Home ဆောင်းပါး သတင်းဆောင်းပါး
Category:

သတင်းဆောင်းပါး

သတင်းဆောင်းပါး

  • “လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေးဆုံးရှူံးမှုတွေက တနိုင်ငံလုံးမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပိုမိုဆိုးရွာလာတယ်။ အထူးသဖြင့်နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကိုဖမ်းဆီးတဲ့အခါမှာ တကယ့်ကို ရက်ရက်စက်စက်နဲ့ ဖမ်းဆီးမှုတွေ၊ နောက်အမျိုးသမီးမှန်းသိရဲ့သားနဲ့ လိင်ပိုင်းဆိုင်ရာအသား ယူပြီးတော့ ဖမ်းဆီးကိုင်ဆွဲပြီးတော့ ပြောဆိုတာလုပ်ဆောင်တာတွေ ရှိခဲ့တယ်”

  • “ အရင်ကတော့ သူဌေးအိမ်မှာ အိမ်ဖော်အလုပ်လုပ်တယ်။ အိမ်သန့်ရှင်းရေးလုပ်တဲ့အလုပ်ပေါ့။ အခုအိမ်ရှင်က အလုပ် မခန့်တော့ ကျမမှာ အလုပ်မရှိတော့တာ ရှစ်လကျော်ရှိပြီ။ အဲ့ဒါနဲ့ မိသားစုဝင်ငွေတစ်ခုရဖို့ ကျမတို့ အမှိုက်လိုက်ကောက် နေတာပါ”

  • “ကျမက သေနတ်လေးတွေမှာ ကိုယ်တွေရဲ့ နေ့စဉ်ဘဝမှာ စားနေတဲ့အစားအစာဖြစ်တဲ့ ဆန်စေ့လေးတွေ ကပ်ပြီးတော့ လက်နက်တို့ တင့်ကားတို့နဲ့ပုံဖော်ပြီး ပြသခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒို့တွေကို သတ် နေတဲ့သူတို့ရဲ့လက်နက်တွေက ဒို့တွေစားသောက်ရမယ့် ပြည်သူပိုင်တဲ့ဘဏ္ဍာပဲကွာ။ အဲ့ဒါနဲ့ ပြန်ဝယ်ပြီး ပြည်သူတွေကိုသတ်နေတယ်လို့ ဒါလေးတွေကိုမြင်အောင်လို့ပြခဲ့တာ ရှိတယ်”

  • “သူတို့ထင်မှတ်မထားတဲ့အဖြစ်ပျက်ဆိုးကြီးဟာ နိုဝင်ဘာ ၁၆ ရက်မှာတော့ ရုတ်တရက်ရောက်လာခဲ့တယ်။ အဲ့ဒီနေ့ မနက်စာစားပြီးလို့ သင်တန်းစဖို့ပြင်ဆင်နေတဲ့အချိန်မှာ စစ်အင်အားတစ်ရာလောက်ဟာ လက်နက်ကြီး၊ ငယ်တွေနဲ့ သူတို့ စခန်းကို တရကြမ်း စီးနင်းဝင်ရောက်လာခဲ့တယ်။”

  • “ကျွန်မတို့ဟာ စစ်အာဏာမသိမ်းခင်တည်းက အာဏာရှင်တွေကို တော်လှန်ခဲ့သူတွေပါ။ အခုချိန်ထိ စစ်အာဏာရှင်တွေကိုတော်လှန်နေဆဲပါ။ အမျိုးသားထောင်ကျနေလို့ ကိုယ်က တော်လှန်ရေးကိုရပ်မသွားပါဘူး အဆုံးထိ တော်လှန်နေမှာပါ”

  • “ အခုချိန်က ပိုက်ဆံတွေက ရှာလို့ဖွေလို့ရတာမဟုတ်ဘူး။ မရှိ၊ ရှိတာလုပ်ရတာပဲ စားဝတ်နေရေးကအဓိကကိုး။ ဆံပင်ရောင်းတာ လေးသောင်းခွဲ၊ မုန့်ဖိုးအနေနဲ့ ငါးထောင်ရတယ်။ အားလုံးပေါင်း ငါးသောင်းရတယ်”

  • “လက်ရှိအခြေအနေမှာတော့ သတင်းအချက်အလက်ကောက်ရတာ အင်မတန်ခက်ခဲပါတယ်။ သာမန်ချိန်မှာဆို ကျူးလွန် ခံရသူနေတဲ့ပတ်ဝန်းကျင်ကို မေးမြန်းရတာ အခက်အခဲသိပ်မရှိပေမယ့် လက်ရှိအချိန်မှာ စစ်ကောင်စီက ကျူးလွန်တာဆိုရင် သတင်းမပေးရဲ၊မေးရင်လည်း ပြောမပြရဲကြဘူး”

  • “နိုင်ငံရေးအခြေအနေမတည်ငြိမ်သည်နှင့်အမျှ နစ်နာမှုအား တိုင်တန်းဖို့လည်းအခွင့်မသာ တိုင်လည်းမတိုင်ရဲသည့် အခြေ အနေတွင် နောက်ထပ်တစ်ကြိမ် ယခုလိုကြုံရမည်ကို စိုးထိတ်နေရသည်။ အခင်းမဖြစ်မီအချိန်ကတည်းက သားသမီး အကြီးသုံးယောက်ကို အစ်မကြီးထံပို့ ထားမိ၍ တော်သေးသည်ဟု မှတ်ယူရသည်။”

  • ” စစ်ကောင်စီရဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေက ပိုပိုပြီး လူမဆန်လာဘူး၊ ကိုယ်ဝန်သည် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ညှင်းပန်းနှိပ်စက်မှုတွေက ဆိုးရွားတဲ့ လူမဆန်တဲ့ ကိစ္စတွေဖြစ်တယ်”

  • “ ခြေလက်အင်္ဂါအစုံရှိတဲ့အခါ အလုပ်တွေ ဘယ်လောက်ကြမ်းကြမ်း ညီမလုပ်နိုင်တယ်။ ခြေတစ်ဖက် ဖြတ်လိုက်ရမယ် ဆိုတော့ ရှေ့ရေးကိုတွေးပြီး အရမ်းကြောက်လန့်ခဲ့တယ်။ စက်ချုပ်ရင်းနဲ့ ဈေးရောင်းနိုင်တဲ့ အနေအထားမျိုး ဆိုင်လေးတစ်ဆိုင် ဆောက်မယ်။ ဈေးဆိုင်တစ်ဖက် စက်ချုပ်တစ်ဖက်နဲ့ အဖေနဲ့ မောင်လေးကို ထပ်ပြီးပြုစုစောင့်ရှောက်သွားမယ်”