ပစ်တိုင်းထောင်မ။ ။
“ တခန်းထဲ အိပ်ရတာဆိုတော့ အမေက မနက်စောစော ထမင်းထချက်တဲ့အချိန်ဆို သူသမီးဆီရောက်လာ တယ်..”
ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ် တောင်ပေါ်ရွာကလေးမှာနေတဲ့ နန်းမူ (အမည်လွဲ) က ပထွေးဖြစ်သူရဲ့ ကျူးလွန်မှုတွေကို ပြန်ပြောပြတာပါ။
“သမီးအိပ်တဲ့နေရာကိုလာပြီး လက်နှစ်ဖက်ကို ချုပ်ထားတယ်၊ သမီးက အော်ပြီးငိုတော့ သမီးပါးစပ်ကို ခေါင်းအုံးနဲ့ဖိပြီး ပိတ်ထားတယ်။ ပြီးတော့ ခြေထောက်နဲ့လည်း ကန်တယ်။ သူများကို ပြောပြရင် နင့်ကိုငါ သတ်ပစ်မယ်တဲ့”
အခုအခါ အသက်(၁၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ နန်းမူက ဒီလိုအဖြစ်ဆိုးကို ဒုတိယတန်းကျောင်းသူဘဝက တည်းက စကြုံရတာလို့ ပြောပါတယ်။
နောက်ပိုင်းမှာတော့ ပထွေးက သူ့ကို အိမ်မှာတင်မက အခြားနေရာတွေမှာပါ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပါ တယ်။
“မီးသွေးသွားဖုတ်တော့လည်း သမီးကို ခေါ်သွားတယ်၊ အဲဒီမှာလည်း လုပ်တယ်။ သမီးအော်ငိုပြန်တော့ နင် အော်ကြည့်၊ နင့်ကိုသူများလာသတ်လိမ့်မယ်တဲ့၊ အဲဒီမှာက သူပုန်တွေရှိတော့ နင့်ကို သူများသေနတ်နဲ့ လာ ပစ်သတ်မယ်လို့ပြောတယ်..”
ကြုံရင်ကြုံသလို အကြိမ်ကြိမ် အကျင့်ကြံခံရတာကြောင့် အပျိုဖော်ဝင်စအရွယ်မှာဘဲ ကိုယ်ဝန်ရလာတယ် လို့ ပြောပြပါတယ်။
“တရက်မှာ သမီးကျောင်းက ပြန်လာတော့ သူက မေးတယ်၊ နင်ရာသီလာသလားတဲ့။ ဟင့်အင်း.. မလာ ဘူးလို့ ပြောလိုက်တယ်။ အဲဒါနဲ့ သူနဲ့သိတဲ့ ဆရာမတယောက်ဆီ ခေါ်သွားတယ်၊ စစ်ကြည့်တော့ ကိုယ်ဝန် (၆)လရှိပြီတဲ့။ ဆရာမက ဘယ်သူနဲ့ရတာလဲမေးတော့ သူက ပန်းရံသမားနဲ့ ရတယ်လို့ ဖြေတယ်။ သမီးကို လိမ်ခိုင်းတာ သမီးက မပြောတော့ သူဝင်ဖြေတယ်။ ဖျက်ချလို့မရဘူးလားလို့ သူက မေးတော့ ဆရာမက မရဘူးတဲ့။ အဲဒါ အိမ်ပြန်ရောက်တော့ အရက်ဦးရေနဲ့ ကျားငါးကောင်ဆေးနဲ့ တိုက်တယ်..”
အရက်နဲ့သွေးဆေးတွေ တိုက်ပေမယ့် ကိုယ်ဝန်က ပျက်ကျမသွားခဲ့ပါဘူး။ အဲဒီလိုနဲ့ ကလေးတယောက်ရခဲ့ တယ်လို့ နန်းမူက ပြောပါတယ်။
“သမီးကလေးမွေးတော့ ချက်ချင်းပဲ ဆေးရုံမှာ သူများကို ပေးလိုက်တယ်..”
