
“(လွှတ်တော်ထဲ) ပါသွားတဲ့ အမျိုးသမီးတွေကလည်း ကိုယ့်ရဲ့ စွမ်းအားကိုပြမှ နောက်လူတွေက ဆက်ပြီးတော့ (အမျိုးသမီးအမတ်တွေကို)ယုံကြည်မှာ”
“မသန်စွမ်းအမျိုးသမီး ဖြစ်တဲ့ အတွက် အများကြီး Bulling လုပ်တာ ခံရတယ်။ အကျိုးတွေ၊ အကန်းတွေက နိုင်ငံတော်ကို တက်ပြီးတော့မှ ဘာလုပ်ရမှာလဲလို့။ အဲ့လိုမျိုးပေါ့။ နောက်တစ်ခုက ကျမလွှတ်တော်ထဲ ရောက်မယ်ဆိုရင် ကျမ လွှတ်တော် ရောက်ဖို့ အတွက်တောင်မှ ဝှီးချဲ တွေတောင်မှ ဝယ်ပေးရဦးမှာ။ ဝှီးချဲ လမ်းတွေ ထပ်ပြီးမှ အသစ်ဖောက်ပေးရမှာ အကုန်အကျများတာတို့ …ဒါ ကျမ မှတ်မိတာကိုပဲ ပြောပြတာနော်။ ဒါမျိုးတွေ တော့ ကြုံရတာပေါ့နော်။ ”

တပ်တွင်းစစ်ဆေးနေသည့် ဦးဂါရွာသူအမှု ၄လကျော်ကြာသည်အထိ အဖြေမသိရသေး
“နစ်နာတဲ့ အမျိုးသမီးကလည်း ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အရမ်းကို မျှော်လင့်နေတယ်။ တရားမျှတမှု ရရှိမယ်ဆိုပြီး မျှော်လင့်ပြီး အဖြေဘယ်လိုလာမလဲ ဆိုတာ သူကိုယ်တိုင်လည်းအရမ်း သိချင်နေတယ်”

သက်ငယ်မုဒိန်းဆန့်ကျင်ရေးလှုပ်ရှားသူ သက်ငယ်မုဒိမ်းသံသယမှုဖြင့်ရင်ဆိုင်နေရ
“ဒီကိစ္စမှာဆိုရင်လည်း မလုပ်သင့်တဲ့ ကိစ္စကို လုပ်တယ်။ ဗစ်တိုးရီးယား ကိစ္စမျိုးမှာ ဆန္ဒပြတဲ့ အထဲမှာတောင် ပါဝင်ခဲ့တဲ့ သူက ဒီလို မျိုးလုပ်တယ်ဆိုတော့ ဒီလို လူက အယောင်အဆောင်လို့ဘဲ ကျနော်မြင်တယ်”

မဲပေးခွင့်မရသည့်ဒေသမှ အမျိုးသမီးများ၏ အသံများ
မေးချင်တယ် ဘာမှ(တိုက်ပွဲတွေ)မဖြစ်တဲ့နေရာမှာ၊ ဘာမှ(ပြဿနာ)မရှိတဲ့နေရာမှာ ဘာလို့ မလုပ်တာလဲပေါ့။ အခုဖြစ်နေတဲ့ ကျေးရွာ အုပ်စု ၁၂ အုပ်စု ဆိုရင် လုံးဝ ဘာမှ မဖြစ်တဲ့နေရာဖြစ်နေတယ်။ ဟိုတလောက ဖြစ်သွားတဲ့ (စစ်ပွဲဖြစ်တဲ့နေရာ)ဆိုရင်လည်း ပိတ်လိုက်တဲ့ မဲဆန္ဒနယ် ထဲမှာ မပါဘူး။ တလွဲတွေ ဖြစ်နေတယ်။ ဘာလို့ အဲ့ဒီလို ဖြစ်နေတာလဲ။ ဘာလို့ ဒီလို လုပ်လိုက်တာလဲ အဲ့ဒါတော့မေးချင်ပါတယ်။

