Home သတင်း “တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”

“တစ်ပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ”

ဖေဖော်ဝါရီ ၁၃ မှ ၁၉ အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားသည်များကို Hi မှ စုစည်းဖော်ပြပေးလိုက်ရပါသည်။

  • ရေဖြူမြို့နယ်တွင် အမျိုးသမီးငါးဦးကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ကံပေါက်ဒေသတွင် ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက ဒေသခံအမျိုးသမီးငါးဦးကို ကံပေါက် ရေတပ်စခန်းမှ ရဲနှင့် စစ်ကောင်စီတပ်သားများက နေအိမ်အသီးသီး၌ ဝင်ရောက် ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသူအမျိုးသမီးငါးဦးကို ယခင်ဖမ်းဆီးခံထားရသူများနှင့်ဆက်စပ်နေခြင်းကြောင့် ဖမ်းဆီးသွားခြင်းဟု ဆိုကာ လက်ရှိ တွင် ကံပေါက်ရဲစခန်းမှတစ်ဆင့် မောရဝတီရေတပ်စခန်းတွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များနှင့်နီးစပ်သူများက ပြော သည်။

Sources- Mizzima 

  • မန္တလေးအိုးဘိုထောင်မှ နိုင်ငံရေး အကျဉ်းသူများရိုက်နှက်ခံရ

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင် အမျိုးသမီးအဆောင်အတွင်း ပြသနာဖြစ်ပွားရာမှအစပြုကာ ထောင်ဝန်ထမ်းတို့က အမျိုး သမီး အကျဉ်းသူများကို ရိုက်နှက်ညှင်းပန်းမှုကြောင့် နိုင်ငံရေးအကျဉ်းသူအများ အပြားဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီ  ၃ရက် နှင့် ၄ရက်နေ့တို့တွင် ထောင်ဝန်ထမ်းတို့က လျှပ်စစ်ကျဉ်စက်ပါ နံပါတုတ်များ၊ ဝါရင်းတုတ်များ၊ သံတုတ် များဖြင့်  အမျိုးသမီးအကျဉ်းသူများကို နှစ်ရက်ဆက်တိုင် နှိပ်စက်ညှင်းပန်းခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းကွဲသုံးဦး ၊ မျက်လုံးအနီး လေးခွမှန်နှစ်ဦး ၊ နားရွက်ပြတ်ရှဒဏ်ရာတစ်ဦး၊ မျက်လုံးအတွင်း မျက်မှန်စဝင်သည့် တစ်ဦးမှာ လက်ကျိုးခဲ့သည်။

(Sources- people spring)

  • လက်နက်ကြီးထိမှန်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ၊မြင်းမူမြို့နယ် ၊ဂုံညှင်းဆိပ်ကျေးရွာတွင် စစ်ကောင်စီတပ်အခြေစိုက် ပျူစောထီးစခန်းက ပစ်ခတ် လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက်ခုနစ်နှစ်အရွယ် မအိအိချွန်မှာ ဘယ်မျက်လုံးတစ်ဖက် ကျွတ်ထွက်သည် အထိ ဒဏ်ရာရရှိခဲ့ပြီး အသက် ၂၅နှစ်အရွယ် မဆုမွန်ဇော်မှာ နောက်ကျောတွင် လက်နက်ကြီးထိ မှန်ဒဏ်ရာရခဲ့သည်။

ဖေဖော်ဝါရီ၁၂ရက် နံနက်ပိုင်းကတည်းက ကြွယ်ပုံရွာအတွင်းထဲကနေ လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ကိုင်းမြို့နယ် ထဲက ဒီပဲယင်းကွဲ၊စံသစ်၊ ရွာထောင်၊တောင်မြို့ရွာရှိ ဒေသခံများမှာ ဘေးလွတ်ရာတိမ်းရှောင်နေရသည်။

(Sources-BBC)

  • မန္တလေးတွင် ရှေ့နေအမျိုးသမီး သုံးဦးဖမ်းဆီးခံခဲ့ရ

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ မန္တလေးတွင် နိုင်ငံရေးအမှုများလိုက်ပါဆောင်ရွက်သည့် ရှေ့နေငါးဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးခံရသူများတွင် အထက်တန်းရှေ့နေ အမျိုးသမီးနှစ်ဦးနှင့် အလုပ်သင်ရှေ့နေ အမျိုးသမီးတစ်ဦးတို့ ပါဝင်ခဲ့သည်။

အထက်တန်းရှေ့နေတစ်ဦးမှာ ချမ်းအေးသာစံတရားရုံးသို့ အမှုစစ်သွားရောက်စဉ် တရားရုံးမှအပြန်၌ ဖမ်းဆီးခံခဲ့ရကာ ကျန် ရှေ့နေနှစ်ဦးမှာ မဟာအောင်မြေတရားရုံးအထွက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး နိုင်ငံရေးအမှုများကို လိုက်ပါဆောင်ရွက် သည့်ရှေ့နေများအပေါ် ပစ်မှတ်ထားဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ယင်းတို့နှင့် နီးစပ်သူများက ပြောကြားသည် ။

