ရှင်ငြိမ်း။ ။
မေး ။ ။ ဆရာ့ရဲ့ဘဝဖြတ်သန်းမှုအကြောင်း သိပါရစေ။
ဖြေ ။ ။ ကျွန်တော်က ဟားခါးမှာမွေးတော့ ဟားခါးချင်းဖြစ်တဲ့ လိုင်ချင်းမျိုးနွယ်စုက ဖြစ်တယ်။ ကျွန်တော့်မှာ အဖေ၊ အမေနဲ့ အစ်ကိုတယောက် ရှိတယ်။ ကျွန်တော့်အမေက ဆရာမ၊ အဖေကတော့ ကျနော်ငယ်ငယ် တုန်းက စကာၤပူမှာနေတော့ ကျွန်တော်က အမေနဲ့ပဲအနေများတယ်။ (၉)တန်းအထိ ဟားခါးမှာ နေခဲ့ပေမယ့် အမေက ကျောင်းဆရာမဖြစ်တဲ့အတွက် ကျောင်းတွေပြောင်းပြီး တက်ခဲ့ရတယ်။
ကျွန်တော်မူလတန်းကစပြီး (၉)တန်းအထိက ဟားခါးအထက(၁)နဲ့ အထက(၃)မှာ တနှစ်စီ ပြောင်းတက်ခဲ့ရ တယ်။ ဘာလို့ဆို ကျွန်တော့်အမေက ကျောင်းဆရာမတယောက်ဖြစ်တော့ ကျွန်တော်ကျောင်းခဏခဏပြောင်း ရတယ်။ နောက် ကျွန်တော်ဆယ်တန်းရောက်တော့ ရန်ကုန်က အဆောင်တခုမှာနေပြီး ကမာရွတ်အမှတ် (၃) ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ ဆေးကျောင်းရောက်တော့ ရန်ကုန်ဆေးတက္ကသိုလ်(၁)မှာ တက်ခဲ့တယ်။
ဆေးကျောင်းပြီးလို့ ဘွဲ့ရတော့ ကျွန်တော်ဆေးရုံတခုမှာ အလုပ်စလုပ်ခဲ့တယ်။ အဲဒီကနေ အခုလက်ရှိလုပ် နေတဲ့ ဟားခါးအခြေစိုက် NGO (အစိုးရမဟုတ်တဲ့အဖွဲ့အစည်း) တခုမှာ ချင်းပြည်နယ်တခုလုံးအတွက် အမျိုး သမီးတွေရဲ့ မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးပညာပေးတွေ လုပ်တယ်။
နောက် Youth Coner လု့ိခေါ်တဲ့လူငယ်တွေအတွက် Youth Empowerment (လူငယ်စွမ်းရည်မြှင့်တင်ရေး) လုပ်နေတဲ့အဖွဲ့အစည်းတစ်ခုမှာတော့ ကျွန်တော်က ပူးပေါင်းတည်ထောင်သူအဖြစ် ပါဝင်ပါတယ်။ အဲဒီမှာ လည်း Youth Empowerment နဲ့ Woman Empowerment တွေလုပ်ပါတယ်။ အခု ကျွန်တော်တို့ လုပ်နေ တာက ချင်းအမျိုးသမီးအဖွဲ့အစည်းနဲ့တွေ့ပြီး အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးအ ကြောင်းတွေကို အွန်လိုင်းပလက်ဖောင်းသုံးပြီးတော့ ရုပ်သံလုပ်ထားတာလေးတွေ ရှိတယ်။
မေး ။ ။ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ရွေးချယ်လုပ်ဖြစ်နေတာ ဘာကြောင့်ပါလဲ။
ဖြေ။ ။အစကတော့ ကျွန်တော် ဒီ Woman Rights တို့ Woman Empowerment တို့နဲ့ပတ်သက်ပြီးတော့ သိပ်မ သိခဲ့ဘူး။ ကျောင်းမှာတုန်းကလည်း ဒီလို Rights အကြောင်းတွေနဲ့ပတ်သက်ပြီး သိပ်မရင်းနှီးခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်လုပ်နေတဲ့ NGO မှာ နောက်ပိုင်းဘာဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ဆီလာတဲ့ ဧည့်သည်တွေက အမျိုးသမီးတွေ များနေတယ်။ ကျွန်တော်တို့ သူတို့နဲ့တွေ့ဆုံစကားပြောကြည့်တဲ့အခါ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်တဲ့အခါ သူတို့က တော်တော်လေးကို ဓလေ့အရထိန်းချုပ်မှုတွေ အလုပ်ခံရတဲ့အခြေအနေဖြစ်တယ်။ အဲဒီ လိုထိန်းချုပ်ခံရတာတွေက တော်တော်လေးကို အခြေအနေဆိုးတဲ့ အနေအထားမျိုးကို ကျွန်တော်တွေ့ခဲ့ရ တယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်နေလဲဆိုတာကို ကျွန်တော်ဆေးခန်းပြီးချိန် နောက်ပိုင်းမှာ စဉ်းစားကြည့်လိုက်တော့ ကျား၊ မ မညီမျှမှုက တော်တော်လေးဆိုးနေတဲ့ အခြေအနေဆိုတာတွေ့ရတယ်။
အစကတော့ ကျွန်တော် ဖီးမေးနစ်တို့၊ ဖီးမေနစ်ဇင်တု့ိ စတဲ့ တခြား Woman Empowerment နဲ့ ပတ်သက်တာ တွေကို ခေါင်းထဲမှာ သိပ်မစဉ်းစားဖြစ်ဘူး။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ တော်တော်လေး လေးလေးနက်နက် တွေးပြီးတော့မှ ကိုယ့်ကိုယ်ကို ဖီးမင်းနစ်လို့ သတ်မှတ်လိုက်တယ်။ ဘာလို့လဲဆို ကျွန်တော်တို့ ချင်းလူနေမှုအ သိုင်းအဝိုင်းမှာ ပက်ထရီအာခီ(ယောက်ျားကြီးစိုးသောဝါဒ)က အရမ်းဆိုးတယ်။ အဲဒါကို ဒီအသိုင်းအဝိုင်းမှာပဲ ဖြစ်ဖြစ် ဖီးမင်းနစ်တစ်ယောက်အနေနဲ့ အရမ်းအထောက်အကူဖြစ်တဲ့ ပက်ထရီအာခီအသိုင်းအဝိုင်းမှာ ယောကျ်ားဖီးမင်းနစ်တယောက်အနေနဲ့ ကိုယ့်ဘာသာကိုယ်ရပ်တည်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။ နောက်ပိုင်းမှာ ဒီ Women Empowerment ကို ပိုပြီးလုပ်လာတယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော်ယူဆတယ်။
