Home သတင်း အမျိုးသမီးအဖွဲ့များဦးဆောင်၍ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လမ်းလျှောက်ပွဲ ရန်ကုန်မြို့တွင် ပြုလုပ်

အမျိုးသမီးအဖွဲ့များဦးဆောင်၍ ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လမ်းလျှောက်ပွဲ ရန်ကုန်မြို့တွင် ပြုလုပ်

ကောကော်။

10466970_862926010385831_8698997583605430892_o
အမျိုးသမီးများ အဖွဲ့ချုပ်( မြန်မာနိုင်ငံ) နှင့် အမျိုးသမီးများကွန်ယက် မြန်မာနိုင်ငံတို့မှ ဦးဆောင်ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းနေ့တွင် အမျိုးသမီးများ၊ အမျိုးသားတချို့များနှင့်အတူ လူဦးရေ ၄၀၀ ကျော်ခန့်သည် မနက် ၈နာရီခွဲမှ ၁၀ နာရီခွဲအထိ ရန်ကုန်မြို့ ပုလဲကွန်ဒိုရှေ့၊ အားကစားကွင်းမှစတင်ပြီး ကမ္ဘာအေးဘုရားလမ်းပေါ်တလျှောက် ကန်တော်ကြီးအထိ ငြိမ်းချမ်းရေးအတွက် တောင်းဆိုသံများကို ကြွေးကြော်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေး လမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်ကြသော ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော သူများသည် အပြာရောင်အင်္ကျီပေါ်တွင် No Women No Peace စာသားနှင့်အတူ အမျိုးသမီးစွမ်းဆောင်အား ငြိမ်းချမ်းရေး အတွက် စုစည်းထား ဆိုသော ဆောင်ပုဒ်စာသားကို တွေ့ရပါတယ်။ မြန်မာနိုင်ငံတွင် အမျိုးသမီးများငြိမ်းချမ်းရေးအတွက် ယခုလို လမ်းလျှောက်ချီတက်ပွဲသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း အမျိုးသမီးများကွန်ယက် မြန်မာနိုင်ငံမှ မာမာချိုက ပြောပါတယ်။

10661651_862928430385589_370167902313344883_o

အမျိုးသမီးများ ခုလို စုစုစည်းစည်းတွေ့ရခြင်းတွင် ပျော်ရွှင်စရာကောင်းလှကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂမှ စိုးစိုးနွယ်က ပြောပါတယ်။
“ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့အတွက်ဆိုရင် အမျိုးသမီးတွေ အသံထွက်ဖို့လိုတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပြီဆိုရင် သူတို့ ပစ်တဲ့ လူအချင်းချင်းပဲ ဆွေးနွေးကြတယ်။ ခံရတဲ့ အမျိုးသမီးနဲ့ ကလေးတွေရဲ့ အသံကိုတော့ ဘယ်လိုမှ ကိုယ်စားမပြုနိုင်ဘူး။ သူတို့သိပေမယ့် အမျိုးသမီးတွေရဲ့ ခံစားချက်ကို အမျိုးသမီးတွေပဲ ပိုနားလည်တယ်။ ဒါကြောင်းအမျိုးသမီးတွေ ကိုယ်တိုင်ပြောရင် ပိုပြီးတော့ ထိရောက်တယ်ပေါ့”

လမ်းလျှောက်ချီတက်ပွဲအပြီး ကန်တော်ကြီးးထဲတွင် အခမ်းအနားတရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနား အစီအစဉ်တွင် တိုင်းရင်းသူအမျိုးသမီးများအဖွဲ့မှ တိုင်းရင်းသားအကဖြင့် ဖျော်ဖြေခြင်း၊ ငြိမ်းချမ်းရေးကဗျာများ ရွတ်ဆိုခြင်း၊ တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုခြင်းများတို့နှင့်အတူ ညနေ ၄ နာရီအချိန်တွင် အခမ်းအနားကို အဆုံးသတ်ခဲ့ကြပါတယ်။

လမ်းလျှောက်ချီတက်ပွဲ ကြွေးကြော်သံများမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်ရေး၊ ဖရယ်ဒရယ်ပြည်ထောင်စုစနစတ်တည်ဆောက်ရာတွင် အမျိုးသမီးများ ပါဝင်ရေး၊ အမျိုးသမီးများ နိုင်ငံရေးအခွင့် ရရှိရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်ရေး စသည်တို့ပဲ ဖြစ်ပါတယ်။

Related Articles