သတင်း

စစ်အာဏာရှင်ကို ဆန့်ကျင်ရင်းဖြတ်သန်းရမည့် နိုင်ငံတကာအမျိုးသမီးများနေ့

“ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့အတွက် အမျိုးသမီးအင်အားစုတွေ အရေးကြီးတဲ့အနေအထားဖြစ်တယ်။ အမျိုး သမီးတွေက အင်တိုက်အားတိုက်နဲ့ ရှိတဲ့အင်အားကိုထုတ်ဖော်ပြီးတော့ စစ်အာဏာရှင်ကို တိုက်ထုတ်တဲ့နေရာမှာ ပါဝင်နေကြတယ်။ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာလည်း အမျိုးသမီးတွေဆက်လက်ပြီး တိုက်ပွဲဝင်သွားရဦးမယ်”

ရခိုင်ရှိ တိုက်ပွဲရှောင်များအတွက် သောက်သုံးရေလိုအပ်နေ

"ရေက အမျိုးသမီးတွေတွက် မရှိမဖြစ်အရေးကြီးပါတယ်။ အဓိကချက်ပြုတ်ဖို့နဲ့ သောက်ဖို့ ရေသန့်လိုတယ်။ လျော်တာ၊ ဖွတ်တာတွက်က ရေက အသန့်မလိုပေမယ့် ရေကောင်းလိုတယ်။ သားသမီးတွေ ကျန်းမာရေးတွက် ရေကောင်း၊ ရေသန့် လိုတယ်"ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းစစ်အစိုးရသည် အမျိုးသမီးလစဉ်သုံးပစ္စည်းကဲ့သို့ပင် လုံခြုံမှုမပေးနိုင်ဟု လွိုင်ကော်အမျိုးသမီးများဆို

“ ကပ်ခွာတစ်ခုလောက်တောင် လုံခြုံမှုမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ကျူးလွန်ခဲ့တဲ့အမှုတွေအားလုံးက အများစုက ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ အများကြီး ရရှိထားတယ်။ တကယ်လို့သာ စစ်အာဏာရှင်စနစ်သာ ဆက်ပြီးတော့ သက်ဆိုးရှည်နေမယ်၊ စစ်အာဏာရှင်လက်အောက်မှာပဲနေရမယ်ဆိုရင် အမျိုးသမီးဘဝတွေ ဒီလောက်တောင် လုံခြုံမှုရှိမှာ မဟုတ်ဘူးဆိုတာ ကျမတို့ ပြချင်တာ” ဟု ယင်းသပိတ်တွင် ပါဝင်ဆန္ဒထုတ်ဖော်ခဲ့သူ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)မှ တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) မဇူးပဒုမ္မာက ဆိုသည်။

အာဏာရှင်ကိုတော်လှန်ဖို့ လမ်းမပေါ်ရောက်လာရတဲ့ သားသည်မိခင်တွေ

မိခင်တွေဟာ လသားအရွယ် ကလေးငယ်တွေကို ချီပိုး၊ အရွယ်ငယ်ငယ်ကလေးငယ်တွေကို လက်ဆွဲပြီး ရာသီဥတုဒဏ် ကို အံတုကာ လမ်းလျှောက်ဆန္ဒပြဖို့ ကိစ္စဟာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒီအခက်အခဲတွေ မမှုဘဲ အာဏာရှင်စနစ်တွန်းလှန်မှုမှာ တစ်တပ်တစ်အား ပါဝင်လာကြတာပါ။ မူလက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် ဆွေးနွေးဖို့ မိခင်တွေစုပေါင်းထားတဲ့ အစုအဖွဲ့ကနေ စစ်အာဏာသိမ်းတဲ့ ဖြစ်စဉ်မှာတော့ တစ်ထောင့်တစ်နေရာက ပါဝင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့အတွက် လမ်းပေါ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ကြ တယ်လို့ နိုင်င်ငံလုံးဆိုင်ရာမိခင်များသမဂ္ဂ အဖွဲ့ဝင်တွေကဆိုပါတယ်။ မိခင်တွေအနေနဲ့ ရင်သွေးငယ်တွေကို စစ်ကျွန်ပညာရေး အမွေမပေးလိုတဲ့အတွက် ရင်သွေးငယ်တွေရဲ့ အနာဂတ်အတွက် နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာရှိတဲ့ မိခင်တွေစုပေါင်းပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်ငံလုံးဆိုင်ရာ မိခင်များသမဂ္ဂအဖွဲ့ဝင်နှစ်ရာနီးပါး ရှိပြီဖြစ်ပါတယ်။

ဂုဏ်သိက္ခာအတွက်ရဲတပ်ဖွဲ့ကို တရားပြန်စွဲခြင်းဖြစ်ကြောင်း ကိုအောင်ကြီးဆို

“ကျနော်ဘက်က ဂုဏ်သိက္ခာအတွက်ပေါ့။ ကျနော့်ရဲ့ အရှက်တရား အကုန်လုံးရဲ့ ကျနော့်ရဲ့ သိက္ခာ၊ ကျနော့်ရဲ့ ဘဝ၊ ကျနော့်ရဲ့ မိသားစု အကုန်လုံးခြုံပြီးတော့ ပြန်တရားစွဲတာပါ”

“ကိုဗစ်နဲ့ ငိုပစ်ခဲ့တယ်”