ကလေးမွေးကာနီး ကိုယ်ဝန်ရင့်လာချိန်မှ အရပ်က သိသွားခဲ့ပြီး နောက်ပိုင်းပထွေးဖြစ်သူကို အရေးယူခဲ့ပါ တယ်။
ပထွေးဖြစ်သူကို ၂၀၁၆ ခုနှစ်အတွင်းမှာ တရားရုံးက ထောင်ဒဏ် (၁၀)နှစ် အပြစ်ပေးခဲ့ပါတယ်။
နန်းမူရဲ့အမှုကို လိုက်ပါကူညီပေးခဲ့တဲ့ ဖာဆောင်းမြို့နေ အမျိုးသမီးတဦးက သူရဲ့အမြင်ကို အခုလို ပြောပြပါ တယ်။
“ယုံကြည်မှုက သိပ်အားနည်းသွားပြီ။ စိတ်ချလို့မရဘူး။ မိန်းကလေးငယ်တွေအတွက် လုံးဝကို မလုံခြုံတော့ ဘူး။ မောင်နှမလည်း စိတ်ချလို့မရ၊ ဦးလေးနဲ့ တူဝရီးတွေလည်း စိတ်ချလို့မရ၊ အဖေရင်းကျူးလွန်မှုတွေ လည်းရှိလာ၊ ပထွေးဆိုရင် ပိုဆိုးတဲ့ အခြေအနေကိုရောက်သွားပြီ”
အမျိုးသမီးတွေဟာ အရွယ်မတိုင်ခင်မှာ ဒါမှမဟုတ် အရွယ်ရောက်ပြီးချိန်မှာ ပါတ်ဝန်းကျင်က နီးစပ်သူ တွေကြောင့် အန္တရာယ်ကျရောက်နိုင်တဲ့အခြေအနေ ပိုမိုတိုးမြှင့်လာပါတယ်။
နန်းမူလိုပဲ အဖြစ်ဆိုးနဲ့ကြုံရသူ နောက်တယောက်ကတော့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က မိဖြူ (အမည်လွဲ) ဖြစ်ပါတယ်။
မိဖြူရဲ့အဖြစ်အပျက်ကိုတော့ ငယ်စဉ်ကတည်းက အတူနေခဲ့တဲ့ အဒေါ်ဖြစ်သူက ပြန်ပြောပြပါတယ်။
“(၂)တန်းနှစ်ကနေ (၇)တန်းနှစ်အထိ အဒေါ်နဲ့ အတူနေတယ်။ သူလာပြောပြတဲ့အချိန်မှာ အန်တီက ငိုတာ ပေါ့၊ သူကလည်း ငို..၊ အဲဒါနဲ့ သမီး နင့်အဝတ်အစားတွေရောဆိုတော့ ရှိတယ် ကြွပ်ကြွပ်အိပ်ထဲမှာတဲ့….”
သနပ်ခါးကို ပါးပြင်မှာ ဖွေးနေအောင် လိမ်းထားသော်လည်း အသက် (၅၀) ကျော်အဒေါ်ကြီးက မျက်ရည် တွေ စီးကျရင်း တူမ မတရားကျင့်ခံရတဲ့အကြောင်းကို ပြောပြနေပါတယ်။
တူမဖြစ်တဲ့ မိဖြူက အသက် (၁၇)နှစ်အရွယ်ရှိပါပြီ။ အဖေဖြစ်သူ ငယ်စဉ်ကတည်းက ဆုံးပါးခဲ့ပြီး မိခင်က နောက်အိမ်ထောင်ပြုခဲ့တာကြောင့် အဒေါ်က ခေါ်ပြီး မွေးစားထားတာလည်း ဖြစ်ပါတယ်။
အဒေါ်ဖြစ်သူဆီရောက်လာပြီးနောက် မိဖြူက စက်ရုံတခုမှာ အလုပ်လုပ်ခဲ့ပါတယ်။
“သူက ရင်ကြပ်ရောဂါရှိတယ်။ နေမကောင်းတော့ အလုပ်ကနားရတယ်။ တလကျော်နားလိုက်တော့ အလုပ် က ပြုတ်သွားတယ်..”
