တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ (ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်၊ ၂၀၂၆)
ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
This author has not written his bio yet.
But we are proud to say that webmaster contributed 1437 entries already.
ဇူလိုင်လ ၂၅ ရက်ကနေ ၃၁ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာ တွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။
“ကျမတို့ မြန်မာနိုင်ငံသားတွေရဲ့ ဘဝသည် ပျော်နေလို့ ပျော်ပျော်ကြီးကလေးယူနေကြတာ မဟုတ်ပါဘူး၊ အခက်အခဲတွေကြားထဲကပဲ ကိုယ့်ရဲ့ Generation ကို တည်ဆောက်နေကြရတာမို့လို့ ထိုင်းလူမျိုးတွေကိုလည်း အဲ့ဒိသတင်းစကားမက်ဆေ့ချ်လေးကို ပေးချင်ပါတယ်။ နားလည်ပေးစေချင်ပါတယ်ရှင်” ဒီတပတ် ပေါ့ဒ်ကတ်စ် အစီအစဉ်မှာတော့ ထိုင်းနိုင်ငံရေးသမားတချို့နဲ့ တက်ကြွလှုပ်ရှားသူတချို့က ထောက်ပြနေကြတဲ့ နိုင်ငံခြားသားတွေရဲ့ ကလေးမီးဖွားနှုန်းက နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတယ်ဆိုတဲ့ ဆွေးနွေးချက်တွေအပေါ် လူဦးရေအများဆုံးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းတွေရဲ့ မတူညီတဲ့ နယ်ပယ်တွေကကျွမ်းကျင်သူတွေ၊ ကိုယ်တိုင်တွေ့ကြုံခံစားနေကြရသူတွေရဲ့ အမြင်သဘောထားတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
“အမျိုးသားတွေရဲ့ အတူနေချင်စိတ်ရှိလာဖို့၊ စိတ်ကျေနပ်မှု ရဖို့တစ်ခုအတည်းအတွက် သုံးရမှာမဟုတ်ပါဘူး။ ဒီလိုအတွေးအခေါ်မှားတွေက အမျိုးသမီးတွေက အမျိုးသားတွေကို ဖြည့်ဆီးပေးဖို့ လုပ်ရမယ်၊ တာဝန်ရှိတယ်ဆိုတဲ့ အတွေးတွေကို ဆက်ပြီး လက်ခံလာနိုင် စေပါတယ်။ ဒီလိုဖို၀ါဒဆန်တဲ့ အယူအဆတွေကိုပဲ အမျိုသမီး အချင်းချင်းလက်ဆင့်ကမ်းနေတာဟာ သတိပြုရမှာ ဖြစ်ပါတယ်။” ဒီတပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါအစီအစဉ်မှာတော့ “ပေးတဲ့အတိုင်းပြန်ယူပါ” ဆိုတဲ့ ဇာတ်လမ်းတိုကို ဂျဲန်ဒါရှုထောင့်ကနေ သုံးသပ်ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ်။
“ကမ္ဘာတဝှမ်းလုံးရှိ လေ့လာချက်တွေအရ အမျိုးသမီးအပေါ် အကြမ်းဖက်မှုအများစုမှာ ကျူးလွန်သူဟာ အမျိုးသားဖြစ်နေတတ်ပါတယ်”
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်က ရေးသားဖော်ပြခဲ့ဖူးတဲ့ ဆောင်းပါးရှင် ခင်ဘုန်းမို့ရဲ့ “အိမ်တွင်းငရဲခန်းများအလွန်
“စစ်တပ်ထဲမှာ ခွဲခြားဆက်ဆံမှုနဲ့ပဲ သွားတယ်၊ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ စစ်တပ် ထဲမှာ မရှိဘူး”
“အပျိုကြီး” ဆိုတဲ့ စကားလုံးက ဟာသလား၊ ခွဲခြားဆက်ဆံမှုလား။
” လူတယောက် အရှက်ကွဲပြီး ဘဝပျက်သွားတာဟာ လိုင်းပေါ်က ငွေညှစ်တဲ့ သူကြောင့်တင် မဟုတ်ဘူး၊ အဲဒါကို အမှန်လို့ မျက်စိမှိတ်ယုံကြည်ပြီး ဝိုင်းပယ်လိုက်တဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်စောင်းမှုတွေ ကြောင့်လည်း ပါတယ်”
ဇူလိုင်လ ၁၁ ရက်ကနေ ၁၇ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲက ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်။ စစ်ရေးပဋိပက္ခ၊ ကျန်းမာရေး အကျပ်အတည်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုံခြုံရေးပြဿနာ တွေက ဒီတပတ်အတွင်း အမျိုးသမီးတွေရဲ့ ဘဝကို ဆက်လက်ရိုက်ခတ်နေတဲ့ သတင်းတွေအဖြစ် မြင်တွေ့ရပါတယ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးနဲ့ ဗိုက်ထဲက ရှစ်လအရွယ် ရင်သွေးအပါအဝင် အရပ်သား ၄ဦး သေဆုံးခဲ့ရတဲ့ သတင်းဟာ ဒီတပတ်မှာ စိတ်ထိခိုက်စရာသတင်းတွေထဲက တပုဒ်ဖြစ်ပါတယ်။ မိခင် သေဆုံးသွား ပေမယ့် ဗိုက်ထဲက ကလေးငယ်အသက်ရှင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ခွဲစိတ်ကယ်တယ်ဖို့ ကြိုးစားပေမယ့် အချည်းအနှီးဖြစ်ခဲ့ရသလို၊ သေဆုံးသွားတဲ့မိခင်ကိုယ်ဝန်ဆောင်မှာ အရွယ်ငယ် […]
“ကိုယ့်အိမ်အလုပ်လည်း လုပ်ရသေးတယ်၊ ဆိုင်ကယ်ချည်းပဲထွက်ဆွဲတာမဟုတ်ဘူး၊ အိမ်အလုပ်လည်း လုပ်ရသေးတယ်။” ဒီတပတ်ပေ့ါကတ်အစီအစဉ်မှာတော့ “ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ တွေ့ရများလာတဲ့ ဘေးတွဲမောင်းတဲ့ အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့မတူတဲ့ အခက်အခဲတွေ၊ ရုန်းကန်ရမှုတွေ ပြီးတော့ အမျိုးသမီးမောင်းတဲ့ ဘေးတွဲကို စီးနင်းသူ ခရီးသည်တွေရဲ့ စကားသံ”တွေကို နားဆင်ရမှာဖြစ်ပါတယ်။

အမျိုးသမီးတွေရဲ့ တရားမျှတမှုအတွက် အမျိုးသမီး အသံများကို ဖော်ထုတ်ရာနေရာတခုဖြစ်ပါတယ်။ သတင်းမီဒီယာတွေ အများကြီးရှိပေမယ့် အမျိုးသမီးတွေရဲ့ အသံတွေကို အဓိကထား ဖော်ထုတ်ပေးတဲ့ မီဒီယာတွေ နည်းပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတာတွေ၊ မတရားတာတွေ၊ ဓလေ့ထုံးတမ်း ယဉ်ကျေးမှု အခက်အခဲတွေကြားထဲမှာ ကြုံတွေ့နေရတဲ့အတွေ့အကြုံတွေကို ဖော်ပြပေးရာနေရာဖြစ်ပါတယ်။
အမျိုးသမီးရေးဆိုင်ရာ သတင်းဆောင်းပါး၊ ဓာတ်ပုံ၊ ကဗျာ၊ ကာတွန်းများ ပေးပို့လိုပါက
[email protected] သို့ ဆက်သွယ်နိုင်ပါသည်။