မေး ။ ။ အမျိုးသမီးအရေးတွေကို ဘယ်အချိန်၊ ဘယ်အရွယ်ကစပြီး လုပ်ဆောင်ဖြစ်ခဲ့သလဲ။
ဖြေ ။ ။ ကျွန်တော်လုပ်ခဲ့တာက အခုဆို (၃)နှစ်ကျော်လောက်ရှိမယ်ထင်တယ်။ ၂၀၁၆ နှစ်ကုန်ပိုင်းမှာစပြီး ကျွန်တော် ကိုယ့်ကိုကိုယ် ဖီးမင်းနစ်ယောက်ျားတစ်ယောက်အဖြစ် ခံယူလိုက်တယ်။ ကျား၊ မအခြေပြု အကြမ်း ဖက်မှုနဲ့ ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ၊ အသိပညာပေးပွဲတွေမှာဆို ကျွန်တော်ဦးဆောင်ပြီးလုပ်တယ်။ သူများဦးဆောင်တဲ့ပွဲတွေမှာလည်း ကျွန်တော်တက်တက်ကြွကြွပါဝင်တယ်။
မေး ။ ။ ဆရာဝန်အလုပ်က ငယ်ငယ်ကတည်းက ရည်မှန်းချက်ရှိခဲ့တာလား။
ဖြေ ။ ။ အဲဒါက တော်တော်ထူးဆန်းတယ်။ ကျွန်တော်ကကြီးလာရင် ဘာဖြစ်ရမယ်ဆိုပြီး မယ်မယ်ရရ မရှိခဲ့ဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ပန်းချီဆွဲတာမှာ ဆုတွေ၊ ဘာတွေလည်း ရခဲ့ဖူးတယ်။ ပြီးရင် သီချင်းဆိုတာ အရမ်း ဝါသနာပါတယ်။ ကြီးလာရင် ပါစတာလုပ်မယ်ဆိုတာမျိုးလေးတွေရှိခဲ့တယ်ပေါ့။ မှတ်မှတ်ရရ ကျွန်တော်ငယ် ငယ်တုန်းက သမားတော်ဆီမှာ ဆေးခန်းတစ်ခေါက်သွားပြဖူးတယ်။ ကျွန်တော့်အမေက နင်ကြီးလာရင် ဒီလိုမျိုး ဆရာဝန်ဖြစ်ရမယ်လို့ ပြောလိုက်တာ။ ကျွန်တော်ကလည်း စာကလည်း နည်းနည်းတော်တဲ့ ဘက်မှာရှိတယ်။ စာတော်ရင် ဆရာဝန်၊ အင်ဂျင်နီယာဖြစ်မယ်ဆိုတဲ့ အသိုင်းအဝိုင်းမှာနေတော့ ကျွန်တော့်အစ်ကိုက ရေကြောင်း အင်ဂျင်နီယာ၊ ကျွန်တော်က ဆရာဝန်ဖြစ်လာတယ်။
ဆရာဝန် ဖြစ်မယ်၊ ဖြစ်မယ်ဆိုပြီး ကြီးပြင်းလာခဲ့တာ အဲဒီနောက်ပိုင်းမှာ ကျွန်တော်ကျောင်းပြီးတော့ ဆေးရုံတစ် ခုမှာ ဆေးဝန်ထမ်းအဖြစ် ပထမဆုံး အလုပ်လုပ်ခဲ့တယ်။ အဲဒီလိုလုပ်ရင်းနဲ့ တနေ့မှာတော့ ဆရာဝန်မလုပ်ချင် တော့ဘူးဆိုတဲ့စိတ် ကျွန်တော့်မှာ ဖြစ်လာတယ်။ မြန်မာနိုင်ငံမှာက ဆရာဝန်လို့ပြောလိုက်ရင် လူနာတွေနဲ့ပဲ တနေကုန် အချိန်ကုန်သွားရတယ်။ တခြားဘာမှ သိခွင့်၊ တတ်ခွင့်မရတော့ဘူး။ အဲဒါကို ကျွန်တော် မကြိုက် ဘူးဖြစ်လာတာပါ။ ဒါကို သိလာတဲ့အချိန်မှာ ကျွန်တော် အရမ်းစိတ်ရှုပ်သွားခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တော့ ကျေးရွာတွေဆင်းပြီး လူထုရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်လာရတဲ့အခါမှာ ဒီလိုမျိုး NGO အဖွဲ့ အစည်းတွေနဲ့ အလုပ်လုပ်လို့ရသေးတယ်ဆိုတာ သိလာရတော့ ကျွန်တော်နည်းနည်းစိတ်သက်သာရာရသွား တယ်။
မေး ။ ။ တိုင်းရင်းသားဖြစ်ခြင်းကြောင့် စာသင်ရာမှာ ဘာသာစကားအခက်အခဲရှိခဲ့လား။
ဖြေ ။ ။ ရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ညီအစ်ကိုက ကံကောင်းတယ်လို့ ပြောရမယ်။ ကျွန်တော့်အမေက ကျောင်းဆရာမဆိုတော့ ဘာသာစကားလည်း ကျွမ်းကျွမ်းကျင်ကျင်ရတယ်။ ပြီးရင် ဒီလိုကျောင်းပိတ်ရက်တွေ မှာ ရန်ကုန်မှာရှိတဲ့ ကျွန်တော့်အဒေါ်တွေဆီ သွားနေရတော့ ကျွန်တော်တို့အတွက် ဘာသာစကားက သူများ တွေလောက် မခက်ခဲခဲ့ဘူး။ ဒါပေမယ့် ဘယ်အချိန်မှာ ကျွန်တော့်အတွက် ဘာသာစကားက အခက်အခဲရှိခဲ့လဲ ဆိုတော့ ကျွန်တော်က (၉)တန်းအထိ ဟားခါးမှာနေခဲ့တယ်။ (၁၀)တန်းရောက်တဲ့အခါမှာ ကျွန်တော် ရန်ကုန် က ဘော်ဒါဆောင်မှာ နေရတယ်။ အဆောင်မှာ ဗမာနဲ့ ချင်းပဲရှိတော့ သူတို့နဲ့ ကျွန်တော်စကားပြောရမှာ အရမ်း ကြောက်တဲ့အခါကျတော့ (၁)လလောက်အထိ ကျွန်တော် သူတို့နဲ့ စကားမပြောဖြစ်ခဲ့ဘူး။ ဘာလို့လဲဆို ကျွန် တော်ပြောလိုက်ရင် ကျွန်တော့်အသံကဝဲတော့ သူတို့နားမလည်မှာစိုးတယ်။ နောက်ကျွန်တော်ငယ်ငယ်က အဒေါ်ဆီလာရင် ကလေးအချင်းချင်းစကြတာပေါ့။ ချင်းတောင်း၊ ချင်းစုတ်ဆိုပြီး စကြတော့ အဲဒီကတည်း ကလည်း ကျွန်တော့်မှာ စိတ်ဒဏ်ရာနည်းနည်းရခဲ့တာရှိခဲ့တယ်။