အဲဒီနောက်တော့ အဖြစ်ဆိုးတွေဟာ မိဖြူနောက်ကို လိုက်လာပါတော့တယ်။
နေမကောင်းတဲ့ မိဖြူဟာ အလုပ်ပြုတ်သွားတဲ့နောက် အကြွေးတင်လာပါတယ်။ အကြွေးဆပ်စရာ ပိုက်ဆံ မရှိတော့ သူ့အစ်မအိမ်မှာ အကူအညီသွားတောင်းခဲ့တယ်လို့ အဒေါ်က ပြောပြပါတယ်။
“အလုပ်သွင်းပေးမယ်ဆိုပြီး ခဲအိုက ခေါ်သွားတယ်။ ပြီးတော့ သားမယားပြုကျင့်လိုက်တယ်”
တူမဖြစ်သူမိဖြူမှ ပြန်ပြောပြချိန်မှာ အဒေါ်လုပ်သူက သူ့အနေနဲ့ ဘာတွေဆက်လုပ်ရမလဲဆိုတာကို စဉ်းစား မိသလောက် ပြောပြခဲ့တယ်လို့ ရှင်းပြပါတယ်။
“သူလာပြောပြတဲ့အချိန်မှာ အန်တီက ငိုတာပေါ့၊ သူကလည်း ငို..၊ အဲဒီအချိန်မှာ သူက သူ့သူငယ်ချင်းရဲ့ အ ဝတ်အစားဝတ်လာပြီး ကျူးလွန်ခံရတဲ့အချိန်က ဝတ်ခဲ့တဲ့အဝတ်ကို အထုတ်နဲ့ ထုတ်ပြီးပြန်ယူလာတယ်၊ အဲ ဒါနဲ့ နင့်အဝတ်တွေ မလျှော်နဲ့လို့ ပြောလိုက်တယ်။ အရင်က စာတွေဖတ်ထားတော့ အဲဒါလေးတော့ သိထား တယ်။ ဒါပေမယ့် ဒီလိုမျိုး အတွေ့အကြုံက မရှိတော့ နေဦး ငါစဉ်းစားဦးမယ်၊ ဒါ… အမှုဖွင့်ရမယ်ပေါ့”
ရုံးတို့ ရဲစခန်းတို့နဲ့ အကျွမ်းတဝင်မရှိတဲ့အတွက်လည်း အမှုဖွင့်ဖို့ကစပြီး အခက်တွေ့ခဲ့တယ်လို့ အဒေါ်ဖြစ်သူ က ပြောပါတယ်။
“အမှုဖွင့်ရင်လည်း ပိုက်ဆံကုန်တယ်လေ။ အန်တီက နားမလည်ဘူး။ သိထားတာက ငွေများရင် တရားနိုင် တယ်လို့ဘဲ သိထားတာ။ ကိုယ့်မှာလည်း တပြားမှမရှိတော့ အန်တီတို့အနေအထားနဲ့ သွားလို့မရဘူး”
နောက်ဆုံးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသမီးတဦးဆီမှာ အကူအညီတောင်းရင်းနဲ့ အမှု ဖွင့်နိုင်ခဲ့တယ်လို့ ပြောပြပါတယ်။
“အန်တီ့အသိထဲမှာ NLD မှာ အလုပ်လုပ်တဲ့ အစ်မကြီးတွေရှိတယ်၊ သူတို့ကတဆင့် အခုလို ကူညီတဲ့လူ တွေနဲ့ တွေ့တာ။ နောက်တနေ့မနက်ကျတော့ ရဲစခန်းကိုလာပြီး အမှုဖွင့်ခဲ့တာ..”
ဒီအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသမီးရေး တက်ကြွလှုပ်ရှားသူ မဝါဝါက သူ့အနေနဲ့ ဘယ် လို ကူညီခဲ့ရသလဲဆိုတာကို အခုလိုရှင်းပြပါတယ်။
“(က)ရပ်ကွက်က အသိတယောက်က ဖုန်းဆက်လာတယ်။ (၁၇)နှစ်သမီးလေး မုဒိမ်းကျင့်ခံရတယ်ပေါ့၊ ဒီ ကလေးမလေးနဲ့ သူ့ကြီးတော်ရောက်လာတယ်ပေါ့။ သူတို့အနေနဲ့က ဥပဒေပိုင်းအရလုပ်ဖို့ အားနည်းတော့ ကူညီပါဆိုပြီး ပြောလာတယ်။ ည(၈)နာရီခွဲလောက်ရှိပြီ။ သူတို့နဲ့ တွေ့တာက (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာပဲ တွေ့တယ်။ နှစ်သိမ့်မှုတွေပေးတယ်၊ မေးစရာတွေမေးတယ်၊ အဓိက သက်သေအထောက်အထားပါ လာတယ်။ ဖြစ်တဲ့အချိန်မှာဝတ်ထားတဲ့ သုတ်ပိုးပါတဲ့အဝတ်အစားပေါ၊့ အဲဒါတွေကို အုပ်ချုပ်ရေးမှူးနဲ့ တိုင် ပင်ပြီး သိမ်းလိုက်တယ်”
နောက်တော့ ရဲစခန်းကို အကြောင်းကြားပြီး မနက်မှာ ရဲစခန်းမှာ အမှုဖွင့်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“စခန်းကို အကြောင်းကြားလိုက်တဲ့အချိန်က ည (၁၂) နာရီလောက်ရှိပြီ။ နောက်တနေ့ထပ်ချိန်းပြီး အစ်မနဲ့ အတူ ကူညီပေးချင်တဲ့ လူတွေစုပြီး မနက်(၁၀)နာရီ ရဲစခန်းကိုသွားတယ်။ အမှုဖွင့်တယ်။ အဲဒီနေ့ညမှာပဲ ကျူးလွန်တဲ့လူကို ည(၈)နာရီလောက်မှာ ဖမ်းမိတယ်။ နောက်ပိုင်းမှာ ဥပဒေပိုင်းအရ ကူညီပေးတဲ့ legal clinic ကို ချိတ်ဆက်တယ်”
ရဲစခန်းမှာ အမှုဖွင့်ရုံနဲ့ကိစ္စက မပြီးပါဘူး။ ကျူးလွန်သူခဲအိုကို ဖမ်းဆီးရမိဖို့ကလဲ ကြိုးပမ်းရပါသေးတယ်။ ရဲနဲ့ အတူ တရားခံကိုဖမ်းမိဖို့ ဝိုင်းဝန်းကူညီပေးခဲ့တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုအောင်ကျော် (မြောက် ဥက္ကလာ) က ဖမ်းဆီးမိခဲ့ပုံကို ရှင်းပြပါတယ်။
“ဖမ်းဖို့လုပ်တဲ့အချိန်မှာ ရဲတွေက အဆင်သင့်မဖြစ်ဘူး၊ ဒီတရားခံကလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိ ဘူး၊ ဖြစ်ချင်တော့ ကံကောင်းတာက တရားခံက ကောင်မလေးကို ဖုန်းခေါ်လာတယ်၊ (နင်ဘယ်မှာလဲ ဘာ ညာနဲ့) အဲဒါနဲ့ ကောင်မလေးကို အမျိုးသမီးတချို့က ပြောရမယ့်စကားကို စာနဲ့ရေးပြီး (သမီးတယောက်ထဲ ဘယ်သွားရမလဲမသိဘူး၊ ကြောက်လည်း ကြောက်နေတယ်) ဘယ်သူနဲ့မှ အဆက်အသွယ်မရှိတဲ့ ပုံစံမျိုး ပေါ့၊ ပြောခိုင်းတော့ တရားခံကနေ ငါဘယ်မှာရှိတယ် နင်လာခဲ့ဆိုတော့ အဲဒါနဲ့ကောင်မလေးနဲ့ တဖက် လှည့်မျှားပြီး ပြန်ချိန်းတာ”