တပ်မတော်သား ၃ဦး အဓမ္မပြုကျင့်မှု ပွင့်လင်းစွာစစ်ဆေးရန်တောင်းဆို
“ဒါမျိုးတွေ အတွက် ပွင့်လင်းမြင်သာမှု ရှိရဲ့လား၊ တရားမျှတမှု ရှိရဲ့လားဆိုတော့ ဒါမျိုးတွေက မကြာခဏ ဥပမာတွေ ရှိခဲ့ပြီးသားပဲ။ အင်းဒင် လူသတ်မှုကို ကြည့်ရင် အစက မဖြစ်ဘူးပြောတယ်။ နောက်ပိုင်း ဖြစ်ပါတယ်ဆိုပြီး ဝန်ခံတော့ တပ်တွင်း ကအပြစ်ပေးတယ်လို့ ပြောတယ်။ ဘယ်သူမှလည်း ဘာမှ မသိလိုက်ရဘူး။ နားလည်း မထောင်လိုက်ရဘူး”

ယမ်းငွေ့တွေကြားက အကာအကွယ်မဲ့မိခင်များ
"သေနတ်သံတွေမကြားရတော့ရင် အိမ်ပြန်ချင်ပါတယ်။'' လို့ မစန္ဒာအေးက သူမရဲ့လသားအရွယ်ကလေးလေးကို နို့တိုက်နေရင်း မှောင်မည်းလာနေတဲ့မိုးတိမ်တွေကိုကြည့်ရင်း ဆိုပါတယ်။

လော့ဒေါင်းမိနေတဲ့ရန်ကုန်မြို့တော်က အမျိုးသမီးများ၏ ဝမ်းရေးတိုက်ပွဲ
ကိုယ့်ဘဝကို အရမ်းဆိုးနေတယ်လို့တော့ မခံစားနေတော့ပါဘူး။ အမေ့အိမ်နောက်မှာကပ်နေရင်း အိမ်လခမပေးရတာနဲ့တင် အမေ့ကိုထိုင်ကန်တော့ချင်နေပါပြီ။

စစ်ဘေးအပူပေါ် ကိုဗစ် နှင့် ရေဘေး အပူ ထပ်ဆင့်ခံရသူများ
''ဒီမှာ သိတဲ့အတိုင်း မိန်းမတွေကလည်း ကလေးတွေနဲ့ချည်းလေ၊ အိမ်ထောင်တစ်ခုမှာ ကလေးက အနဲဆုံးတစ်ယောက်ရှိတယ်၊ အဲဒီတော့ ကိုယ်ဝန်ကြီးနဲ့ ကလေး တို့လို့တွဲလောင်းနဲ့၊ ကလေးကလည်း နှစ်ယောက် သုံးယောက်ဆို မနိုင်မနင်းတွေဖြစ်ပြီး ရေလွတ်ရာကို သူများလို လွတ်လွတ်လပ်လပ်မပြေးနိုင်ဘူးပေါ့''

YBS ပေါ်တွင် တက္ကသိုလ်ကျောင်းသူအား ကာယိန္ဒြေပျက်ရန်နှောင့်ယှက်ခဲ့ကြောင်း အမျိုးသားလေးဦးစွပ်စွဲခံရ
“အမှုသွားဖွင့်ရင် ရဲတွေဘက်က တုန့်ပြန်ပုံက ကျွန်တော်တို့ အတွက် အဲဒီလောက်ထိ အားရ စရာမရှိဘူး။ နောက် ပြီးတော့ ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့လာမှပဲ သူတို့အနေနဲ့ အမှုဖွင့်ဖို့ လက်ခံမယ်။ တရားရုံးကို တိုက်ရိုက် လျောက်ထားလို့ ရမယ်ဆိုတာ ပြောခဲ့တာတွေလည်း ရှိတယ်”

တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခြင်းခံရသည်ဆိုသော အမျိုးသမီး၏ DNA ကို CID စစ်ဆေး
“စစ်တဲ့ အရာရှိက သူတို့ စစ်ကြောင်း မဝင်ဘူးဆိုတဲ့ အချက်ကို သူတို့က လိုချင်တဲ့ သဘောပေါ့နော်။ ဒါပေမယ့် ဒီဘက်က စစ်ကြောင်း ဝင်သွားတယ်ဆိုတဲ့ အကြောင်း သက်သေတွေက ရှိတယ်လေ”