ပြီးရင် လူနည်းစုတိုင်းရင်းသားဖြစ်လို့ ငါ့ကိုခွဲခြားဆက်ဆံမလားဆိုတဲ့ စိုးရိမ်ကြောက်ရွံ့စိတ်က ကျွန်တော့်မသိ စိတ်မှာရှိနေခဲ့တယ်။ ရန်ကုန်မှာ ကျောင်းလာတက်တော့ ကျွန်တော့်မှာ ဘာသာစကားနားမလည်တာနဲ့ လူမျိုး ရေး ခွဲခြားဆက်ဆံခံရတာတွေလည်း ရှိခဲ့တယ်။ ကျွန်တော်နှစ်အများကြီး တိုင်းရင်းသားဖြစ်ခြင်းကြောင့် ခွဲခြားခံ ရမလားဆိုတဲ့ စိုးရိမ်စိတ်ကို မဖယ်ထုတ်နိုင်ခဲ့ဘူး။ ကျွန်တော်ကျောင်းပြီးသွားလို့ အလုပ်ဝင်ပြီးသွားတဲ့ အချိန် ကျတော့မှ အဲဒီလိုကိစ္စတွေ၊ အဲဒီလိုခံစားမှုတွေကို ထုတ်ပစ်နိုင်ခဲ့တာပါ။ တချို့ဟာတွေက သူများက ကိုယ့်ကို မလုပ်ပါဘူး။ ကိုယ့်ဘာသာ မဝံ့မရဲဖြစ်ခဲ့တာပေါ့။
မေး ။ ။ အဲဒီလိုဖြစ်တာတွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ။ အခုရော နေသားတကျဖြစ်သွားပြီလား။
ဖြေ ။ ။ အဲဒါတွေက ဆေးတက္ကသိုလ်တက်တော့မှ အဲဒီခံစားချက်မျိုး စတင်ခံစားရတာပါ။ ဟားခါးကျောင်းမှာ ဆိုရင် ကျနော်က အသင်းအဖွဲ့တွေရဲ့ခေါင်းဆောင်ပေါ့။ အခမ်းအနားပွဲတိုင်းမှာလည်း ပါတယ်။ ရန်ကုန်ရောက် တော့ ကျွန်တော့်မှာ ချင်းလူမှုအသိုင်းအဝိုင်းကနေ အပြင်ထွက်သွားရမှာမို့ အများကြီး စိတ်ပင်ပန်းခဲ့တယ်။ အဲဒါကို ကျွန်တော်ဘယ်တော့မှ သဘောပေါက်နားလည်လာသလဲဆိုတော့ မီရှဲအိုဗားမားရေးတဲ့ Becoming ဆိုတဲ့ သူတို့လူမည်းအမျိုးသမီးတွေရဲ့ လူနည်းစုအကြောင်း ရေးထားတဲ့စာအုပ်မှာ သွားတွေ့ရတယ်။ အဲဒီအ ထဲမှာ သူတို့တက္ကသိုလ်တက်နေတဲ့ကျောင်းမှာ လူနည်းစုဖြစ်နေတဲ့ စိတ်ခံစားချက်ကို ကွက်ကွက်ကွင်းကွင်း ရေးထားတယ်။ အဲဒီတော့မှ ငါဖြစ်နေခဲ့တာလည်း ဒီလိုပါပဲလားဆိုတာ အဲဒါလေးကိုတော့ ပြီးခဲ့တဲ့ တလောကပဲ နားလည်လိုက်ရတယ်။ ဒါပေမယ့် အဲဒါတွေကို တကယ်မေ့ထားပစ်လိုက်ဖို့ဆိုတာက တော်တော်လေး ခက်ခဲပါ တယ်။
မေး ။ ။ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်နယ်တွေမှာ ပညာပေးမှုတွေ လုပ်ခဲ့တာလဲ။
ဖြေ ။ ။ ကျွန်တော်က ချင်းပြည်မှာရှိတဲ့ ရွာတွေကို သွားရတယ်။ တကယ့်ကို ဝေးလံခေါင်ဖျားတဲ့ နေရာတွေ သွားပြီးတော့ ဆရာဝန်ကိုတောင် မမြင်ဖူးတဲ့နေရာတွေတောင် ရှိတယ်ဆိုတော့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ် သက်တဲ့အကြောင်းတွေ ကျွန်တော်တို့ ပြောကြတယ်။ ဘာလို့လဲဆိုတော့ ဒီမျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ် သက်ပြီး ပြည်သူတွေက အမြင်အမှား အများကြီးရှိတယ်။ ပြီးတော့ ဒီမှာက ခရစ်ယာန်လူမူအသိုင်းအဝိုင်းဖြစ် တဲ့အပြင် ဖိုဝါဒကြီးစိုးတဲ့နေရာဖြစ်တယ်။ ဒါတွေအပြင် ဒီခရစ်ယာန်အသိုင်းအဝိုင်းက ပါလာတဲ့ အယူအဆမှား တွေ၊ သားဆက်ခြားနဲ့ပတ်သက်တာ၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ရင် မမှန်ကန်တဲ့အသိမှား၊ အယူအဆ အမှားတွေ အများကြီးရှိတယ်။ ဆိုတော့ အဲဒါတွေကို ဒါတွေက မဟုတ်ပါဘူး။ ဒီလိုသုံးလိုက်လို့ မျိုးဆက်ပွား ကျန်းမာရေးလုပ်ဆောင်ခြင်းက မိသားစုတစ်ခုလုံးအတွက် အထောက်အကူပြုတယ်ဆိုတာတွေ ကျွန်တော်တို့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတပေးတယ်။
မေး ။ ။ အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားကျန်းမာရေးအခြေအနေတွေကို သုံးသပ်ပြလို့ရမလား။
