နန်းဆိုင်နွမ်။ ။
“ တရားဝင်ဝင်၊ မဝင်ဝင်၊ လက်မှတ်ရှိရှိ၊ မရှိရှိ၊ တို့အမျိုးသမီးတွေ ဆက်လျှောက်မယ်” “တို့အမျိုးသမီးတွေ နိုင်ရ မယ်” ဆိုတဲ့ သံပြိုင်အော်သံတွေနဲ့အတူ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမများ လမ်းလျှောက်ချီတက် ကြွေးကြော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒါကတော့ ၂၀၁၈ ခုနှစ်၊ မတ်လ(၈)ရက်နေ့၊ နိုင်ငံတကာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ နဝရတ်တံတားကနေ မြို့လည်ထပ်ပယ်တံခါးအထိ လမ်းလျှောက်ချီတက်လာကြစဉ်က ဟစ်ကြွေးခဲ့ကြ တာပါ။
မြန်မာရွှေ့ပြောင်းအလုပ်သမတွေရဲ့ လက်ထဲမှာတော့ “ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိများထဲမှာ အမျိုး သမီး သံအရာရှိတဦးခန့်ပေးပါ” “ အမျိုးသမီးကဏ္ဍ မြင့်တင်ရေး အားလုံးဝိုင်းဝန်းတွန်းအားပေး” “ လုပ်ခလစာ တန်းတူရရှိရေး” ဆိုတဲ့ လက်ကိုင်ဆိုင်းဘုတ်ကိုယ်စီ ကိုင်မြှောက်ပြီး အားနဲ့မာန်နဲ့ ချီတက်လာခဲ့ကြတာပါ။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တဲ့အတွက် အမျိုးသမီး အရေးကို ထဲထဲဝင်ဝင် ပါဝင်ကူညီဆောင်ရွက်နိုင်ဖို့ မြန်မာအလုပ်သမားဆိုင်ရာ သံအရာရှိ အမျိုးသမီးတဦး လိုအပ်နေကြောင်း မတ်လ (၈)ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ ဦးစားပေးတောင်းဆိုနေ ကြတာပါ။
“အမျိုးသမီးတွေနဲ့ဆိုင်တဲ့ ပြဿနာတွေ၊ အမျိုးသမီးနဲ့ပတ်သက်တဲ့ကိစ္စတွေ၊ ဦးတိုက်စကားပြောရရင် အလုပ်သမား သံအရာရှိက အမျိုးသားတွေဖြစ်နေတဲ့အတွက် မဝံ့မရဲဖြစ်ရတယ်။ ပြီးတော့ သူတို့က အမျိုးသမီးတွေကိစ္စကို နား လည်း မလည်ကြဘူး” လို့ ချီတက်ပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ရွှေ့ပြောင်းအလုပ် သမားတွေကို အကူအညီပေးနေတဲ့ မဦးက ပြောပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအရေးကို ကိုင်တွယ်ဖြေရှင်းပေးဖို့ မြန်မာသံရုံးက အလုပ်သမားရေးဆိုင် ရာ သံအရာရှိ(၅)ဦးခန့်အပ်ပေးရာမှာ အဲဒီ (၅)ဦးစလုံးဟာ အမျိုးသားတွေဖြစ်နေတဲ့အတွက် အမျိုးသမီး အလုပ်သ မား သံအရာရှိ(၁)ဦး ခန့်ပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။
“ အဝေးကိုခေါ်သွားတဲ့ မုဒိမ်းမှုလိုမျိုး၊ လုပ်ငန်းရှင်က အလုပ်သမတွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ကိစ္စ တွေ၊ အလုပ်သမားခေါင်းဆောင်က ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာတွေကိစ္စမှာ အလုပ်သမား သံအရာရှိတွေဆီကို အမှုတွေက ရောက်သွားမယ်။ အဲဒီမှာ သူတို့နဲ့ ကျမတို့ မကြားဝံ့ မနာသာစကားတွေ ပြောဆိုရမယ်။ အမျိုးသား တွေကို ပြောဖို့မသင့်တော်တဲ့ စကားတွေပြောဆိုရမယ်ဆိုရင် မလိုအပ်ပဲ အမှုက ကြန့်ကြာနိုင်သလို အမှုမှန်ဖော် ထုတ်နိုင်ဖို့လည်း အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် အမျိုးသမီးသံအရာရှိထားသင့်တယ်လို့ ကျမတို့ ယုံကြည် ပါတယ်” လို့လည်း မဦးက ဆက်လက်ပြောပါတယ်။
ရွေ့ပြောင်းအလုပ်သမားရေးဆိုင်ရာ အမျိုးသမီးသံအရာရှိ ခန့်အပ်ပေးပါက အမျိုးသမီးတွေ မပြောရဲတဲ့ကိစ္စကို ပိုမိုပြောဆိုလာနိုင်ပြီး အမျိုးသမီးအလုပ်သမတွေရဲ့အခက်အခဲတွေကို ပိုမိုဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း မဦးက ဆိုပါတယ်။