(Sources- The Irrawaddy)

  • ညောင်လေးပင်ရထားဘူတာတွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ပဲခူးတိုင်းအရှေ့ပိုင်း၊ ညောင်လေးပင်မြို့ ရထားဘူတာတွင် ဖေဖော်ဝါရီ၁၃ရက်နေ့က ဗုံးပေါက်ကွဲခဲ့ရာ အမျိုးသမီးနှစ်ဦး အပါ အဝင် ခရီးသည်သုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်။

သေဆုံးသူ သုံးဦးနှင့် ဒဏ်ရာရသူခြောက်ဦးမှာ တောင်တွင်းကြီးမြို့နယ် လက်တက်ကျေးရွာမှဖြစ်ပြီး ညောင်လေးပင် ပဲခင်း များတွင် အလုပ်လုပ်ကိုင်သူများဖြစ်ကာ ကျန်သုံးဦးမှာ ညောင်လေးပင် ပြွန်တန်ဆာနှင့်ဒိုက်ဦးတို့မှဖြစ်သည်။ အဆိုပါပေါက် ကွဲမှုကို ပဲခူးတိုင်းစစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ခံကမူ ယင်းတို့လက်အောက်ခံတပ်ရင်း တပ်ဖွဲ့များ၏ လုပ်ဆောင်ချက် မဟုတ်ကြောင်းငြင်းဆိုထားသည်။

(Sources – Myanmar Now)

  • စစ်ဘေးရှောင်ရင်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လယ်ကွင်းအတွင်း ကလေးမွေးဖွားခဲ့

ခင်ဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ဖျက်စီးမှုများကြောင့် ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ရွှေဘိုမြို့နယ်စဉ့်တုံကျေးရွာမှ စစ်ဘေးရှောင်ကိုယ်ဝန်သည်တစ်ဦးမှာ ဖေဖော်ဝါရီ ၁၄ရက် နံနက် ၁နာရီ တွင် စစ်ပြေးရင်း သားယောကျာ်းလေးတစ်ဦးကို မီးဖွားခဲ့သည်။

လက်နက်ကြီး အန္တရာယ်များစိုးရိမ်သည့်အတွက် မီးမရှိ၊ရေမရှိ လယ်ကွင်းကြားတွင် ခက်ခက်ခဲခဲမွေးဖွားခဲ့ရပြီး စစ်ဘေး ရှောင်သူအချင်းချင်းကူညီမှုများကြောင့် အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်ဟု မွေးဖွားရာတွင် ကူညီပေးခဲ့သည့် စစ်ဘေးရှောင် တစ်ဦးက ပြောသည်။

(Sources- PVTV)

  • ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

မကွေးတိုင်းဒေသကြီး ၊ဆိပ်ဖြူမြို့နယ် ၊တောင်ရွာမရွာကိုဖေဖော်ဝါရီ၁၅ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီမှ စစ်ကြောင်းထိုး မှုကြောင့်  အသက်၄၀ခန့်အရွယ် ခြေမသန်သူအမျိုးသမီးတစ်ဦး သေနတ်ထိမှန် သေဆုံးခဲ့ပြီး အသက်၅၀ အရွယ်အမျိုးသမီး တစ်ဦးမှာ နှလုံးရပ်သေဆုံးခဲ့သည်။

စစ်တပ်မှ ကျေးရွာနေလူငယ် သုံးဦးကိုဖမ်းဆီးခဲ့သလို တောင်ရွာမရွာရှိ ဘုန်းကြီးကျောင်းတွင်တပ်စွဲကာ ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်နေမှုကြောင့် ဘဲကျကျေးရွာမှ ပြည်သူနှစ်ဦးမှာလည်း လက်နက်ကြီးထိမှန်ခဲ့ သည်။     

(Sources-Khit Thit Media)

  • စစ်ကိုင်းတိုင်းတွင် ကားတစ်စီးမိုင်းဆွဲခံရမှုကြောင့် ကျောင်းသူတစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊အရာ‌တော်မြို့အနီးတွင် ဖေဖော်ဝါရီ ၁၅ရက်နေ့နေ့လည်ပိုင်းက  အခြေခံပညာအထက်တန်းကျောင်း မှ စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကားတစ်စီးကို ယင်းဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရာ ကျောင်းသူတစ်ဦးသေဆုံးပြီး ကျောင်းသူခုနစ်ဦးနှင့် ကျောင်းသားသုံးဦး ထိခိုက် ဒဏ်ရာရခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကို အရာတော်မြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်သားများ အသုံးပြုသည့် ကားဖြစ်သည့်အတွက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား ကျောင်းသူများလိုက်ပါလာမှန်း မသိရှိခဲ့ကြောင်း ပြောသည်။

(Sources-Khit Thit Media)

  • နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အဂတိအမှု အယူခံ ပယ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  စီးပွားရေးလုပ်ငန်းရှင်ဦးမောင်ဝိတ်ဆီမှ ဒေါ်လာ လက်ခံမှု စွပ်စွဲ ချက်ဖြင့် ထောင်သုံးနှစ်ချမှတ်ထားသည့် အဂတိအမှုနှစ်ခုကို အယူခံတက်ခဲ့ရာ စစ်ကောင်စီ တရားလွှတ်တော်ချုပ်က အယူခံ တက်ခွင့်မပေးဘဲပယ်ချခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမှုရင်ဆိုင်ရစဉ်ကတည်းက လာဘ်စားခြင်းမရှိခဲ့ကြောင်း တရားခွင်တွင် ထုချေထားပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉မှုအတွက် ထောင်ဒဏ်၃၃နှစ် ချမှတ်ထားသည်။

(Sources-People Spring)

  • မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ထိုင်းနိုင်ငံသားဖြစ်ခွင့်လျှောက်ထား

နယ်စပ်ဒေသရှိ ရွှေ့ပြောင်းလုပ်သားများ၊ နိုင်ငံမဲ့ ဖြစ်နေသူများအတွက် ကျန်းမာရေးနှင့်လူသားချင်း ထောက်ထားမှုဆိုင်ရာ ကူညီမှုများကို ၁၀စုနှစ်ချီကာ ကူညီဆောင်ရွက်ပေးနေသော ထိုင်းနိုင်ငံ ၊ တာခ့်ပြည်နယ်၊မဲဆောက်ခရိုင်တွင် ဖွင့်လှစ်ထား သည့် မယ်တော်ဆေးခန်းတည်ထောင်သူ မြန်မာနိုင်ငံဖွားကရင်လူမျိုးဖြစ်သူ ဒေါက်တာ စင်သီယာမောင်သည် ထိုင်းနိုင်ငံသား ဖြစ်ခွင့်လျှောက်ခဲ့သည်။

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသည် တစ်နှစ်လျှင်ထိုင်းဘတ်ငွေ ၄၈သန်း ဘတ်ဂျက်ပမာဏနှင့် ပျှမ်းမျှ လူနာသုံးသောင်းခန့်ကို ကူညီပေးခဲ့သလို မယ်တော်ဆေးခန်းအပြင် ကလေးသူငယ်ဖွံ့ဖြိုးရေးစင်တာကိုလည်းဖွင့်လှစ်ထားပြီး မဲဆောက်ခရိုင်အတွင်းရှိ ဒုက္ခသည်များ၏ ကလေးများကို ဗမာ-ကရင်- ထိုင်း-အင်္ဂလိပ် ဘာသာ သင်ရိုးများနှင့်ပညာသင်ကြား ပေးလျက်ရှိသည်။

(Sources- BAP)

  • အသက်၇၀အရွယ်သီလရှင်တစ်ပါး နေအိမ်အတွင်းမီးရှို့သတ်ဖြတ်ခံရ

စစ်ကောင်စီတပ်နှင့် မကျီးတုံကျေးရွာမှ ပျူစောထီးများပါသည့် အင်အား၁၀၀ခန့် စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ရက် ညနေ တွင်စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် ၊လက်ပံလှကျေးရွာရှိနေအိမ် ၂၅၀ကျော်အား မီးလောင်ဗုံးများ ရေနံဆီမီးဇာများဖြင့် မီးရှို့ ဖျက်စီးခဲ့ရာ ဒေါ်ဆိတ်အမည်ရှိအသက်၇၀ အရွယ် သီလရှင်တစ်ပါးလည်း နေအိမ်အတွင်း မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။

သတ်ဖြတ်ခံခဲ့ရသည့် သီလရှင်ဆရာလေးမှာ အသက်ကြီးမှ သီလရှင်ဝတ်ခဲ့သူဖြစ်ပြီး ကျေးရွာရှိနေအိမ်တွင်ပင် သီတင်းသုံး နေထိုင်သူဖြစ်ကာ  AAPP က ပြုစုထားသည့်စာရင်းအရ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၃,၀၀၀ ဦးမြောက်ဖြစ် သည်။

(Sources- People Spring)

  • PDF ဇနီးမောင်နှံ မင်္ဂလာဆောင်မည့်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းခံရ

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိPDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ရက် နံနက် ပိုင်းတွင်စီးနင်းခဲ့ပြီး ယင်းနေ့၌မင်္ဂလာဆောင်မည့်  ဇနီးမောင်နှံကိုစခန်းနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ကာ သဲတောကျေးရွာ အတွင်း မှပြည်သူများကို ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။

သတ်ဖြတ်ခံရသည့် ဇနီးမောင်နှံမှာ Urban Underground Revolution Force (UURF-YSO) တပ်ခွဲ ဗိုလ်ရာဟုအဖွဲ့မှ ရဲဘော်များဖြစ်ပြီး တော်လှန်ရေးအစမှ ယခုအချိန်ထိ အတူတိုက်ပွဲဝင်ခဲ့သူများဖြစ်သည်။

(Sources- People Spring)

Author:

Related Articles