ဖြေ ။ ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်တော်တို့ချင်းလူမှုအသိုင်းအဝိုင်းက ကလေးအရမ်းမွေးချင်တဲ့အထဲ မှာပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ချင်းလူမျိုးတွေမှာ ငါ့မှာသားဘယ်လောက်ရှိတယ်၊ မြေးဘယ် လောက်ရှိတယ်။ မြစ်ဘယ်လောက်ရှိတယ်ဆိုတာ ဂုဏ်ယူစွာနဲ့ အမြဲတမ်းပြောလေ့ရှိကြတယ်။ နောက်တစ်ခုက ကျွန်တော်တို့ခရစ်ယာန်မှာပေါ့။ ခရစ်ယာန်မှာတော့ ကိုးကွယ်ရာအမျိုးမျိုးရှိကြတယ်။ ကျွန်တော်တို့ ငယ်ငယ် တုန်းက သွန်သင်တာဆိုရင် ကောင်းကင်မှာရှိတဲ့ ကြယ်လောက်ရယ်၊ ကမ်းခြေမှာရှိတဲ့ အသေးစားလောက် အထိ သူရဲ့သားစဉ်မြေးဆက်ရှိတယ်ဆိုတာမျိုး ကျွန်တော်တို့ ဘိုးဘွားတွေက ဂုဏ်တစ်ခုအနေ တန်ဖိုးထားကြ တယ်။ တခါတလေကျတော့ သူတို့ရဲ့အယူအဆတွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းကြတယ်။ ကျွန်တော့် အတွေ့အကြုံအရဆိုရင် ကျွန်တော်တွေ့တာက မျိုးဆက်ပွားကျန်းမာရေးမှာဆိုရင် ဝန်ဆောင်မှုအပိုင်းမှာရော ကျန်းမာရေးအပိုင်းမှာပါ ချင်းအမျိုးသမီးတွေအတွက် အခက်အခဲအများကြီးရှိနေတာတွေ့ရတယ်။
မေး ။ ။ ချင်းအမျိုးသမီးတွေအနေနဲ့ သားဆက်ခြားလုပ်ဆောင်ဖို့ ဘာကြောင့်ခက်ခဲနေကြတာလဲ။
ဖြေ ။ ။ တခါတလေကျရင် လွှဲမှားတဲ့ သင်ယူမှုလို့ ပြောမလား။ ကျွန်တော်တို့ကျမ်းစာမှာဆိုရင် တချို့ခရစ်ယာန် တွေမှာဆိုရင် သားဆက်ခြားတယ်ဆိုတာက လူဖြစ်လာမယ့်အသက်ကို တားတာပဲ။ ဘုရားသခင်ရဲ့ အလိုတော် နဲ့မကိုက်ဘူးဆိုပြီး သွန်သင်မှုတွေ အရမ်းများတယ်။ အဲဒါကို သူတို့ဆုပ်ကိုင်ထားကြတယ်။ အဲဒါကလည်း သေ သေချာချာ စဉ်းစားကြည့်မယ်ဆိုရင်၊ ကျမ်းစာကို ပြန်ကြည့်မယ်ဆိုရင်လည်း သူတို့လိုချင်တဲ့ အချက်လေးကိုပဲ ကွက်ကြည့်ကြတာပါ။ တခြားကျမ်းစာတစ်ခုလုံးမှာ အရမ်းကောင်းတဲ့ ဥပမာတွေ၊ ပညာရစရာတွေ အများကြီးပါ ဝင်ပါတယ်။
မေး ။ ။ ဘာကြောင့် ဒီအလုပ်လုပ်ဆောင်နေရလဲ။ ကိုယ့်အတွက် စိန်ခေါ်မှုတွေရှိလား။
ဒီအလုပ်ကို စလုပ်တာကတော့ ကျွန်တော်ဆေးရုံမှာ ဝန်ထမ်းအဖြစ်အလုပ်လုပ်ရင်း ဆေးရုံပတ်ဝန်းကျင်မှာ ကျွန်တော်မလုပ်နိုင်တော့ဘူးဆိုပြီး NGO အလုပ်ကို ရွေးလိုက်တယ်။ NGO မှာကျတော့ ကျွန်တော်ပြည်သူ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး လုပ်လာချိန်မှာ ကျွန်တော့်အတွေးအခေါ်တွေ၊ စိတ်ဓါတ်တွေ ပြောင်းသွားပါတယ်။
စိန်ခေါ်မှုကျတော့ ကျွန်တော်တို့လုပ်ငန်းလုပ်ဆောင်နေတဲ့ ချင်းပြည်နယ်က နယ်မြေပထဝီအနေအထားအရ အရမ်းခက်ခဲတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပညာပေးဖို့အမျိုးသမီးတစ်ဦးကိုတွေ့တယ်။ ကိုယ်ကိုယ်တိုင် ကလည်း သူ့ကို Empower (စွမ်းရည်မြှင့်) ဖြစ်စေချင်တယ်။ သူ့ကို လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးပညာပေးမှု လုပ်ဆောင်ဖို့ အရမ်းလိုအပ်နေတာတွေ့တယ်။ အဲဒီတော့ သူ့ကိုပြောပြတယ်။ ဒါပေမယ့် အရမ်းဆိုးတာက သူ့ ခန္ဓာကိုယ်ဆိုပေမယ့် သူကိုယ်တိုင်က ဆုံးဖြတ်ချက် မပေးနိုင်ဘူး။ သူ့ရဲ့ရပိုင်ခွင့်ဆိုတာလည်း သူမသိဘူး။
ကိုယ့် ကျန်းမာရေးကို ကိုယ်ဆုံးဖြတ်ခွင့်၊ ထိန်းသိမ်းပိုင်ခွင့်ဆိုတာလည်း သူမသိဘူး။ သူကျန်းမာရေးဗဟုသုတ မရှိတာ ထားတော့ သူ့ခန္ဓာကိုယ်ကို ဝင်ဆုံးဖြတ်ချက်ပေးနိုင်မယ့် သူ့ယောကျ်ား၊ သူ့မိသားစုအကြီးအကဲတွေက မျိုး ဆက်ပွားကျန်းမာရေးနဲ့ပတ်သက်လို့ လုံးဝမသိတဲ့အခါမှာ အဲဒီလိုမျိုးတွေတွေ့ရတဲ့အခါ ကျွန်တော်တော်တော် လေး စိတ်မကောင်းဖြစ်ရပါတယ်။ နောက်ချင်းအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဘာမှဆုံးဖြတ်ပိုင် ခွင့်မရှိတာက တော်တော်လေးဝမ်းနည်းစရာကောင်းတယ်။ ကျွန်တော်အဲဒီလိုအမျိုးသမီးတွေနဲ့တွေ့ရင် အားမရ ဘူး။