“ အမျိုးသမီးအရေးတွေကို တောင်းဆိုပြီး အမျိုးသမီးတွေ ခံစားနေရတွေကို ပိုမိုပြောဆိုနိုင်ဖို့ အမျိုးသမီး သံအရာရှိ တဦး မဖြစ်မနေ လိုအပ်နေပါတယ်” လို့ ချီတက်ပွဲမှာ ပါဝင်တဲ့ နော်ရှဲဝါးကလည်း ဆိုပါတယ်။
“ ရွှေ့ပြောင်းလုပ်သားမှာ တဝက်ကျော်ကျော်က အမျိုးသမီးတွေဖြစ်နေပါတယ်။ အမျိုးသမီးအရေးကို အမျိုးသမီး တွေလောက် အမျိုးသားတွေ မသိပါဘူး။ အဲဒီအတွက်ကြောင့် (၅)ယောက်ခန့်တဲ့အထဲမှာ (၁)ယောက်ပဲ တောင်း ဆိုပါတယ်။ အမျိုးသားတွေပဲဆိုရင် အမျိုးသားအရေးပဲ လုပ်နိုင်မယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေက ရင်ဆိုင်နေရ တာ မတူကြဘူးလေ” လို့လည်း နော်ရှဲဝါးက ဆက်လက်ပြောပါတယ်။
ထိုင်းနိုင်ငံကို လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတွေအတွက် အလုပ်သမား သံ အရာရှိ အမျိုးသမီး(၁)ဦးလောက်ခန့်ထားမယ်ဆိုရင် တချို့သော လိင်ပိုင်းဆိုင်ရာပြဿနာတွေက အမျိုးသမီး အချင်းချင်းဆို ပိုပြီးပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်လို့ရသွားမယ်လို့ ချီတက်ပွဲကို တက်ရောက်လာတဲ့ နန်းဖောင် အွာကလည်း ပြောဆိုထောက်ပြလိုက်ပါတယ်။
“လက်ရှိမှာ အမျိုးသား(၅)ဦးစလုံး ဖြစ်နေတော့ တချို့အမျိုးသမီးပြဿနာတွေကို ထိထိရောက်ရောက်မကူညီနိုင် ဘူးလေ။ တကယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာသံရုံးအနေနဲ့ ကျမတို့တောင်းဆိုချက်တွေကို အလေးထားဆောင် ရွက်ပေးမယ်ဆိုရင် တခြားဌာနဆိုင်ရာတွေမှာလည်း အတွေးအခေါ်နဲ့ အမြင်လေးတွေ ပြောင်းလဲဖို့ တွန်းအားတခု ဖြစ်သွားမယ်” လို့ နန်းဖောင်အွာက ဆက်လက်ပြောပါတယ်။
ဘယ်နေရာ ဘယ်ဒေသ ဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်း နည်းနေတာကို တွေ့ရတယ်လို့လည်း သူမက ဝေဖန်လိုက်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမတွေအရေးအတွက် အလုပ်သမားရေးဆိုင်ရာ အမျိုးသမီးသံအရာရှိတဦး ရရှိဖို့လည်း သက်ဆိုင်ရာကို စာတင်ပြီး တောင်းဆိုသွားမယ်လို့ ချီတက်ပွဲမှာ ပါဝင်တဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုး သမီးတွေက ပြောဆိုကြပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေမှာ အမျိုးသမီးနဲ့ အမျိုးသားတွေအကြား လုပ်ခလစာ တန်းတူမရှိသေးတဲ့ကိစ္စကိုလည်း ချီတက်ပွဲမှာပါဝင်တဲ့ ရှမ်းအမျိုးသမီးတဦးဖြစ်တဲ့ မနန်းက ပြောဆိုလိုက်ပါတယ်။
“ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာလုပ်တဲ့ အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ လုပ်ခလစာ မတူညီဘူး။ အမျိုး သားတွေ (၃၅၀)ဘတ်ရနေချိန် အမျိုးသမီးတွေက (၂၅၀)ဘတ်ပဲရတယ်။ အလုပ်လုပ်ရတဲ့ အချိန်တူတယ်။ လုပ်ရ တဲ့တာဝန်လည်း အတူတူပါပဲ။ ဒါပေမယ့် အမျိုးသမီးတွေကိုတော့ လျော့ပေးတယ်။ ဒါမဖြစ်သင့်ဘူး” လို့ ချီတက်ပွဲ မှာ ပါဝင်တဲ့ ရှမ်းအမျိုးသမီးမနန်းက ပြောပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းဟာ စွန့်စားပြီးလုပ်ရတဲ့ အလုပ်ဖြစ်ပြီး အဲဒီလိုအလုပ်မျိုးမှာ အမျိုးသမီးတွေဟာ အမျိုး သားတွေနည်းတူ အလုပ်တူ၊ တာဝန်တူ လုပ်ကြရပြီး လစာကိုတော့ တန်းတူမပေးလို့ တန်းတူပေးဖို့လည်း ကျမတို့ က တောင်းဆိုပါတယ်လို့ မနန်းက ဆက်လက်ပြောဆိုလိုက်ပါတယ်။
