သတင်း

ရပ်တည်ဖို့ ခက်ခဲလာတဲ့ ပုဂံဧည့်လမ်းညွှန်လေးများ

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသဟာ ကိုဗစ်နဲ့အာဏာသိမ်းမှုကြောင့် ခရီးသွားလုပ်ငန်းရပ်တန့်သွားတာ နှစ်နှစ်ကျော်လာပြီး ဒီလုပ်ငန်းအပေါ် မှီခိုနေကြတဲ့ဒေသခံတွေရဲ့ စားဝတ်နေရေးဟာ ခက်ခဲကျပ်တည်းလာပါတယ်။ ဒီထဲမှာ ပုဂံဘုရားတွေမှာ သမိုင်းကြောင်းလိုက်လံ ရှင်းပြပေးနေတဲ့ ကလေးငယ်လေးတွေလည်းပါဝင်ပြီး လက်ရှိမှာ သူတို့ ဟာ အဆင်ပြေမယ့်လုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်နေကြပါတယ်။ ပုံမှန်ဘုရားသမိုင်း လိုက်လံရှင်းပြပေးနေတဲ့ကလေးငယ်တွေဟာ လက်ရှိမှာတော့ ဧည့်သည်လိုအပ်ချက်အပေါ်မူတည်ပြီး အလှ ဓါတ်ပုံရိုက်ပေးတာ၊ ဆံပင်ကျစ်ပေးတာ၊ သနပ်ခါးလိမ်းပေးတာ စတဲ့ လုပ်ငန်းတွေ ပြောင်းလုပ်လာတာပါ။ ဘုရားသမိုင်းကြောင်းကို ရှင်းပြသူတွေက ၁၀ ကျော်သက်ကလေးငယ်တွေများပါတယ်။ အခုနောက်ပိုင်းမှာတော့ မိဘတွေက အလုပ်မရှိ၊ ဝင်ငွေမရှိဖြစ်လာတဲ့အခါမှာ ကလေးငယ်တွေအလုပ်ထွက်လုပ်ရတော့တာပါ။

စစ်ကောင်စီကြောင့် မအေးချမ်းနိုင်တော့တဲ့ ရွာငံဒေသ

“ အရင်ကတော့ မိဘရဲ့ လုပ်ငန်းမှာပဲအေးဆေးလုပ်တယ်။ ကော်ဖီလုပ်ငန်းပေါ့။ စစ်အာဏာသိမ်းပြီးနောက်တော့ လူငယ် တွေအတွက် ရွာထဲမှာနေဖို့ အဆင်မပြေတော့ဘူးလေ။ လုပ်ငန်းတွေစွန့်ပြီး ပြေးနေရတယ်”

ကြံ့ကြံ့ခိုင်ရပ်တည်နေကြဆဲ မီးရထား CDM ဝန်ထမ်းများ

" တစ်နှစ်ကျော်အတွင်းဖြတ်သန်းရတာမလွယ်ကူပါဘူး။ စိတ်ဓာတ်ကျတဲ့နေ့တွေ ပိုက်ဆံမရှိတဲ့နေ့တွေကို တော်လှန်ရေး ကြီးအောင်တော့မှာဆိုတဲ့စိတ်နဲ့ အားတင်းပြီးကျော်ဖြတ်ခဲ့ရတာ"

ရခိုင်မျိုးနွယ်စု သက်လူမျိုးတွေရဲ့ ပထမဆုံးအကြိမ် အမျိုးသားနေ့

သက်လူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ လူဦးရေ သုံးထောင်ခန့်သာ ကျန်ရှိတော့တဲ့ မျိုးနွယ်စုတစ်ခုဖြစ်ပြီးတော့ ရခိုင်မျိုးနွယ်စုထဲမှာ လူဦးရေအနည်းဆုံး မျိုးနွယ်စုတစ်ခုဖြစ်ပါတယ်။ သက်လူမျိုးတွေဟာ ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်၊ စစ်တွေ၊ ရသေ့တောင်၊ မြောက်ဦးနှင့် အမ်းမြို့နယ်တွေမှာ ပျံ့နှံ့နေထိုင်လျက်ရှိပါတယ်။