သူတို့တွေအတွက် ကျွန်တော့်မှာ စိတ်မကောင်းလွန်းလို့ ညဘက်တွေမှာ အိပ်တောင်မပျော်တော့ဘူး။ တခါတလေကျ အမျိုးသမီးတွေက ဒီမျိုးဆက်ပွားကျန်းမာရေးနဲ့ပတ်သက်ပြီး သူတို့လိုအပ်တယ်လို့ ထင်တယ်။ သူတို့ကိုယ်တိုင်လည်း လိုချင်ပေမယ့် သူတို့မှာ ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့အခါကျတော့ သူတို့အမျိုးသားတွေနဲ့ ပြန်တိုင်ပင်တဲ့အခါ လုပ်ခွင့်မပေးဘူးဆိုပြီး ကျွန်တော့်ကို ငိုယိုပြီး လာပြောတာတွေလည်းရှိတယ်။ ကျွန်တော့် အနေနဲ့ကတော့ ဒီအမျိုးသမီးတွေက သူတို့ရသင့်တာကို သူတို့ဆုံးဖြတ်ခွင့်ရှိတာကို ဘာကြောင့်မရသလဲဆို တာတွေ အများကြီးတွေ့ရတယ်။ ယဉ်ကျေးမှုထုံးတမ်းဓလေ့တွေက အမျိုးသမီးတွေကို ဖိနှိပ်ထားပြီးတော့ သူ တို့ရဲ့အခွင့်အရေးတွေကို သိသာထင်ရှားအောင် မလုပ်ပဲနဲ့ တကယ့်လက်တွေ့ဘဝမှာ သူတို့ကို ဖိနှိပ်ထားတွေ ကို အများဆုံးတွေ့နေရတယ်။
မေး ။ ။ အမျိုးသမီးရေးနဲ့ ကျားမ တန်းတူရေးအပေါ် ဆရာရဲ့ ခံယူချက်၊ ရပ်တည်ချက်က ဘာလဲ။
ဖြေ ။ ။ ဒီအမျိုးသမီးအရေးနဲ့ ပတ်သက်လာရင် ကျွန်တော့်အမေက ကျွန်တော့်အတွက် စံပြကောင်းပေါ့။ တိုက်ရိုက်မဟုတ်ရင်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ လုပ်ပေးတယ်လို့ မြင်တယ်။ ကျွန်တော့်အမေက တကယ့်ကို စိတ်ဓါတ်ခိုင်မာတဲ့ အရည်အချင်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျွန်တော့်အမေက ကျွန်တော့်ကို တော်တော် လေး သြဇာလွှမ်းမိုးနိုင်တယ်။ ကျွန်တော်တို့က ချင်းမိသားစုဖြစ်ပေမယ့် အမေက အဖေကိုလည်း လွှမ်းမိုးနိုင်တာ မျိုးတော့ မဟုတ်ဘူး။ အပြန်အလှန် လေးစားမှုတော့ရှိတယ်။ အမေက အဖေကို နိုင်တာမျိုးတော့ မဟုတ်ပေ မယ့် ကျွန်တော့်အဖေက ပက်ထရီအာခီ (ယောကျာ်းကြီးစိုးရေးဝါဒ) ကို တော်တော်လေး ဆုပ်ကိုင်ထားတယ်။
အဲဒီကြားမှာမှ အမေက အဖေကို တော်တော်လွှမ်းမိုးနိုင်တယ်လို့ထင်တယ်။ ဒါပေမယ့် ကျွန်တော့်အမေကို ပြန် ကြည့်တဲ့အခါ ကျွန်တော့်အမေက ပညာတတ်တစ်ယောက်ဖြစ်တာတောင်မှ ဓလေ့ရဲ့လွှမ်းမိုးမှုကို ခံနေရတယ်။ သူသိလည်း သိမှာပေါ့။ မပြောတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူက တခါတလေ ဘုရားကျောင်းတွေမှာဖြစ်ဖြစ် အသင်းအဖွဲ့တွေမှာဖြစ်ဖြစ် စကားပြောတဲ့အခါ အရမ်းသတ္တိရှိတယ်။ သူမှန်တယ်ဆိုရင် မှန်တဲ့အကြောင်းကို တောက်လျှောက်ပြောနိုင်တယ်။ အခုဆိုရင် ကျွန်တော့်ရဲ့ဆွေမျိုးအသိုင်းအဝိုင်းတွေက ချင်းပြည်နယ်အစိုးရမှာ အကြီးအကဲလုပ်နေသူတွေရှိတယ်။ သူတု့ိတွေ အိမ်ကိုလာတဲ့အခါ သူတို့မှားရင် မှားတဲ့အကြောင်း ထောက်ပြ နိုင်တဲ့သတ္တိ ကျွန်တော့်အမေမှာ ရှိတယ်။ ဓလေ့အရ လွှမ်းမိုးခံရတဲ့အပိုင်းက တစ်ပိုင်းပေါ့။ သူမှန်တယ် ထင်တာကို ဆက်သွားတယ်၊ ဆက်ပြောတယ်ဆိုတာက ကျွန်တော့်အမေကို ကျွန်တော့်အရမ်းသဘောကျတဲ့ အချက်ပေါ့။ အဲဒီလိုမျိုးပဲ ကျွန်တော်အခု မျိုးဆက်ပွားကျန်းမာရေး လုပ်လာတဲ့အခါမှာ ချင်းအမျိုးသမီးတွေကို အဲဒီလိုမျိုးဖြစ်စေချင်တယ်။
ဒါပေမယ့် အခုဟာက သူတို့ကိုကိုင်နေတဲ့ကြိုးတွေက အရမ်းများတဲ့အခါကျတော့ သူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေ ကို သူတု့ိမလိုက်နိုင်တာကိုတွေ့ရတော့ ကျွန်တော့်အမေလိုမျိုး သူတို့ကိုဖြစ်စေချင်ခဲ့တယ်။ အမှန်အတိုင်း ပြော မယ်ဆိုရင် ချင်းမှာက အမျိုးသမီးတော်တော်များများက သူတို့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိတဲ့ သူတွေ အများကြီးရှိတယ်။ ဒါကို မှန်တယ်ဆိုပြီး သွားနေကြတာ။ အဲဒါကြောင့် ကျွန်တော့်အမေလည်း သူ့ကို ဓလေ့အရ ဖိနှိပ်ထားတယ်ဆိုတာကို မသိဘူးဆိုတာ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါပေမယ့် ကျွန်တော့်အမေက အမျိုး သမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်လို့တော့ သိပ်မရင်းနှီးသေးပါဘူး။ ဒါကြောင့် အခုနောက်ပိုင်းမှာ အမျိုးသမီး တွေအနေနဲ့ ကိုယ့်မှာ ဘယ်လိုအခွင့်အရေးတွေ ရှိတယ်ဆိုတာ ပြောပြဖို့ ကျွန်တော့်မှာ တာဝန်ရှိသလိုဖြစ်လာ တယ်။