လက်ရှိထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ အမျိုးသားတွေနဲ့ တန်းတူလုပ်အားခ မရရှိသေးတာကလည်း တခုဖြစ်နေပြီး အလုပ်ရုံစက်ရုံတွေမှာလုပ်တဲ့ အမျိုး သမီးအများစုဟာ ကိုယ်ဝန်ရှိလာရင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ အလုပ်က ရပ်ဆိုင်းခံနေရဆဲပါလို့ ရွှေ့ပြောင်းလုပ်သားအမျိုးသမီးတွေက ဆိုကြပါတယ်။
ဒါတွေအပြင် နိုင်ငံခြားသားအလုပ်ရှင်အိမ်မှာ နေထိုင်ရတဲ့ အလုပ်သမားအမျိုးသမီးအများစုက နေထိုင်ခွင့် စာရွက်စာတမ်းနဲ့ ပတ်သက်ပြီး သက်တမ်းတိုးရာမှာ ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်ရှင်များ၊ အလုပ်သမား ငှားရမ်းခွင့်ဥပဒေ ထုတ်ပြန်ထားခြင်း မရှိတဲ့အတွက် အိမ်အကူအလုပ်လုပ်နေတဲ့အမျိုးသမီးတွေအတွက် အခက် အခဲ ကြုံနေရတယ်လို့လည်း ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားအမျိုးသမီးတွေက မတ်လ(၈)ရက်နေ၊့ နိုင်ငံတ ကာ အမျိုးသမီးများနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးတော့ အမျိုးသမီးတွေကို အလုပ်မဝင်ခင်မှာ အလုပ်နားရက် တပတ်တရက်ပေးမယ်လို့ သဘောတူထားပေမယ့် တကယ့် လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်ရတဲ့အခါ နားရက်လုံးဝမပေးတာတွေလည်း ရှိနေတယ်လို့ သိရပါ တယ်။
လုပ်ငန်းခွင်တိုင်းမှာ အမျိုးသမီးများ လစာပြည့်မီးဖွားခွင့်၊ အလုပ်အကိုင်လုံခြုံမှု၊ ကလေးထောက်ပံ့ကြေးများ ရရှိမှု စတာတွေကိုလည်း မတ်လ(၈)ရက်နေ့၊ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ချင်းမိုင်အခြေစိုက် အမျိုးသမီးအဖွဲ့အ စည်းတွေနဲ့ လူမှုအဖွဲ့အစည်းတွေက ပြောဆိုလိုက်ပါတယ်။
အိမ်တွင်း၊ လုပ်ငန်းခွင်၊ လမ်း၊ လူမြင်ကွင်း၊ နေရာတိုင်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများအားလုံး အဆုံး သတ်ပေးဖို့လည်း အမျိုးသမီးအဖွဲ့အစည်းတွေက ဆက်လက်တောင်းဆိုထားကြပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာအမျိုးသမီးများနေ့ကို နှစ်တနှစ်ရဲ့ ရက်တရက်ကို သတ်မှတ် နိုင်ဖို့ ၁၉၇၇ ခုနှစ်၊ ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာတော့ နှစ်စဉ်နှစ်တိုင်းမတ်လ(၈)ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းများအတိုင်း အထွေထွေအတွင်းရေးမှူးမှ အသိအမှတ်ပြုပေးခဲ့တာဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်ကစပြီး နိုင်ငံပေါင်း (၂၈)နိုင်ငံမှာ မတ်လ(၈)ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့ သတ်မှတ် ထားမှုအတွက် အစိုးရရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုမှုတွေ ရှိလာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ လွန်ခဲ့တဲ့ (၅)နှစ်လောက်ကစတင်ပြီး မတ်လ(၈)ရက်နေ့မှာ နိုင်ငံတကာအမျိုးသမီးများနေ့ အဖြစ် လှုပ်ရှားမှုတွေ ရှိလာခဲ့ပေမယ့် ဒီနှစ် ၂၀၁၈ ခုနှစ်မှာတော့ နိုင်ငံအနှံ့လှုပ်ရှားမှုများ ပိုမိုထွက်ပေါ်လာတဲ့နှစ် လို့ ပြောဆိုနေကြတာရှိပါတယ်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021