
လှောင်အိမ်ထဲက သံမဏိလိပ်ပြာ
“ သူမြင်ချင်တဲ့ အနာဂတ်မြန်မာပြည်ကို ထူထောင်နိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်တဲ့သူ၊ သူ့လိုမျိုး စွမ်းရည်ရှိတဲ့ မျိုးဆက်သစ် အမျိုးသမီးတွေနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်တဲ့သူဖြစ်ဖို့ မျှော်လင့်ပါတယ်” (ဦးအောင်မျိုးမင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး)

အနာဂါတ် ဟင်းလင်းပြင်
“ကျွန်မက ကိုယ်ဝန်နဲ့မို့ အခုက အလုပ်ရှာလို့လည်း မရသေးဘူး။ သားအမိနှစ်ယောက် အဆင်ပြေသလို ဒီလိုပဲ ရှာဖွေ စားသောက်ရမှာပေါ့။ ကျမကလေးတွေကိုတော့ အတတ်နိုင်ဆုံး အကောင်းဆုံးပျိုးထောင်သွားမှာပါ။ သူတို့က တနေ့မှာ လူတွေကို ကောင်းကျိုးပေးတဲ့သူတွေ ဖြစ်စေရမယ်”

အာဏာရှင်ကိုအံတုမယ့် နှုတ်ခမ်းနီပိုင်ရှင်များ
“အမျိုးသမီးတွေက အဲ့နေ့မှာ နှုတ်ခမ်းနီဆိုးပြီး အမှန်တရားကိုပြောမယ်။ အာဏာရူးကိုပုန်ကန်မယ်ဆိုတဲ့အမြင်ပေါ့ ၊အယူ အဆ၊ လွတ်လပ်စွာပြောဆိုမှုကို နှုတ်ခမ်းနီနဲ့ ပုံပမာပြုလို့ ကျမတို့မျိုးဆက်တွေ နိုင်ငံတကာကိုလည်းဒီလှုပ်ရှားမှုနဲ့ အသိပညာမြင့်မယ်။”

တိုက်ပွဲရှောင်အဖွားအို၏ မျှော်လင့်ချက် မနက်ဖြန်များ
“ အဘွားက အသက်ကြီးပါပြီ။ မသေမပျောက်ခင် အချိန်ကလေးမှာ ဇာတိကျေးရွာကလေးကို သွားချင်ပါတယ်။ ရွာအနီးမှာရှိတဲ့ သုံးဆယ့်တစ်ဘုံဘုရားကြီးကို ဖူးမြော်ခွင့်ရချင်တယ်။ ပြီးတော့ အဘွားမှာ စုဆောင်းထားတဲ့ ငွေစကလေးတွေကို ဘုရားမှာ လှူဒါန်းချင်တယ်...”

ကူရာမဲ့ပလက်ဝ
“မိုးကျလာတော့မယ်ဆိုတော့ ရိက္ခာပြတ်တော့မှာပေါ့။ ရိက္ခာပြတ်ရင် ကုန်ဈေးနှုန်းလည်း တက်လာမှာပဲ။ အရင်ကတော့ အစိုးရက ကူညီတယ်။ ဒေသတွင်းလည်း ရှာစားလို့ရတယ်။ အခုက ဘာမှကိုလုပ်မရတော့ ရိက္ခာပြတ်လာရင် အားလုံးငတ်ကုန်မှာ”

သွေးအေးမသွားတဲ့ နွေဦးတော်လှန်ရေးထဲက အမျိုးသမီးတွေ
“ဒီတိုင်းနေနေရင် သွေးအေးသွားပြီလား၊ ပြန်ပြီးလည်ပတ်နေတဲ့အခါကျရင် အရှေ့ကလုပ်လာခဲ့တဲ့အလုပ်တွေ ပေးဆပ်ခဲ့ရတဲ့သူတွေ သူတို့အတွက်တာဝန်မကျေဘူးလို့ခံစားရတယ်။ နောက်တခုက ဒီလိုပုံမှန်အတိုင်း လည်ပတ်နေမယ်ဆိုရင် ညီမတို့လုပ်နေတဲ့အရာတွေက အာဏာရှင်ကိုတော်လှန်တဲ့အရာတွေက မအောင်မြင်မှာစိုးလို့ အခက်အခဲတွေကြားထဲက ဆက်ပြီးထွက်နေတာဖြစ်တယ်”