အခုနောက်ပိုင်းမှာတော့ ဘုရားကျောင်းနဲ့ မိသားစုအတွင်းမှာပါ အမျိုးသမီးတွေရဲ့အသံကို နည်းနည်းတော့ နား ထောင်လာကြပြီ။ ဒါပေမယ့် နားထောင်သင့်သလောက်တော့ နားမထောင်သေးဘူး။ ဘာလို့လဲဆို ကျွန်တော် တို့ဆီမှာက အစိုးရအရာရှိတွေရဲ့ အစည်းအဝေးမှာ အမျိုးသမီးတွေ မပါဘူး။ နိုင်ငံရေးမှာဆိုလည်း အမျိုးသမီး တွေ မရှိဘူး။ ဒါကြောင့် ဘုရားကျောင်းတွေမှာ အမျိုးသမီးတွေ ပြောဟောတာမျိုး လုပ်နေတယ်ဆိုပေမယ့် အ မျိုးသမီးတွေထက် အမျိုးသားတွေရဲ့အသံက ပိုများနေသေးတယ်။ ကျား၊ မရေးရာနဲ့ ပတ်သက်ရင်တော့ တော် တော်လေးကို လုပ်ရဦးမယ်လို့ ကျွန်တော်မြင်တယ်။
မေး ။ ။ တိုင်းရင်းသားနယ်မြေက အမျိုးသမီးအခြေအနေက မြို့ပေါ်နေ (သို့မဟုတ်) တခြားဒေသက အမျိုး သမီးတွေအခြေအနေနဲ့ နှိုင်းယှဉ်ရင် ကွာခြားချက်တွေက ဘာတွေရှိလဲ။
ဖြေ ။ ။ ကျွန်တော့်အနေနဲ့ကတော့ စီးပွားရေးတို့ နိုင်ငံရေးတို့ဘက်မှာတော့ သိပ်မသိဘူး။ ဒါပေမယ့် ကျန်း မာရေးနဲ့ပတ်သက်တဲ့ လိင်နဲ့ မျိုးဆက်ပွားကျန်းမာရေးမှာတော့ ကျွန်တော်တို့ ချင်းအမျိုးသမီးတွေမှာရှိတဲ့ ကျန်း မာရေးဗဟုသုတနဲ့ တခြားဒေသတွေမှာရှိတဲ့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးဗဟုသုတ အရမ်းကို ကွာဟနေ တယ်လို့ ယူဆပါတယ်။ ဥပမာ အနီးစပ်ဆုံး ပြောရမယ်ဆိုရင် ဗမာအမျိုးသမီးတွေ လိင်နဲ့ မျိုးဆက်ပွား ကျန်း မာရေးနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေ တော်တော်များများ သိလာကြတယ်လို့ ကျွန်တော်ယူဆတယ်။ ကျွန် တော်တို့ ချင်းမှာကျတော့ အဲဒါက အများကြီးလုပ်ယူရဦးမယ်။ သူတို့ခန္ဓာကိုယ်ကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်ဖို့က ယဉ်ကျေးမှုအရ၊ ဆိုရှယ်အရရော ကျန်းမာရေးရှုဒေါင့်အရ အများကြီးလုပ်ယူဖို့ လိုသေးတယ်လို့ ယူဆပါ တယ်။
မေး ။ ။ အမျိုးသမီးတွေ မျိုးဆက်ပွားကျန်းမာရေးအတွက် စိန်ခေါ်မှုတွေက ဘာတွေရှိလဲ။
အဖြေ ။ ။ စိန်ခေါ်မှုကကျတော့ ပညာရေး၊ ကျန်းမာရေးကအစ အရာရာနိမ့်ကျနေတော့ အဲဒါက အဓိက အကြောင်းတရားလို့ ကျွန်တော်မြင်တယ်။ ကျွန်တော့်အမေဆိုရင် ပညာတတ်တစ်ယောက်ပါပဲ။ ဒါပေမယ့် သူ လည်း အခုအချိန်အထိ ရိုးရာဓလေ့တွေ၊ ယဉ်ကျေးမှုဓလေ့အရ ထိန်းချုပ်ခံရတာတွေ ရှိနေတုန်းပဲ။ ချင်းအမျိုး သမီးတွေက သူတို့ယောက်ျားတွေရဲ့ ပံ့ပိုးသူ၊ ဒေါက်တိုင်အနေနဲ့ နေတဲ့အခါကျတော့ သူတို့ ခေါင်းထဲမှာက ဘာ ပဲလုပ်လုပ်၊ ဘယ်လိုအကြောင်းအရာပဲ စဉ်းစားစဉ်းစား အဲဒါတွေထဲမှာ သူတို့ယောက်ျားရှိတယ်ဆိုတာမျိုးက မဖြစ်သင့်ဘူး။ အမျိုးသမီးတွေ အများကြီးလုပ်ဖို့လိုနေသေးတယ်ဆိုတာကို တွေ့ရတယ်။ နောက် ဒီလို ဖိုဝါဒ ကြီးစိုးတဲ့နေရာမှာ ယောက်ျားသားတယောက်က သူ့ကိုယ်သူ ဖီးမင်းနစ်လို့ ယူဆတဲ့နေရာမှာ တခါတလေကျ ရင် အမြင်စောင်းတာလည်း ရှိချင်ရှိမယ်။ တိုက်ရိုက်ကြီးတော့ ကျွန်တော့်ကို မပြောကြဘူး။ နောက်ကွယ်တော့ ပြောချင်ပြောမှာပေါ့။ ကျွန်တော်တောင်မှ ဒီအမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးတွေရဲ့အကြောင်းကို လိုက် လုပ်မှ ဒီအကြောင်းတွေ သိရတာပါ။ တခြားကျွန်တော်မဟုတ်တဲ့ အမျိုးသားတွေမှာ ငယ်ငယ်လေးကတည်းက ပက်ထရီအာခီထဲကြီးလာတဲ့သူတွေဆိုရင် အမျိုးသမီးတွေရဲ့ အခွင့်အရေးအကြောင်း လေ့လာဖို့ အများကြီးလို နေမယ်လို့ ယူဆပါတယ်။
ဒီလိုမျိုးပက်ထရီအာခီအသိုင်းအဝိုင်းမှာ ယောက်ျားတစ်ယောက်အနေနဲ့ အမျိုးသမီးအခွင့်အရေးအတွက်ကို လုပ်နေသူတွေကျတော့ တခါတလေ ကိုယ့်ကိုကိုယ် ကျောမလုံတဲ့အချိန်ရှိတယ်။ ဒါပေမယ့် ကျွန်တော် ကိုယ့်ကို ကိုယ်ယုံကြည်ပါတယ်။ တကယ်လို့ ကျွန်တော်ပြောလိုက်လို့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က အမြင်တစ် မျိုးပြောင်းသွားမယ်ဆိုရင် ကောင်းတဲ့အခြေအနေတစ်ခုရောက်သွားနိုင်တယ်။ ပြောချင်တာက အမျိုးသမီးတွေ ကျား၊ မတန်းတူညီမျှဖို့အတွက်ဆိုရင် ပက်ထရီအာခီအသိုင်းအဝိုင်းမှာ ကျွန်တော့်လိုမျိုး အမျိုးသမီးတွေဘက်ကို ရပ်တည်တဲ့အမျိုးသားတွေ အများကြီးလိုအပ်တယ်လို့ ယူဆတယ်။
