Entries by webmaster

“ခြေထောက်ကို ကြည့်တဲ့အချိန်တိုင်း ကျမစိတ်ပျက်မိတယ်”

ရခိုင်ပြည်အတွင်း မသန်စွမ်းအရေးကို ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ အခုအချိန်အထိ ကိုယ်လက်အင်္ဂါဆုံးရှုံးသွာသူ ၁၀၀၀နီးပါးရှိနေတာကို တွေ့ရပါတယ်။

ဗုံးစထိမှန်တဲ့ အမျိုးသမီတဦး ဆေးကုသခွင့်ကောင်းကောင်းမရသဖြင့် သေဆုံး

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲစဥ် ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဆေးကုသခွင့်ကောင်းကောင်းမရသဖြင့် ထပ်မံသေဆုံးသွားခဲ့တယ်လို့ ဇွန်လ၁၇ရက်နေ့က ကျောက်ကြီး ရွာသားတဦးက ဇွန်လ၁၇ရက်နေ့က ပြောပါတယ်။ ဗုံးစထိမှန်ခဲ့တဲ့ ကျောက်ကြီးရွာသား ဒေါ်တင်ဝင်း ၄၂နှစ်ဟာ ဇွန်လ ၁၄ ရက်က ဆေးကုသမှုခံနေစဥ် ထပ်မံ သေဆုံးသွားခဲ့သဖြင့် အရင်သေဆုံးခဲ့တဲ့ အမျိုးသမီး ၃ဦးနှင့်ဆိုလျှင် စုစုပေါင်း ၄ဦးသေဆုံးခဲ့တယ်လို့ ၎င်းကဆက်လက်ပြောပါတယ်။ ” ခြေထောက်နဲ့ မျက်နှာအကုန်လုံး ဒဏ်ရာသွားတာ။ ဒဏ်ရာလည်း ပြင်းတော့ တစ်ပတ်လောက်ပဲ ဆေးကုသမှုပေမယ် ဆေးဝါးကရီယာမပြည်စုံတော့ အဲဒီမှာ သေဆုံးသွားခဲ့တာ” လို့ ၎င်းကဆိုပါတယ်။ ဇွန်လ ၇ ရက် ကျောက်ကြီးကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဥ်မှာ အစောပိုင်းက အမျိုးသမီး ၃ဦးသေဆုံးခဲ့ရာ အခုဒေါ်တင်ဝင်းထပ်မံသေဆုံးသဖြင့် အမျိုးသမီး ၄ သေဆုံးခဲ့ပြီး အမျိုးသား၁ယောက်အပါအဝင်စုစုပေါင်း […]

အိမ်တွင်းအကြမ်းဖက်မှုများရပ် – Stop Domestic Violence

အိမ်တွင်းအကြမ်းဖက်မှုဆိုတာ စက်ဝန်းတစ်ခုလို လည်ပတ်နေတယ်ဆိုတာ အမှန်ပဲ… စကားများတိုင်း သူလက်ပါလာပြီး တစ်ခါထပ်တစ်ခါ ပိုဆိုးလာတယ်… နောက်ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပြီး ကျမကို အကြိမ်ကြိမ်နာကျင်အောင် ထပ်လုပ်တယ်။

ခေါင်းပုံဖြတ် အကြမ်းဖက်မှုတွေနဲ့ ကြုံနေရတဲ့ အိမ်အကူအလုပ်သမားများ

နောက်တစ်ခုက ခေါင်းပုံဖြတ်တာလည်းရှိတယ်။ စာချုပ်တုန်းကတော့ ဒီလစာနဲ့ဆိုပြီး လကုန်တော့မှ အပြည့်မပေးတာပေါ့။ ဟိုဟာဖြစ်လို့ ဖြတ်တာတို့ ဒီဟာဖြစ်လို့ဖြတ်တာတို့ အဲ့ဒါတွေလည်း ကျမတို့ကြုံတွေ့ရတာရှိတယ်။

ကျမယောကျ်ား ကျားကျား- ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ

ဒီတစ်ပတ်ရဲ့ ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ အစီအစဉ်မှာတော့ မြင့်မြတ်နဲ့အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “ကျမယောကျ်ား ကျားကျား” ဆိုတဲ့ ဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဂျဲန်ဒါရှုထောင့်ကနေ Review လုပ်ပေးသွားမှာဖြစ်ပါတယ်။  ———————- ဒီလို ထည့်သွင်း ရိုက်ကူးထားတာက ထိပါးနှောင့်ယှက်မှုကို ပုံမှန်ဖြစ်သဖွယ် ဟာသသဖွယ်ထည့်သွင်းရိုက်ကူးထားပြီး normalize လုပ်ထားခြင်းက ဒီလို အပြုအမှုတွေကို ထပ်ပြီး တည်မြဲနေအောင် ပံ့ပိုးပေးသလို ဖြစ်နေပါတယ်။ ———————- ဒီအစီအစဉ်ဟာဆိုရင် ဟာသအငြိမ့်တွေ၊ ရုပ်ရှင်တွေ၊ သီချင်းတွေ၊ ကြော်ငြာတွေ စတဲ့ ဖျော်ဖြေရေးကဏ္ဍတွေထဲက ဇာတ်ဝင်ခန်းတွေ၊ အသုံးအနှုန်းတွေ၊ အပြုအမူ အပြောအဆိုတွေကို ဂျန်ဒါရှုထောင့်ကနေ သုံးသပ် review လုပ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။

စစ်ကောင်စီက လက်နက်အဖြစ်သုံးလာတဲ့ အုပ်စုဖွဲ့မုဒိန်းကျင့်မှု

“တော်လှန်ရေးအားကောင်းလာမှာစိုးတော့ ဒေသခံတွေကို နည်းမျိုးစုံနဲ့ အနိုင်ကျင့်တယ်။ ကြောက်လာအောင် မိန်းကလေးတွေကို အုပ်စုဖွဲ့မုဒိန်းကျင့်ပြတယ်။ ကြောက်အောင်လည်း သတ်ပြတယ်။ သူတို့က သေနတ်နဲ့ဆို တော့ ပြည်သူတွေက ဘာပြန်လုပ်နိုင်မှာလဲ”

အိမ်တွင်းအကြမ်းဖက်မှုများရပ် – Stop Domestic Violence

စကားများတိုင်း သူလက်ပါလာပြီး တစ်ခါထပ်တစ်ခါ ပိုဆိုးလာတယ်… နောက်ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပြီး ကျမကို အကြိမ်ကြိမ်နာကျင်အောင် ထပ်လုပ်တယ်

အိုးဘိုထောင်မှာ CDM ကျောင်းဆရာမတစ်ဦး အချိန်မီ ဆေးကုသခွင့်မရလို့သေဆုံး

နိုင်ငံရေးအကျဉ်းသူ CDM ကျောင်းဆရာမ ဒေါ်မြင့်မြင့်သန်းဟာ အချိန်မီ ဆေးဝါး ကုသခွင့်မရတာကြောင့် မန္တလေးအိုးဘိုအကျဉ်းထောင်မှာ မေလ ၇ ရက်မှာ ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ယနေ့ ဇွန် ၁၃ ရက် နေ့စွဲနဲ့ ထုတ်ပြန်လာပါတယ်။