Home သတင်း ကွတ်ခိုင်က အမျိုးသမီးငယ် ပျောက်ဆုံး

ကွတ်ခိုင်က အမျိုးသမီးငယ် ပျောက်ဆုံး

LAK

ယခုချိန်ထိ ပျောက်ဆုံးနေသော လွေးပိုးကြမ်း

ကောကော်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် တာမိုးညဲတွင် အသက်(၁၃)နှစ်အရွယ် လွေအေးကြမ်းဟာ သူမ၏ ဆွေမျိုးတော်စပ်သူ ဖြစ်သည့် ဦးယန်ကြုံး နေအိမ်တွင် အိမ်ဖော်အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၁၃ ဒီဇင်ဘာလ၊ ၂၉ရက်နေ့တွင် ပျောက်ဆုံးသွားကာ ၊ ပျောက်ဆုံးမှုအတွက် လွေအေးကြမ်း၏မိဘများ၊ တအောင်းဝ်စာပေနှင့် ယဉ်ကျေးမှုအဖွဲတို့မှ တာမိုးညဲ ရဲစခန်းတွင် တိုင်ကြားခဲ့သော်လည်း ယနေ့တိုင်ဖြေရှင်း အရေးယူမှုမရှိပဲ လျစ်လျူမှု ရှိနေကြောင်း တအေင်းဝ်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးခမ်းညွန့်က ပြောပါတယ်။
“ကလေးမလေး ပျောက်သွားတာ လေးငါးလရှိပြီ၊ အဲဒါအိမ်ရှင်က ရဲစခန်းကို မတိုင်ဘူး၊ ကောင်မလေးရဲ့ ဆွေမျိုးတွေ ကျတော်တို့ စာပေကို လာပြောမှ ကျတော်တို့က တာမိုးညဲ ရဲစခန်းကို သွားတိုင်တယ်။

ခုလည်းရဲတွေ ပြောတာကတော့ ရှာတော့ရှာတယ်။ အရေးမယူတာတော့မဟုတ်ဘူး။ အိမ်ရှင်က ရိုးသားတယ်လို့ ကျနော်တို့ မမြင်ဘူး။ အိမ်ရှင်ကို အပ်ထားတာပဲ၊ သူ့မှာတာဝန်ရှိတယ်လို့ ကျနော်မြင်တယ်”
လွေအေးကြမ်းသည် တန့်ယန့်မြို့နယ် မိုင်းတွမ်အုပ်စု ပန်းဝါရွာတွင် နေထိုင်ပြီး ၂၀၁၂ခုနှစ် မတ်လ ၁၂ရက်နေ့တွင် အလုပ်လုပ်ရန်အတွက် ကွတ်ခိုင်မြို့နယ် ရပ်ကွက်၄ရှိ အဒေါ်ထံတွင် ရောက်လာခဲ့ကာ အဒေါ်ဖြစ်သူမှ ရပ်ကွက်၃တွင် နေထိုင်သူ အချွေးနှင့် ချိတ်ဆိတ်ပြီး တာမိုးညဲတွင် နေထိုင်သည့် သူမ၏ ဆွေးမျိုးတော်စပ်သည့် ဦးယန်ကြုံးနေအိမ်တွင် အိမ်ဖော်လုပ်ရန်သဘောတူ ပို့ပေးခဲ့ကြောင်း တအောင်းဝ် အမျိုးသမီးအဖွဲ့အစည်း ပြောပြချက်အရ သိရပါတယ်။
တနှစ်လျှင် သုံးသိန်းကျပ် ရရှိပြီး (၂)နှစ်စာ ခြောက်သိန်းကို လွေးအေးကြမ်းရဲ့ မိဘများထံ ပို့ပေးခဲ့ပြီး သူမ မပျောက်ဆုံးမီ တလအလိုအထိ  ဦးယန်ကြုံးနေအိမ်တွင် သူမ၏ အဒေါ်နှင့် အဆက်အသွယ်ရနေသေးကြာင်း သိရပါတယ်။ သို့သော် ဦးယန်ကြုံးမှ လွေအေးကြမ်း၏ မိဘများဆီကို ၂၀၁၄ ဇန်နဝါရီလ ရောက်မှသာ အကြောင်းကြားခဲ့ကြောင်း အမျိုးသမီးအဖွဲ့ သတင်းမှတ်တမ်းဌာနမှ ပြောပါတယ်။
“လွေးအေးကြမ်းပျောက်ဆုံးသွားတဲ့အကြောင်းကို ဦးယန်ကြုံးက ကျမတို့ဆီကို ဖုန်းဆက် အကြောင်းကြားလာပါတယ်။ ကျမနဲ့ သူ့အဒေါ်က တာမိုးညဲကို လိုက်သွားပြီး သူ့အိမ်မှာ ပျောက်သွားတယ်ဆိုတော့ တာဝန်ရှိတယ်။ ပြန်ရှာပေးဖို့လဲပြောတယ်။ အဲဒါ ဦးယန်ကြုံးက ၅လအတွင်း ပြန်ရှာပေးမယ်ပြောပြီး ကျမတို့ နှစ်ယောက်အတွက် အပြန်လမ်းစရိတ် ၁သိန်း၂သောင်းပေးလိုက်တယ်။ ကျမတို့လည်း စောင့်ကြည့်နေရင်းနဲ့ ၅လလည်း ကျော်နေပြီ။ ဒါပေမဲ့ ဦးယန်ကြုံးက ရှာပေးတာတွေ တစုံတရာ ဆောင်ရွက်ပေးတာတွေ မရှိတဲ့အတွက် ကျမတို့က ဇူလိုင် ၂၂ ရက်နေ့မှာ ကွတ်ခိုင်မြို့နယ် တအောင်းဝ်စာပေနဲ့ ယဉ်ကျေးမှု ကော်မတီကို တိုင်ကြားပြီး အကူအညီ တောင်းခဲ့တယ”် လို့ လွေးအေးကြမ်း မိဘများက ပြောပါတယ်။
အမျိုးသမီးငယ်လေးများတွင်  အမြင်၊ဗဟုသုတ၊ အတွေ့အကြုံ အားနည်းခြင်းကြောင့် .ယခုလိုမျိုးကြုံရကြောင်း ဦးခမ်းညွန့်က ပြောပါတယ်။
တအောင်းဝ် ဒေသတွင် လူကုန်ကူမှုများ ခဏခဏ ဖြစ်ပွားကြောင်း တအောင်းဝ် အမျိုးသမီးအဖွဲ့အစည်းမှ ဒီဒီမိုးက ပြောပါတယ်။

“ရောင်းစားခံရတဲ့ ဟာတွေ အများကြီးရှိတယ်။ သူများပြောတဲ့ စကားတွေ ကြားနေရတယ်။ တခါတလေတော့ အတိအကျရတာတွေရှိတယ်။ အများအားဖြင့်တော့ တရုတ်ပြည်ကို ရောင်းစားခြင်းခံရတယ်”

Related Articles