တွန်းတိုက်မှုတိုင်းမှာ ပြိုလဲကျမသွားတဲ့ သတင်းသမားတွေရဲ့ ဇနီးသည်တွေ
“ ကျမလည်း ဥပဒေအကြောင်းသိပ်နားမလည်ဘူး။ ဒါပေမယ့် အခုဖြစ်နေတာက မတရားဘူးလို့တော့မြင်တယ်။ ဘာလို့ဆို သတင်းသမားက သတင်းပဲရေးမယ်လေ။ သတင်းရေးတာကို သွေးထိုးလှုံ့ဆော်တဲ့ပုဒ်မနဲ့ ဖမ်းတယ်ဆိုတော့”

မုဆိုးမတစ်ဦး၏ ရုန်းကန်ခြင်းဘဝနေ့ရက်များ
“ ကျွန်မက ကဏန်းချည်တဲ့အလုပ်နဲ့ မိသားစုလေးယောက်ရဲ့စားဝတ်နေရေးကို ရုန်းကန်နေရသူပါ။ ခေတ်ကာလကောင်းတဲ့အချိန်တွေတုန်းကဆိုရင် ကဏန်းဈေးတွေကောင်းပြီး အရောင်းအဝယ်တွေလည်း ကောင်းနေကြတာဆိုတော့ ဒီလုပ်ငန်းကိုလုပ်ရတာ အဆင်ပြေနေခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ လောက်ကစပြီးတော့ ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ နေရာအနှံ့ဖြစ်လာတယ် တပြိုင်တည်းမှာပဲ ကိုဗစ်-၁၉ရောဂါကပ်ဘေးဒဏ်ကိုလည်း ခံစားလာရပြန်တယ်။ စစ်ပွဲနဲ့ ရောဂါကပ်ဘေးနှစ်ခု ကြားထဲမှာ ကျွန်မတို့လို မုဆိုးမတွေအတွက် စားဝတ်နေရေးအခြေအနေက ဆိုးဆိုးဝါးဝါးရုန်းကန်ရတဲ့ အခြေအနေကို ဆိုက်ရောက်သွားခဲ့ရပါတယ်”

အောင်ပွဲရချိန်ထိ တော်လှန်ရေးဝိညာဉ် ရှင်သန်စေလိုသူ
" ကျွန်မရဲ့ တစ်ကိုယ်ရေအတွက်ဆို မှုကိုမမှုဘူး။ ကလေးသုံးယောက်ကရှိသေးတော့ သူတို့လေးတွေရဲ့ ရှေ့ရေးက ရှိသေးတယ်။ ပြီးတော့ ကျွန်မယောကျ်ားလည်း အသေဖြောင့်စေချင်တယ်"

အထွေထွေအကျပ်အတည်းကြား ရှင်သန်နေရသည့် အမျိုးသမီးအလုပ်သမများ
“လက်ရှိအလုပ်သမားရုံးက CDMလုပ်နေလို့ မဖြေရှင်းပေးနိုင်သေးတာကို အခွင့်ကောင်းယူပြီး အလုပ်သမား တွေကို အနိုင်ကျင့်တဲ့ အလုပ်ရှင်က ၁၀ ယောက်မှာ ၉ ယောက်ကတော့ လုပ်ကြတာပဲ။ ဒီအချိန်မှာ ကျမတို့လို အလုပ်သမားတွေအတွက် တရားမျှတမှုဆိုတာ မရှိတော့ဘူးလေ”