ရပ်ကွက်မှာ ပထမဆုံး Q ဝင်ရမှာရှက်တာရော၊ သတင်းထဲပါလာမှာကိုလည်း ရှက်ကြတယ်။ ရှေးလူကြီးတွေဖြစ်တာကြောင့်အိမ်ထဲ ခြံထဲမှာပဲ အပင်စိုက် ဈေးရောင်း အေးအေးဆေးဆေး နေတာကြောင့် လက်လှမ်းမှီသလောက် ကျန်းမာရေးအသိနဲ့ သတင်းလေးကို အားထားကြတယ်။ ပိုဆိုးတာက Q ဝင်ရင် ကိုယ်ကကံမကောင်းလို့ ကူးစက်ခံရတာ ကံနှိမ့်လို့ ဖြစ်ရတာ။ Q ဝင်နေတဲ့ မိသားစုနဲ့ အဆက်အသွယ် လုပ်မိရင်လည်း မကောင်းတဲ့ကံတွေ ကူးစက်တတ်တယ်။ မိမိရဲ့ ကံကောင်းခြင်းတွေပါ ကုန်သွားတတ်တယ် ဆိုပြီး ယုံကြည်နေကြတာပါ။

ဦးဂါရွာသူကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သား ၃ဦးကို အလုပ်ကြမ်း နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်

“တရားခံ တဦးကို ထောင်ဒဏ်နှစ် ၂၀ဆီနဲ့ အလုပ်ကြမ်းချမှတ်လိုက်ပါပြီ။ အခုပဲ တရားခံတွေကို စစ်တွေထောင်ကို ပို့လိုက်ပါပြီ။ ၃ ယောက်စလုံးကို ပြစ်ဒဏ် ညီတူညီမျှပါပဲ” လို့ ယင်းအမှုကိုလိုက်ပါဆောင်ရွက်နေသူ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ဖို့ အားလုံးအတူတကွလုပ်ဆောင်စို့…

“ကျမတို့ လှုပ်ရှားခဲ့တဲ့ နယ်စပ်ဒေသမှာဆိုရင်ကွန်ပြူတာ အသုံးပြုတတ်သူ ကိုယ့်အသိုင်းအဝိုင်းမှာ မရှိသလောက် ရှားပါးပြီးကွန်ပြူတာ ပိုင်ဆိုင်သူလည်း မရှိပါဘူး ။ အမျိုးသားနိုင်ငံရေး အဖွဲ့အစည်းရုံးတွေမှာသာ အနည်းအကျဉ်းရှိတဲ့ အခြေအနေဖြစ်တဲ့အတွက်ရံဖန်ရံခါ အမျိုးသား အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုတွေကိုလည်း ရယူပြီး အခမ်းအနားတွေကိုပြုလုပ်ရပါတယ်။ လှုပ်ရှားမှု အစီရင်ခံစာတွေကို လက်ရေးနဲ့ရေးပြီး ၃ နာရီလောက်လမ်းလျှောက်မှ ရောက်တဲ့ စာတိုက်ကနေ တဆင့် ရုံးချုပ်ကို ပို့ခဲ့ရပါတယ်”

Qစင်တာရောက် အမျိုးသမီးတွေလုံခြုံရေး တိုးမြှင့်ပေးချိန်ရောက်ပြီ

“Quarantine စင်တာတွေ စလုပ် ကတည်းက စပြောတယ်။ တံခါးရောရှိရဲ့လား။ ဂျက်ကောထိုးရဲ့လား။ အစောင့်ရော ရှိလားဆိုတော့…ပိုတယ်တွေ ဘာတွေ လုပ်တာ။ တမြို့ထဲသားချင်းပဲ ဘယ်သူကလုပ်မှာစိုးလို့လဲ။ ဘယ်သူက လုပ်မှာ မိုလို့လဲ။ ဘာလဲ။ ညာလဲ ။ ရွာမှာပဲ ဒီလောက်လုပ်တာကိုပဲ နင်တို့က ကျေးဇူးတင်ဦးဆိုတဲ့ ဟာတွေ ရှိတယ်။ အခုတော့ မဖြစ်သင့်ပဲ ဖြစ်သွားတဲ့ဟာဖြစ်တယ်”

လွှတ်တော်ထဲမရောက်ပေမယ့်လည်း လယ်သမားအရေးတွေဆက်လုပ်နေမယ့်မစုစုနွေး

“အဓိက စိန်ခေါ်မှုကတော့ ကျမတို့ မြို့နယ်မှာတော့ အမျိုးသမီးနဲ့ အမျိုးသားရယ်လို့ မဟုတ်ဘူး။ အစိုးရ ဖွဲ့နိုင်သောပါတီကိုပဲ မဲပေးပါ။ အဓိကတော့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နာမည်ကို သုံးပြီးတော့မှ အန်တီဒေါ်အောင်ဆန်းစုကြည်က မဲသုံးမဲ စလုံးရမှနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မဲနိုင်စေချင်ရင် အစိုးရဖြစ်စေချင်တယ်ဆိုရင် မဲ သုံးမဲ စလုံး ဒေါ် အောင်ဆန်းစုကြည်ကို ပေးပါဆိုတဲ့ မဲဆွယ်စည်းရုံးမှုတွေက ကျမတို့ရဲ့ စိန်ခေါ်မှု အကြီးဆုံး ဖြစ်တာပေါ့။”