Anna/ Cherry
ယမန်နေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၄နာရီခွဲအချိန် ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ် အနီး မုံးပေါ်မြို့တွင် ဈေးတန်းစတင် မီးလောင် မှုဖြစ်ပွားရာဆိုင်ခန်း ၃၀၅ခန်း ရှိသည့်အနက် ရ၂ခန်းမီးလောင်ပျက်စီး၍ ကျပ်သန်းပေါင်း ၁၀၀ကျော် ဆုံးရှုံးခဲ့ရကြောင်း မြို့နယ် အုပ်ချုပ်ရေးမူးမှ သိရှိရပါသည်။
မီးမှာ ၃ နာရီခန့် လောင်ကျွမ်းခဲ့ပြီး နံနက် ၇နာရီ ၁၅မိနစ်တွင် မီးညွန့်ကျိုးသွားခဲ့သည်။ မီးငြိမ်းသတ်ရာသို့ ပြည်သူလူထု ၁၀၀ကျော်၊ ပန်ဆိုင်းမီးသတ်ကား ၁စင်း၊ မူဆယ်မီးသတ်ကား ၂စင်း၊ အရန်မီးသတ်အင်အား ၃၀၊ စစ်ကြောင်း (ခမရ ၇၈)၅၀ဦး၊ မုံးပေါ်ပြည်သူ့စစ် ၃၀ဦး ဖြင့်မီးငြင်းသတ်ရာလူသူထိခိုက်မှု မရှိပဲ ကယ်ဆယ် နိုင်ခဲ့ကြောင်းသိရသည်။
မုံးပေါ်မြို့ဈေးတန်းသည် အမျိုးသမီးများအများစု၏ စီးပွားရှာနေရာဖြစ်ပြီးမုံးပေါ်မြို့နယ် အုပ်စု(၁၁)စုသည် လမ်းပန်းဆက်သွယ်ရေးကြောင့်အခြားမြို့ပေါ်သို့မသွားနိုင်ဘဲမုံးပေါ်မြို့ ဈေးတွေသာအားကိုးနေရကြောင်းကိုဈေးလာဝယ်သူအမျိုးတစ်ဦးက ပြောပြသည်။
- ငရဲခွေးကြီးများ လွတ်နေသည် - 21/10/2022
- လက်နက်နဲ့ အာဏာကြား ကွယ်ပျောက်ခဲ့ရတဲ့ တရားမျှတမှုများ - 17/08/2022
- ခွန်အားဖြစ်စေတဲ့ ‘ထောင်ဝင်စာပို့ကြမယ်’ - 27/10/2021