အာဏာသိမ်းမှုကြောင့် ပိုမိုကျပ်တည်းလာတဲ့ အလုပ်သမများ

“ ခံစားခွင့်ကတော့ ဘာမှမရတော့တာ။ ဒီနေ့အချိန်ပိုလုပ်ရရင် နောက်နေ့နားချင်တာပေါ့။ အဲဒါကိုခွင့်မပေးဘူး။ လုပ်သက် ခွင့်လည်းမရဘူး။ အလုပ်မပြုတ်ချင်ရင် ဖျားနာရင်ဆေးသောက်လာပဲ။ မလာရင် အလုပ်ထုတ်ပစ်တာ။ အဲဒါမျိုးကို ဘယ် သွားတိုင်လို့ရမှာလဲ။ သူတို့က တစ်ခုခုဆို အလုပ်သမားတွေကို စစ်တပ်နဲ့ခြိမ်းခြောက်ထားတာ။ မကျေနပ်ချက်လေး တစ်ခု တစ်လေများ ဖေ့ဘွတ်ပေါ်တင်ရေးကြည့် နောက်နေ့သတိပေးခံရတယ်။ သုံးကြိမ်သတိပေးခံရရင် အလုပ်ပြုတ်တယ်။”

မသန်စွမ်းအမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အကျပ်အတည်း

“ ကြိုးစားရင်လည်း သန်စွမ်းသူတွေထက်အဆပါင်းများစွာကြိုးစားအားထုတ်ရတယ်။ အပန်းဖြေနားချိန်ထက် အလုပ်လုပ် ချိန်က ပိုပါတယ်။ အများထက်ပိုပြီး ဝိရီယအားစိုက်ရတယ်။ ဇွဲလည်းပိုရှိရတယ်”

မလုံခြုံ ထိတ်လန့်မှုများအောက်က လူပ်ရှားသွားလာနေရတဲ့အမျိုးသမီးတွေ

" အခုလိုဖြစ်တာ ဖမ်းမယ့်သူမရှိလို့ပါ တာဝန်ရှိသူတွေက မဖမ်းဘဲလွှတ်ထားတာကြောင့် လုယက်တာတွေရိုက်နှက်ခံရ တာတွေဖြစ်နေတာ"

အဆုံးသတ်မလှခဲ့သည့်အိမ်မက်များ

“အနီးပတ်ဝန်းကျင်က လူပွဲစားတစ်ဦးက တရုတ်တွေနဲ့ လက်ထပ်ရင် ငွေနှစ်ဆယ့်ငါးသိန်း ရမယ်ဆိုပြီးပြောတယ်။ မွဲပြာကျနေတဲ့ မိဘနှစ်ပါးအတွက် ကိုယ်ပိုင်အိမ်တစ်ဆောင်ရမလားဆိုပြီး စွန့်စားခဲ့တာ။ မောင်လေးကျောင်း ထားနိုင်ဖို့လည်း လိုသေးတယ်လေ”

ဖိနှိပ်ခံထားရပေမယ့် ကျိုးကြေမသွားတဲ့တော်လှန်ရေးစိတ်ဓါတ်နဲ့ ကျောင်းသားလူငယ်တွေ

“စစ်မေးတဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းနှိပ်စက်ညှင်းပန်းတဲ့ကိစ္စမျိုးတွေရှိပါတယ်။ ဝါယာကြိုးတွေနဲ့ ရိုက်နှက်ခံရတာတွေရှိ တယ်”

စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော အမျိုးသမီးထုနှင့် LGBT တို့၏ အားမာန်

"တဲကလေးကို တောထဲက ဓနိတွေကာပြီးနေရတယ်...မိန်းကလေးတစ်ယောက်အနေနဲ့လုံခြုံမှုတော့ ဘယ်ရှိ မလဲ။ အိမ်သာကိုတောကြီးထဲမှာသွားတက်ရတာ အရင်ကမြို့ပေါ်မှာနေခဲ့ရတော့ကြောက်တယ် ... ပြီးတော့ ရေချိုးတာချောင်းထဲမှာ။ အဲ့လိုမျိုးတွေအများကြီးရှိတယ်။ ဒါပေမဲ့ဒါတွေက ငိုကြွေးနေရမဲ့ အရာတွေမဟုတ်ဘူး”