်မလည်း တောင့်ခံပြီး သားတွေကို စောင့်မယ်”

စစ်ကောင်စီရဲ့ တရားခံပြေးဖြစ်ခဲ့ရသည့်ကျောင်းဆရာ၊ဆရာမများ

“ ကျမကတော့ Non- CDM ပြန်လုပ်ဖို့ တစက်မှ မတွေးဘူး။ ကျမတို့ ဘက်ဆိုရင် တိုင်းရင်းသားအချင်းချင်း စစ်ရေးရော၊ စစ်အာဏာသိမ်းရော ရှုပ်ထွေးနေတာ။ ဟင်းရွက်ပဲရောင်းပြီးစားရ စားရ ဆက်ပြီး လုပ်သွားမယ်”

“ရင်သွေးငယ်တွေအတွက် နောက်ထပ် ဒီလိုအဖြစ်ဆိုးတွေ ထပ်မကျရောက်စေချင်ပါ”

" စစ်ဘေးရှောင်သူတွေထဲ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတဲ့ ကလေးတွေရှိတယ်။ ဒါက လိုင်းပေါ်တက်လာလို့သာ လူတွေသိကြတာ၊ လူတွေမသိဘဲ ပြေးရင်းလွှားရင်း သေဆုံးတဲ့ဖြစ်စဉ်တွေလည်းရှိတယ်။ ကိုးရက်သားကလေးဆို မွေးတာ မကြာသေးဘူး။ သူတို့ပြေးတဲ့ရက်က မိုးကြီးနေတာ မိုးဒဏ်လေဒဏ်မခံနိုင်လို့ဆုံးသွားတာ”

ဒုက္ခတွေကြားက မသန်စွမ်းအမျိုးသမီးတွေ

“အခုအခြေအနေကြောင့် သွားရေးလာရေးကအစ မသန်စွမ်းအမျိုးသမီးတွေအတွက် ပိုပြီးလုံခြုံမှုမရှိဘူး။ သာမာန်အချိန်တောင်မှ အဆင်မပြေတဲ့သူတွေအတွက် အခုအချိန်မှာပိုဆိုးသွားတယ်”

“ဟီးရိုးမေမေများ ”

“ရေခပ်တဲ့နေရာက သုံးဖာလုံလောက်ဝေးတယ်။ တစ်ကြိမ်မှာ ရေဗူး ၁၀ လုံးကျော်တင်ပြီး တွန်းနိုင်တယ်။ ရေတစ်ဗူးကို ငါးရာဆိုတော့ တစ်ခေါက်ကို ငွေငါးထောင်ရတယ်။ ဒါပေမယ့်ရာသီဥတု အရမ်းပူတဲ့အချိန်ကျရင် တော့ နဖူးကချွေး ခြေမထိကျတယ်”

ကူရာမဲ့နေတဲ့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသက တောင်သူတွေ

“ ခြံသွားတဲ့လမ်းမှာ အိတ်အမဲတွေ့ရင် ရှောင်ရတာနဲ့ သစ်ကိုင်းကျိုးတောင် မနင်းရဲဘူး။ လမ်းကိုပဲ အာရုံစိုက်ပြီး သွားနေ ရတယ်။ ခေါင်းတောင်မဖော်ရဲဘူး။ နင်းမိမှာအရမ်းကြောက်တယ်။ သစ်ရွက်ခြောက် မြင်တာတောင် မနင်းရဲဘူး။ လုံခြုံတယ် လို့ မခံစားရဘူး”