အဲဒီနောက်တော့ ရဲတွေနဲ့အတူ တရားခံချိန်းတဲ့ဆီကို လိုက်ရပါတယ်။
“ကျနော်တို့ စထွက်တာ၊ ကျနော်ရယ် ကျနော့်သူငယ်ချင်းရယ် ရဲနှစ်ယောက်ရယ်။ အောင်ကောင်းစံလက် ဖက်ရည်ဆိုင်လို့ ပြောတယ်။ အဲဒီ (စိုက်ပျိုးရေး)ဖက်မှာ နှစ်ဆိုင်ရှိတယ်။ တဆိုင်က စိုက်ပျိုးရေးထိပ်မှာ တ ဆိုင်က ရေဝေးအကွေ့နားမှာ ဆိုင်မှားပြီးတော့ ရေဝေးအကွေ့မှာ သွားစောင့်တာ၊ အဲဒီမှာ ဖုန်းပြန်ဝင်လာ တယ်။ ဟိုဘက်ဆိုင်ဆိုတော့ ဟိုဘက်ဆိုင်တခါသွားတယ်။ ဟိုရောက်တော့ ဆိုင်ထဲမှာ မတွေ့ဘူး။ ဒီကောင် က အင်္ကျ ီအဖြူအပွကြီးဝတ်ပြီး လမ်းဘေးမှာ ရပ်နေတာ အဲဒီမှာ ဝင်ဖမ်းလိုက်တာ”
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ ခဲအိုဖြစ်တဲ့တရားခံကို ဖမ်းမိခဲ့ပြီး အမှုဖွင့်တရားစွဲဆိုနိုင်ခဲ့ပါတယ်။ မတ်လ အလယ်မှာတော့ အမှုချိန်း (၅) ကြိမ်ရှိခဲ့ပါပြီ။
နန်းမူနဲ့ မိဖြူတို့လို ဆွေမျိုးနီးစပ်သူတွေရဲ့မတရားပြုကျင့်ခံရတဲ့ မိန်းကလေးတွေ အများအပြားရှိတယ်လို့ အ မျိုးသမီးရေး ဆောင်ရွက်နေတဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂက တွဲဖက်အတွင်းရေးမှူး မမာလာကျော်သိန်းက ပြောပါတယ်။
“ကျူးလွန်သူတွေဟာဆိုရင် သြဇာအာဏာရှိသူတွေဖြစ်တယ်။ သြဇာအာဏာရှိသူတွေထဲမှာ ဖအေနဲ့ရင်းနှီး သူ၊ မိသားစုနဲ့ နီးစပ်သူတွေ၊ နောက်ပထွေး၊ ခဲအို၊ မတ်၊ ဦးလေးတို့ဖြစ်တယ်”
ဒီလိုအဖြစ်အပျက်တွေကိုကာကွယ်ဖို့ဆိုရင် ပညာပေးမှုတွေ အများကြီးလိုအပ်တယ်လို့ မမာလာကျော်သိန်း က ပြောပါတယ်။
“အကုန်လုံးလုပ်မှရမယ်။ ပထမ မိဘတွေအနေနဲ့ကိုယ့်သားသမီးကို ငယ်စဉ်ကတည်းက ပညာပေးထား ရမယ်။ ပညာပေးတဲ့အခါမှာလည်း နည်းလမ်းကျဖို့ လိုတာပေါ့နော်၊ အဝတ်အစားကို ဆိုလိုတာ မဟုတ်ဘူး။ ကိုယ့်ခန္ဓာက ဘယ်လိုအရာတွေက သူများမထိရ၊ မကိုင်ရတဲ့အရာတွေပေါ့။ ပညာသားပါပါ ပြောပြထား တာမျိုးပေါ့။ ပြီးတော့ ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေဖြစ်ပါစေ၊ ယောက်ျားတွေနဲ့ သိပ်ရင်းရင်းနှီးနှီးမနေဖို့ သတိ ပေးတာမျိုးပေါ့။ နောက်တခုက ပတ်ဝန်းကျင်ကိုပညာပေးရမှာပါ။ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေကို အပြစ် တင်စကား မပြောဖို့..”