မေး ။ ။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ ဘယ်သူတွေက ဘာတွေလုပ်ဆောင်ဖို့ လိုအပ်နေလဲ။
ဖြေ ။ ။ ပြုပြင်ပြောင်းလဲမှုကတော့ ဗဟုသုတက လက်တွေ့အဆင့်မှာ အရမ်းနိမ့်တဲ့အခါကျတော့ လူမှုဝန်းကျင် တစ်ခုလုံးပြောင်းလဲဖို့က အရမ်းခက်တယ်။ တခါတလေကျလို့ရှိရင် ကျား၊ မ မညီမျှမှုကြောင့် တိုက်ရိုက်မဟုတ် တောင် သွယ်ဝိုက်တဲ့နည်းအားဖြင့် နောက်ဆက်တွဲအကျိုးဆက်တွေကတော့ အမျိုးသမီးတွေ အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်လာနိုင်တယ်။ ဥပမာ ကိုယ်မလိုချင်တဲ့ကလေးတွေ အများကြီးမွေးလာတဲ့အခါကျတော့ သွေးအား အရမ်းနည်းလာပြီး နောက်ပိုင်းမှာ ကလေးမွေးရင်း သွေးသွန်ကာ အသက်ဆုံးရှုံးရသလို အဲဒီလိုအများကြီးနဲ့ ချိတ်ဆက်နေတယ်။ ဒါကြောင့် အများကြီးလုပ်ဖို့လိုသေးတယ်လို့ ပြောတာပါ။ ဥပမာ ကန်ပလက်တို့၊ ကလေး မြို့တို့မှာဆိုရင် အမျိုးသမီးအရေးလှုပ်ရှားသူတွေဆိုရင် အရမ်းအင်အားရှိကြတယ်။ ကျွန်တော်တို့ ချင်းအမျိုးသ မီးတွေမှာတော့ သိပ်ပြီးတော့ strong (အားမကောင်း) မဖြစ်သေးဘူး။ ဆိုတော့ တစ်ပြည်လုံးနဲ့ ခြုံပြီးတော့ အ မျိုးသမီးအခွင့်အရေးကို တကယ်လုပ်နေတဲ့အဖွဲ့အစည်းတွေ ကျွန်တော်တို့ဆီမှာ အများကြီး လိုအပ်သေးတယ် လို့ မြင်တယ်။ အခုဆိုရင် ကျွန်တော်တို့ NGO မှာဆိုရင် အမျိုးသမီးတွေအတွက် ပညာပေးတာလောက်ပဲ လုပ်ပေးနိုင်သေးတယ်။ နောက်ပိုင်းတွေမှာဆိုရင် ပေါ်လစီတွေပြောင်းဖို့လည်း လုပ်ဖို့လိုပါသေးတယ်။
မေး ။ ။ အမျိုးသမီးရေးလှုပ်ရှားမှု၊ အမျိုးသမီးအခွင့်အရေး၊ ကျားမတန်းတူရေးအတွက် အမျိုးသားတွေရဲ့ပါဝင်မှု၊ လုပ်ဆောင်မှုက ဘယ်လောက်ထိ အရေးပါလဲ။
ဖြေ ။ ။ အမျိုးသားတွေ ပါဝင်မှုက အရမ်းအရေးပါတာပေါ့။ ဘယ်လောက်အထိ ကိန်းဂဏန်းနဲ့တော့ မဖော်ပြ တတ်ဘူး။ ဒါပေမယ့် အိမ်တွင်းကအစ ကိုယ့်သားသမီးကို ကြည့်ရှုစောင့်ရှောက်တဲ့နေရာက စပြီးတော့ ကျွန် တော်တို့ ချင်းလူမှုအသိုင်းအဝိုင်းအနေနဲ့ပြောမယ်ဆိုရင် အိမ်တွင်းကအစ သူတို့လည်ပတ်နေတဲ့ ပတ်ဝန်းကျင် ကအစ အစိုးရဌာနဝန်းကျင်အထိ အများကြီးလိုအပ်ပါတယ်။
ကျွန်တော့်ကို ဘုရားကျောင်းတခုက ကျား၊ မ ရေးရာအကြောင်းပြောခိုင်းတော့ ကျွန်တော်အမေးအဖြေလုပ်ကြည့်တယ်။ အဲဒီမှာ ပက်ထရီအာခီအသိုင်းအဝိုင်း ဖြစ်နေတယ်ဆိုတာ အရမ်းသိသာတယ်။ ယောကျ်ားတွေကလည်း သူတို့အဲဒီလိုဖြစ်နေတာကို ဂုဏ်ယူစွာနဲ့ ပြော ကြတယ်။ အမျိုးသမီးတွေကလည်း ယောကျ်ားတွေဆိုရင် ဒီလိုပဲဖြစ်သင့်တယ်ဆိုတာမျိုး ပြောကြတယ်။ အဲဒီ လိုဖြစ်နေတဲ့အခါကျတော့ ချင်းယောက်ျားထုကြီးရဲ့ အသိစိတ်ထဲမှာ ယောက်ျားမှ ယောက်ျားဖြစ်နေတယ်။ ခေါင်းဆောင်ဆိုရင် ယောကျ်ားမှယောကျ်ား၊ ယောကျ်ားပြောတာမှ မှန်တယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိနေ သေးသရွေ့ကတော့ တော်တော်လေးရွေ့ဖို့ အရမ်းခက်နေမှာပဲ။
ဒါပေမယ့် ကျွန်တော်ယုံကြည်တယ်။ ကျွန် တော်တို့လိုမျိုး လူငယ်တွေပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် နောက်ပိုင်းတွေမှာ ကိုယ့်ဖာသာကိုယ် ကျား၊ မ ရေးရာကို လေ့လာကြတာ တော်တော်များလာမယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့ဆို ကျွန်တော်တို့ရှေ့မှာ လည်း အများကြီးလုပ်နေတယ်ဆိုတော့ ကျွန်တော်တို့နောက်ပိုင်းတွေမှာ ရှိလာနိုင်ပါတယ်။
