သတင်းဆောင်းပါး

ကပ်ဘေးကြားက ဘဝခါးခါး

“ ရောဂါကပ်ဘေးကြီး အမြန်ဆုံးပြီးစေချင်ပါတယ်။ နိုင်ငံရေးတွေနဲ့ စစ်ရေးတွေကိုလည်း အမြန်ဆုံးြငိမ်း ချမ်းစေချင်ပါပြီ အရင်ကလိုဈေးရောင်းကောင်းစေချင်ပါတယ်။ ကပ်ဘေးကြားထဲက ကျွန်မတို့လိုမုဆိုးမတွေရဲ့ ဘဝခါးခါး နေ့ရက်တွေကို အမြန်ဆုံး အဆုံးသတ်ခွင့်ရချင်ပါတယ် ။ ”

ကိုယ့်မိသားစုဝင် တစ်ဦးကိုမှ အပဲ့မခံနိုင်တဲ့ အိမ်ရှင်မတွေ

မိသားစုတွေမှာ တစ်စုံတစ်ယောက်နာမကျန်းဖြစ်ရင် ပင်ပန်းရတာ အိမ်ရှင်မ တာဝန်ယူထားတဲ့ မိခင်တွေ ၊ဇနီးတွေ ၊သမီး တွေပါ။ ဖျားနာနေတဲ့ အိမ်သားကို ပြုစုစောင့်ရှောက်ရတာ၊ အဟာရပြည့်ဝပြီး ခံတွင်းတွေ့စေမဲ့ အစားစာတွေ ချက်ပြုတ် ကျွေးမွေးရတာ၊ လျှော်ဖွတ်သန့်ရှင်းရတာတွေကလည်း အိမ်ရှင်မတွေပါပဲ။ တချို့အိမ်ရှင်မတွေဆို အိမ်အတွက် ဝင်ငွေ ရှာဖွေတာလည်းမပြတ်စေဘဲ တဖက်က အိမ်သားတွေ ကို ပြုစုရတာတွေလည်း ရှိပါတယ်။ ကိုဗစ်ဖြစ်ပွားတဲ့အခါမှာလည်း အိမ်မှာတစ်ယောက်ဖြစ်ရင် တစ်မိသားစုလုံး ကူးစက်နိုင်တယ်ဆိုတာသိပေမဲ့ နာမကျန်းတဲ့ အိမ်သားကို မျက်နှာမလွှဲဘဲ ပြုစုစောင့်ရှောက်ပေး၊ချက်ပြုတ်ကျွေးမွေး၊ လိုအပ်တာ တကိုယ်တည်းထွက်ဝယ်ရပြီး အိမ်မှာ အောက်ဆီဂျင်လိုတယ်ဆို ညအချိန်မတော် နေရာပေါင်းစုံသွား အောက်ဆီဂျင်အရှာထွက်ရတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေလည်း အများအပြားပါ။

“သူတို့က ဖိနှိပ်လေလေ ကျမတို့ ပိုအားသန်လာလေ ဘယ်တော့မှ စိတ်ဓါတ်ကျမသွားဘူး”

“အမျိုးသမီးဝန်ကြီးဌာနဖွဲ့ထားတာ သုံးလကျော်အတွင်းမှာ ထုတ်ပြန်ချက်တစောင်ပဲထုတ်တယ်။ ဒီလိင်ကိစ္စနဲ့ ပတ်သက် လို့ပေါ့။ ကျမတို့ဖြစ်စေချင်တာက ဒီအပေါ်မှာသူတို့အင်တိုက်အားတိုက်ဘယ်လိုလုပ်နေတယ်ဆိုတာမျိုး ဥပမာ ဘယ်မှာ ဘယ်လိုပုံစံမျိုးကျူးလွန်ခံနေရတယ်။ စုံစမ်းစစ်ဆေးနေတယ်ဆိုရင်လည်း ဘယ်အခြေအနေရောက်ပြီပေါ့။”

ရန်အောင်မြေတိုက်ပွဲရှောင်စခန်းက ပဲ့ကိုင်ရှင်မလေး

“ တစ်ယောက်တည်းဆိုတော့ သတ္တိမွေးရတယ်။ သင်တန်းသူ ၁၄ ဦးဆိုတာက တော်ရုံဆရာမတွေက လက်ခံမှာ မဟုတ် ဘူး။ ကျမကတော့ သူတို့တွေကို တတ်စေချင်တဲ့စိတ်ရှိတာကြောင့် ပင်ပန်းရင်လည်း ကိုယ်တတ်သလောက်ကို အကုန် သင်ပေးနေတာပါ”

