Home Author
Author

webmaster

  • “ကျနော်တို့ဓလေ့မှာက မိန်းကလေးတွေ သစ်ပင်တက်လို့မရဘူး။ ဒါပေမဲ့သူကကျနော်ထက်တောင် သစ်ပင်တက်ကျွမ်းကျင်တယ်။ ဒါကိုသိပေမယ့် ကျနော်တက်ခိုင်းလိုက်ရင် ရွာလူကြီးတွေက ဇွာအီးကို အပြစ်တင်မှာ မကောင်းပြောမှာ ကျနော် စိုးရိမ်လို့ မတက်ခိုင်းခဲ့ဘူး။”

  • “ယောကျ်ားပဲ ဒီလောက်တော့ရှိမှာပဲ သူကောင်းခဲ့တာတွေရှိတာ ခွင့်လွှတ်လိုက်ပါဆိုတာ ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာဖိုဝါဒရဲ့ လွှမ်မိုးမှုကြောင့် ဖြစ်နေတဲ့ အတွေးအခေါ်အယူအဆဖြစ်တယ် အာဏာရှိတဲ့သူ လက်နက်ကိုင်ထားတဲ့သူ ကျူးလွန် ရင် ကင်းလွတ်ခွင့်ရမယ်ဆိုတာက အာဏာရှင်စနစ်ကလာတာ”

  • “ကိုယ်မျှော်လင့်ထားတဲ့ ဘဝအခြေအနေ ကိုယ်မျှော်လင့်ထားတဲ့ အလုပ်အကိုင်အခွင့်အလမ်းမျိုးမှာ လုပ်နေရတာ မဟုတ်တော့စိတ်ဓာတ်ကျတဲ့အချိန်တွေရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျတဲ့ အခါတိုင်းတော့ကိုယ့်နားမှာရှိတဲ့ သူတွေထဲစစ်ရှောင်တွေရှိမယ်။ ကိုယ်နဲ့ရွယ်တူ ကိုယ့်လက်ထဲမှာတင် အသက်ဆုံးရှုံးသွားတဲ့ရဲဘော်တွေရှိတယ်။ အမျိုးသမီးငယ်လေးတွေ ရှိတယ်။ သူတို့တွေကိုတွေးပြီးတော့ ပိုပြီးအားယူတယ်”

  • Photo Essay စိုးရိမ်ပူပန်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ဝမ်းနည်းမှုတို့နှင့်အတူ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး၏ အနီးကပ်ပုံ ယင်းဓာတ်ပုံသည် ဒုက္ခသည်စခန်းတစ်ခု၏ နောက်ခံကားချပ်ကိုနောက်ခံထား၍ အခက်အခဲများကြားတွင်သူမ၏ ခွန်အားကိုဖမ်းယူထားသည်။ ဤပုံသည် ပိုကြီးသောအကျပ်အတည်း၏…

  • “ကျနော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အာဏာသိမ်းပြီးနောက်မှာ အင်မတန်မှများလာတယ်။ အဲ့ဒီသက်ငယ်မုဒိမ်းမှုတွေကို အရေးယူမှုရှိလားလို့မေးရင် ငွေနဲ့ကျေအေးပေးလိုက်တဲ့ကိစ္စရပ်တွေ မိသားစုကိစ္စဆိုပြီး အမှု ပျောက်သွားတာမျိုးတွေ ဒါမျိုးတွေနဲ့ပဲ ကျနော်တို့ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ သက်ငယ်မုဒိမ်းမှုတွေကို ထိန်းသိမ်းဖို့ကခက်ခဲလာတဲ့အနေအထားဖြစ်လာပါတယ်။”

  • အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်အောင် ဘယ်လိုတွေပူးပေါင်း လုပ်ဆောင်သင့်လဲဆိုတာကို အမျိုးသားတွေရဲ့ အမြင်သဘောထားနဲ့ စကားသံတွေကို HI က‌စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

  • “တော်လှန်ရေးနဲ Transgender တွေကမသက်ဆိုင်ဘူးဆိုပြီး ပါဝင်လာတဲ့အခါမှာလည်းဖမ်းဆီးခံရတာ၊ အပြင်းအထန်ညှင်း ပန်းနှိပ်စက်တာ စစ်ကြောရေးကိုရောက်တဲ့အခါမျိုးမှာလည်း လိင်အမြတ်ထုတ်တာ ရင်သားတွေကိုဆေးလိပ်မီးနဲ့ထိုးတာ၊ စအိုထဲကိုပုလင်းနဲ့ထိုးတာ အကြမ်းဖက်ဆက်ဆံခံရတာတွေကြုံခဲ့ရတာ”