







မယ်လွန်း။ ။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ (မုန်းဒေသ) ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မြန်မာ အစိုးရစစ်တပ်တို့ရဲ့ ထိန်းချုပ်မှုနယ်မြေထဲမှာရှိပြီး သေနတ်သံတွေ၊ မိုင်းသံတွေ၊ ရပ်စဲခဲ့တာ နှစ်အနည်းငယ် (နှစ်နှစ်ပတ်ဝန်း) ကျင်ပဲ ရှိပါသေးတယ်။
မုန်းဒေသမှာရှိတဲ့ ကျေးရွာတွေထဲကိုရောက်ရင် မျက်စိတဆုံး ဧကပေါင်းများစွာ ကျယ်ပြောလှတဲ့ ကွမ်းသီးခြံ (ဒေသအခေါ်ဥယျာဉ်ခြံ)တွေနဲ့ ကြည်နှူးစရာကောင်းလှပါတယ်။ ဥယျာဉ်ခြံပိုင်ရှင်အများစုကတော့ အခြားဒေသကလူတွေဖြစ်ကြပြီး လူနည်းစုသာ ရွာခံပိုင်ရှင်တွေဖြစ်ပါတယ်။ ဒေသခံအများစုဟာ အခြေခံလူတန်းစားတွေဖြစ်ကြပြီး ကွမ်းသီးခြံစောင့်အလုပ်၊ ကွမ်းသီးချိတ်တဲ့အလုပ်၊ ကွမ်းသီးကောက် အလုပ်၊ ကွမ်းသီးခြစ်တဲ့အလုပ်၊ ကွမ်းသီးထောင်းပြီးနေလှန်းတဲ့အလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်းပြုကြ ပါတယ်။ ကလေးအရွယ်ကနေ သက်ကြီးရွယ်အိုအဆုံး အမျိုးသမီးတွေကတော့ ကွမ်းသီးကောက်၊ ဥယျာဉ် ခြံစောင့်အလုပ်၊ ကွမ်းသီးခြစ်တဲ့ အလုပ်တွေကိုလုပ်ပြီး နေ့တဓူ၀ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အတွက် ဖြေရှင်းကြပါတယ်။ ကွမ်းသီးခြစ်ရင်တော့ တလုံးကို တစ်ကျပ်ကနေ နှစ်ကျပ်နှုန်းအထိသာရှိပြီး ကျွမ်းကျင်သူတွေက အများဆုံး တရက်ကို ကျပ်(၃၀၀၀)အထိ လုပ်နိုင်ကြပြီး အများစုကတော့ (၁၀၀၀) ကျပ်ကနေ (၁၅၀၀)ကျပ်ကြားထဲမှာသာ ဝင်ငွေရကြပါတယ်။ ဒါကြောင့် ဒေသခံအမျိုးသမီးတွေရဲ့ စားဝတ် နေရေးက ခက်ခဲနေကြဆဲပြီး အရွယ်ရောက်သူအများစုမှာတော့ အခြားမြို့နယ်တွေနဲ့အိမ်နီးချင်းနိုင်ငံတွေမှာ သွား ရောက်အလုပ်လုပ်ကိုင်ကြရပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021