ခေတ်စနစ်ဆိုးထဲမှာ ရုန်းကန်နေရတဲ့ တစ်ကိုယ်ရေမိခင်တွေ

နိုင်ငံရေးနဲ့ ရောဂါအခြေအနေတွေမရှိခင်ကာလကတည်းက single mother အချို့ဟာရုန်းကန်ကြရပါတယ်။ ကလေး ကြည့်ပေးမယ့်သူရှိရင် အလုပ်ထွက်လုပ်နိုင်တဲ့သူတွေရှိသလို အလုပ်ထွက်လုပ်တဲ့အခါမှာလည်း အိမ်စရိတ်နဲ့ ကလေးစရိတ်နဲ့ မလောက်ငှသူတွေလည်းရှိတယ်လို့ single mother တချို့ကပြောပြပါတယ်။ လက်ရှိ တိုင်းပြည်မှာ စစ်ဘေး ရောဂါဘေးတွေ ကြုံနေရတဲ့အချိန်မှာတော့ မိဘစုံလင်တဲ့ မိသားစုတွေမှာတောင် အခက် အခဲတွေကြုံနေကြရပြီး Single Mother မှာဆို ပိုလို့တောင် ခက်ခဲနေရပါတယ်။ ဒီလိုအခက်အခဲတွေကြားမှာ ရုန်းကန်နေ ရပေမယ့်လည်း Single Mother တွေဟာ အားမလျော့သွားကြပါဘူး။

ဘယ်နေရာဖြစ်ဖြစ် နားခိုဖို့နေရာတစ်ခုလောက်တော့ လိုချင်ပါတယ်

“ အခုက တိုင်းပြည်ကမကောင်း၊ ကိုဗစ်ကဖြစ်လာတော့ အိမ်လခမပေးနိုင်တော့ ဆင်းတော့ဆိုပြီး အိမ်ထဲရှိတာတွေ အကုန်ဆွဲထုတ်တာ။ ခြေသလုံးဖက်တောင်းပန်တာတောင်မရဘူး”

ရခိုင်ဒေသစစ်ရှောင်များနဲ့ ကိုဗစ်တတိယလှိုင်းရဲ့စိန်ခေါ်မှု

“ကျမတို့က မနက်မိုးလင်းရင် ဈေးဝယ်ထွက်ရတယ်။ တစ်ချို့ကျတော့လည်း ဝင်ငွေရဖို့ အလုပ်သွားလုပ်ရတာ တွေရှိတယ်။ ပြန်လာချိန်ကျရင်လည်း ဒီအတိုင်းပဲ နေထိုင်ကြတာများတယ်။ ကိုဗစ်စည်းကမ်းတွေကို သိပ်သတိမထားမိကြဘူး”

ပြည်သူအချင်းချင်း ဖေးမကူနေတဲ့သူတွေ

" ငွေရေးကြေးရေးမတတ်နိုင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ကူညီချင်တဲ့ စေတနာနဲ့လုပ်ခဲ့တာ။ ဒီအချိန်မှာ အကုန် လုံးက ခက်ခဲနေတာဆိုတော့ ဝင်ကူညီဖြစ်တာ"

“အခက်အခဲတွေကြား ကင်းကြေးပါပူနေရတဲ့ ပအိုဝ်းအမျိုးသမီးများ”

“ အမျိုးသမီးတွေ ညဘက် မပေးစောင့်ဘူး အမျိုးသားဘဲ စောင့်ရတယ် မိုးလင်းပေါက်ထိစောင့်ရတယ်။ ဝင်ငွေကမရှိ လူထပ်ငှားရမယ်ဆိုတာ မဖြစ်နိုင်ဘူးလေ။ သွားလို့ အဆင်ပြေနေသေးတယ်ဆိုရင် ကိုယ်တိုင် သွားလိုက်တယ်”

အကျပ်အတည်းတွေအောက်က စေတနာ့ဝန် ထမ်းနေကြသူများ

“ အရင်တုန်းကလူတွေလည်းစီးပွားရေး မကျပ်တည်းကြတဲ့အခါကျတော့ လုပ်ငန်းတွေကအဆင်ပြေကြတဲ့အတွက် PPE တွေ Mark တွေလိုအပ်ရင်လည်းလာထောက်ပံ့ကြတယ်။ အခုက မလှူနိုင်ကြဘူး ရောဂါအကူးခံပြီးလုပ်နေရတဲ့သဘော။ အခုကစိတ်ပိုပင်ပန်းတယ်။ ဘာကြောင့်ပိုပင်ပန်းတာလဲဆိုတော့ လူတိုင်းကိုမကယ်နိုင်တော့ဘူး။”