Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “အဘွားရဲ့အဖြစ်က အပူအိုးကို ဆောင်းထားသလိုပါပဲ ၊ တစ်ဦးတည်းရှိခဲ့တဲ့သားက စောစီးစွာ သေဆုံး ခဲ့တယ် နောက်ပြီး မြေးဖြစ်တဲ့သူကလည်း စစ်ပွဲကြီးမဖြစ်ခင် မိုးကြိုးထိပြီး ဆုံးတယ်၊ အခု စစ်ပွဲဖြစ်ခဲ့တဲ့ အချိန်မှာ ခင်ပွန်း ဖြစ် သူကို ဆုံးရှုံးခဲ့ရတယ်”

  • “ ကျမဆို သုံးလေးခါလောက်ကြုံတယ်။ စစ်တဲ့အခါ နာမည်ကဘာလဲ။ ဘယ်ကလာတာလဲ။ ဘယ်သွားမလို့လဲ။ ဘာလူမျိုး လဲ။ သူတို့မျက်နှာကြည့်တော့လည်း ရိသဲ့သဲ့နဲ့ပြောတာ။ တစ်ချို့ကျတော့လည်း မျက်လုံးကနီရဲနေပြီး မူးရူးနေတာတွေ လည်းရှိတယ်”

  • “အကြမ်းဖက်ခံနေရတဲ့သူ ကျူးလွန်ခံနေရတဲ့သူဆိုတဲ့အနေအထားကနေ ကျမတို့တွေက ဦးဆောင်နိုင်သူ၊ ပြုပြင်ပြောင်းလဲ နိုင်သူ၊ ရှေ့ဆောင်လမ်းပြနိုင်သူဆိုတဲ့ အနေအထားကိုရောက်အောင် သွားကြစို့လို့ တိုက်တွန်းအားပေးချင်တယ်”

  • ” ကိုယ့်မှာတော့ လက်နက်မရှိဘူးပေါ့နော်။ သို့ပေမဲ့ တူးမီးရှိတဲ့ တိုင်းရင်းသားတွေရော တခြားရဲဘော်တွေရောရှိတော့ ကိုယ်ဘယ်နေရာက ကူညီပေးနိုင်မလဲဆိုတဲ့အတွေးနဲ့ပဲ စပြီးပါဝင်ဖြစ်တာ”

  • “အရင်ကတော့ကလေးနဲ့လည်းဖြစ်၊ မိဘကလည်းလက်မခံတော့ နာတာကိုသည်းခံခဲ့ရတယ်။ အခုတော့ ကျမဘဝလေးက တကယ့်ကိုအေးအေးချမ်းချမ်းပျော်ပျော်ရွင်ရွင်ပါပဲ။ ဒီလိုနေနိုင်ဖို့ နေ့ရက်တိုင်းကျမစောင့်နေခဲ့ရတာ။”

  • “စစ်အကြမ်းဖက်အုပ်စုကို အမြစ်ပြတ်ထိုးနှက်မယ့် လက်သီးချက်တွေထဲမှာ ကျွန်မတို့အမျိုးသမီးအင်အားစုတွေရဲ့ ထိုးနှက် ချက်တွေလည်း ပါဝင်နေတယ်ဆိုတာကိုသိစေချင်တယ်”

  • “သားသမီးရလာတဲ့အခါ အမေက ကျွေးမွေးစောင့်ရှောက်၊ အဖေက အပြင်ထွက်ပြီး စီးပွားရှာ။ အဲဒါဟာ ကြားလို့ပဲကောင်း တယ်။ တကယ်တမ်းရုန်းကန်ရတဲ့အခါ အမေတွေဟာ အဖေတွေထက် ပိုပြီးရုန်းကန်ရတာတွေ့ရတယ်။ အဖေတွေဟာ နေသာသလို နေလိုက်ကြတာ တွေ့ရတယ်။ အဲဒီအကျင့်ဟာ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အရိုးစွဲနေတဲ့ အကျင့်တစ်ခု လိုဖြစ်နေတာပါ။”

  • “နိုင်ငံရေးအခြေအနေ ပြန်ကောင်းစေချင်ပါတယ်။ ဒါမှသာ ဆုံးရှုံးခဲ့သမျှကို ပြန်လည်ကြိုးစားနိုင်မှာဖြစ်တယ်။ အခုကတော့ ဆုံးရှုံးသွားတဲ့ ကျန်ဧကတစ်ဝက်ကို ပြန်ပြုပြင်နိုင်ဖို့ရယ်၊ ဒီနှစ်ကုန် ပေးဆပ်ရမယ့်ငွေကြေးတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆပ်နိုင်ဖို့သာ ကြိုးစားရုန်းကန်ဦးမယ်”

  • “အခြေအနေက ဘာမှ ရစရာကိုမရှိတဲ့ဘဝပဲ။ အမျိုးသမီးတွေရဲ့ဘဝတွေ တော်တော်ကို ခက်တယ်။ ငွေမရှိတာ မီးဖိုချောင် ကိစ္စတွေ၊ ကျမတို့ဆိုင်က ရောင်းမရ၊ ဝင်ငွေမရှိပေမယ့် လက်နက်ကိုင်တွေက အခွန်တိုးကောက်တယ်လေ။”

  • “တိမ်းရှောင်ရင်းသတင်းလုပ်ရတာ အရမ်းခက်ခဲပါတယ်။ ဖုန်းလိုင်း အင်တာနက်လိုင်းမရတဲ့နေရာရောက်သွားရင် ဘာမှ လုပ်လို့မရဘူး။ ညကြီးမိုးချုပ် တောင်တွေပေါ်တက်ပြီး လုပ်ရတာလည်းရှိတယ်။ တက်ရတဲ့တောင်ဆိုတာ ဘယ်နှစ်လုံး မှန်းတောင် မသိတော့ဘူး။ တော်တော်လေးခက်ခဲပါတယ်။ ဒါပေမယ့် ရအောင်တော့လုပ်တယ်”