မေး ။ ။ ကျားမတန်းတူရေးအတွက် လုပ်ဆောင်တဲ့အမျိုးသားတွေအတွက်ရော ဘာတွေစိန်ခေါ်မှုရှိလဲ။ အဲဒီ စိန်ခေါ်မှုတွေကိုရော ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ဖြေ ။ ။ ဟားခါးအခြေစိုက် ချင်းအမျိုးသမီးများအဖွဲ့အစည်းမှာလုပ်နေတာ အမျိုးသားဆိုလို့ ကျွန်တော် တစ်ယောက်ထဲရှိတယ်။ တခါတလေကျ အားငယ်တယ်။ ဒီလိုအမျိုးသမီးတွေအများကြီးထဲမှာ ဘာလို့ရှိနေတာ လဲဆိုပြီး ထူးဆန်းနေတယ်။ ဘာလို့လဲဆို အဖွဲ့အစည်းတစ်ခုမှာ အမျိုးသားတွေပဲများမယ်ဆိုရင် အမျိုးသမီး တွေက နည်းမယ်ဆိုတဲ့ သဘောသဘာဝက ရှိနေတယ်လေ။ ပြန်ယှဉ်မယ်ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဲဒီလို အမျိုးသမီးတွေက ဆွေးနွေးတဲ့စကားဝိုင်းတွေမှာ အရမ်းနည်းတဲ့အတွက် သူတို့ခံစားရတာတွေထက်စာ ရင် ငါခံစားရတာက သေးသေးလေးပဲလို့ တွေးကြည့်မိတယ်။ တခါတလေတော့ ငါဘာလို့မလုပ်နိုင်ရမှာလဲလို့ လည်း တွေးမိတယ်။
တခါတလေကျရင် အမြင်စိမ်းတယ်၊ ဒီကောင်ဘယ်လိုလဲဆိုတာမျိုးပေါ့။ အဓိကကတော့(ဆိုရှယ်)မှာပဲ။ အဲဒါက လျစ်လျူရှုဖို့ တော်တော်ခက်မယ်။ ကျွန်တော့်အတွက်ကတော့ အဲဒါတွေကို ဖယ်ထုတ်နိုင်ပြီလို့ ယူဆတယ်။ ဘာလို့လဲဆို ကျွန်တော်အမျိုးသမီးအခွင့်အရေးတွေ ဆွေးနွေးတဲ့အခါ ကျွန်တော်ရဲရဲဝံ့ဝံ့ပြောနိုင်ပြီ။ ကျား၊ မရေး ရာနဲ့ပတ်သက်ရင် ကိုယ်ကလည်း သိသလောက် တတ်သလောက် Advocate (စည်းရုံးလှုံ့ဆော်) နိုင်အောင် ကြိုးစားနေပြီ။ အဲဒါက ကျွန်တော့်ရဲ့အသိုင်းအဝိုင်းသေးသေးလေးမှာ ပေါ်နေတာပါ။
ဒါပေမယ့် တကယ့်ပက် ထရီအာခီ ပတ်ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်တွေကြားထဲမှာတော့ ကျားမရေးရာနဲ့ပတ်သက်ပြီးပြောဖို့ ကျွန် တော့်မှာ အခုထိအခွင့်အရေးမရသေးဘူး။ တကယ်လို့ပြောဖို့ အခွင့်အရေးရလာရင်လည်း ပြောရဲဖို့ ကျွန်တော် အခုထိသတ္တိမွေးနေတုန်းပဲ။ နောက်ကျွန်တော်ချင်းပြည်နယ်အစိုးရရဲ့နေရာတခုခုမှာ အလုပ်ရခဲ့သည်ရှိသော် ကျွန်တော်အမျိုးသမီးအခွင့်အရေးအကြောင်းကို ဒီလိုပြောနိုင်မလားဆိုတဲ့မေးခွန်းလည်း တခါတလေရှိပါတယ်။ အရမ်းပြင်းထန်တဲ့အယူအစွဲရှိတဲ့နေရာမှာ ကိုယ်ကသွားပြောရမယ်ဆိုတော့ ကိုယ်ကို ဘယ်လိုတုန့်ပြန်လာမလဲ ဆိုတဲ့ စိုးရိမ်မှုရှိတယ်။ အခုတော့ကျွန်တော်သတ္တိမွေးနေတယ်။ တကယ်လို့ အခွင့်အရေးရခဲ့မယ်ဆိုရင် ပြော နိုင်ဖို့ စိတ်ဓါတ်ပိုင်းရော အသိပညာပိုင်းမှာပါ ပြင်ထားပါတယ်။
မေး ။ ။ ဆရာ့ရဲ့ ဘဝအိပ်မက်က ဘာလဲ။
ဖြေ ။ ။ အခုတော့ ဆရာဝန်ဖြစ်သွားပြီပေါ့။ ကျွန်တော်ရဲ့စိတ်ကူးထဲမှာ ကျွန်တော်နေထိုင်တဲ့ လူနေမှုပတ်ဝန်း ကျင်မှာ တာဝန်ကျေတဲ့ လူအများထဲက တစ်ယောက်တော့ ဖြစ်နိုင်တယ်။ ကျွန်တော်ကတော့ကျေနပ်တယ်လို့ ယူဆတယ်။ ငယ်ငယ်တုန်းကတော့ အကြီးအကဲ၊ ရာထူးကြီးကြီး ရချင်တာမျိုးရှိခဲ့တယ်။ ဒါပေမယ့် အခုတော့ မရှိတော့ဘူး။ ကိုယ်တတ်နိုင်သလောက် ကိုယ်သိတဲ့ဗဟုသုတ၊ ကိုယ်သိတဲ့ပညာနဲ့ ကိုယ်ရဲ့အသိုင်းအဝိုင်းမှာ လူလို့ မြင်နိုင်ရင် ရပါပြီ။
မေး ။ ။ ဆရာအနေနဲ့တခြားသတင်းစကားမှတ်ချက်များ ပေးချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ကျွန်တော်အခုပြောတာတွေက ကျွန်တော်တို့ လိုင်မျိုးနွယ်စုမှာ တွေ့နေရတာတွေကို ကျွန်တော့်အတွေ့ အကြုံနဲ့ယှဉ်ပြီး ပြောတာဖြစ်တယ်။ တခြားနေရာတွေမှာ ဒီလိုအတွေ့အကြုံတွေကတော့ မတူနိုင်ဘူး။ ဒါပေမယ့် ပက်ထရီအာခီကို အရမ်းရှေ့တင်လွန်းတဲ့ နေရာတွေမှာ ကျွန်တော်တို့ ယောက်ျားတွေကနေပြီးတော့ အမျိုးသမီး အခွင့်အရေးကို ဦးစားပေးတဲ့အလုပ်တွေ၊ အမျိုးသမီးတွေရဲ့စွမ်းဆောင်ရည်ကို မြှင့်တင်တဲ့အလုပ်တွေ အရမ်းအ ရေးကြီးတယ်လို့ ယူဆတယ်ဆိုတော့ ကျွန်တော့်လိုမျိုးပဲ ယောက်ျားထုတွေကို ကျားမတန်းတူရေးအတွက် လုပ်ဖို့ ဖိတ်ခေါ်ချင်တယ်။ အတူတူလုပ်ဆောင်ချင်ပါတယ်။
- ချင်းအမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတာက တော်တော်လေးဝမ်း နည်းစရာကောင်းတယ်ဆိုတဲ့ ဒေါက်တာ ဗျက်ကျုံးလျန်နှင့် တွေ့ဆုံမေးမြန်းခြင်း - 11/03/2020
- နာဂတောင်တန်းပေါ်က ဘဝခရီးကြမ်းနဲ့ အားမာန်မလျှော့သူများ - 27/02/2020
- ဂုဏ်ယူနေရုံနဲ့ မလုံလောက်တဲ့ သားရှင်တွေရဲ့အခန်းကဏ္ဍ… - 07/02/2020