အမျိုးသမီးငယ်တွေဟာ ကျူးလွန်ခံရရင်လည်း အကူအညီရတာမျိုးထက် အပြစ်တင်ခံရတာက အရင်ဖြစ် တယ်လို့ သူက ပြောပြပါတယ်။
“အကျူးလွန်ခံရတဲ့ မိန်းကလေးအများစုဆိုရင် ပညာမတတ်ဘူး။ ကျူးလွန်ခံရပြီးဆိုရင် ပထမဦးဆုံး မိသားစု ရဲ့ အပြစ်တင်ခြင်းကို ခံရတယ်။ ပတ်ဝန်းကျင်အသိုင်းအဝန်းက အပြစ်တင်ဝေဖန်မှုတွေ ခံရတယ်။ ဥပမာ လက်ရှိအမှုတခုဆိုရင် ကျောင်းသူလေးက အသက် (၁၃)နှစ်အရွယ် ခန္ဓာကိုယ်က ဖွံ့တယ်၊ ထွားတယ်၊ အဲဒါ ကို ကောင်မလေးက မြူဆွယ်တယ်ဆိုတာ မျိုးတွေ ပြောဆိုကြတယ်။ နောက်ပြီး ပတ်ဝန်းကျင်က အမေကို ဝိုင်းပြီးအပစ်တင်ကြတာမျိုးတွေရှိတယ်”
လူထုအခြေပြုအဖွဲ့အစည်းတွေအနေနဲ့ မြို့နယ်အလိုက် အသိပညာပေးစကားဝိုင်းတွေ ဆွေးနွေးပွဲတွေကို သွားလုပ်ပေးသလို ကျေးရွာတွေအထိ ဆင်းပြီး လုပ်စေချင်တယ်လို့လည်း ပြောပါတယ်။
“မြို့မှာပေးရင် မြို့ကပဲသိမှာလေ၊ ရွာတွေအထိပါ ဆင်းပေးမှ ရွာသားတွေက ပိုနားပေါက်မယ်ထင်တယ်၊ ရွာ သူရွာသားတွေဆိုတော့ နားလည်ဖို့ခက်တယ်။ သင်တန်းပေးတာတို့ စကားဝိုင်းပေးတာတို့ များများလာလုပ် ပေးမှ ပိုသိမြင်လာမယ်”
အခုနောက်ပိုင်းမှာတော့ အရေးယူမှုတွေ၊ တရားစီရင်မှုတွေ မြန်ဆန်လာတာကတော့ အားတက်စရာတခုပါ လို့ ထားဝယ်အမျိုးသမီးသမဂ္ဂက ပြောပါတယ်။
“အခုဆိုရင် အမှုတွေကို စီရင်တာ မြန်လာတယ်၊ အရင်လိုနှောင့်နှေးမနေတော့ဘူး၊ ခံရတဲ့အမျိုးသမီးတွေ အတွက် စိတ်ဖိစီးမှု အများကြီး မခံရတော့ဘူး၊ နှစ်လသုံးလနဲ့ပြီးတဲ့ အမှုတွေများလာတယ်၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီလိုအမှုတွေဟာ လျော့နည်းလာမယ်..”
ထားဝယ်အမျိုးသမီးသမဂ္ဂမှာတော့ ဒီလိုကြုံတွေ့လာတဲ့ အမျိုးသမီးတွေကို ကူညီဖို့ အမျိုးသမီးဂေဟာတခု ဖွင့်လှစ်ထားပေးပါတယ်။ ၂၀၁၅ -၂၀၁၆ ခုနှစ်အတွင်းမှာ သက်ငယ်မုဒိန်းမှု(၁၈)မှုကို အကူအညီပေးခဲ့ ရတယ်လို့လည်း သူက ပြောပါတယ်။
“ အဲဒီအမှု(၁၈)မှုထဲမှာ ဖခင်ရင်းက ကျူးလွန်တာ(၃)မှုနဲ့ ကျန်တာတွေက မိသားစုနဲ့ အခြားရင်းနှီးကျွမ်းဝင် သူတွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်”
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021