Home သတင်း မြစ်ဆုံတန်ဖဲကျေးရွာ လုံးဝဖျက်သိမ်းရေးကို ဒေသခံအမျိုးသမီးများ လက်မှတ်ထိုး ဆန့်ကျင်

မြစ်ဆုံတန်ဖဲကျေးရွာ လုံးဝဖျက်သိမ်းရေးကို ဒေသခံအမျိုးသမီးများ လက်မှတ်ထိုး ဆန့်ကျင်

ကချင်မလေး

???????????????????????????????
အောင်မြင်သာစံပြကျေးရွာ အုပ်ချုပ်ရေးရုံးတွင် တန်ဖဲကျေးရွာဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး လူထုဆန္ဒခံယူပွဲကျင်းပရာ အစည်းအဝေးတွင် အမျိုးသမီးထက်ဝက်ခန့် တက်ရောက်ပြီး  ကျေးရွာဖျက်သိမ်းရေးဆန့်ကျင့်ခဲ့ကြောင်း သိရသည်။
“ဒီနေ့အစည်းအဝေးမှာက ထက်ဝက်(၁၀၀)ခန့်က တက်ရောက်တယ်၊ တက်ရောက်လာတဲ့ အမျိုးသမီးတွေကလည်း ကျွန်မတို့ဘိုးစဉ်ဘောင်ဆက်ကတည်းက နေထိုင်တဲ့ မြစ်ဆုံ တန်ဖဲရွာကို ပျောက်ကွယ်သွားမှာကို မလိုလားဘူးလို့ တင်ပြကြတယ်” ဟု အစည်းအဝေးတက်ရောက်သူ ဒေသခံ  ဒေါ်ဂျာခေါ်န်က ပြောပါတယ်။

???????????????????????????????
အစည်းအဝေးအား စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး အဓိကခေါင်းစဉ် (၃)ခုဖြစ်သည့် (၁) တန်ဖဲ ကျေးရွာအမည်ကို ဖျက်သိမ်းပြီး အောင်မြင်သာစံပြကျေးရွာအမည် (မြစ်ဆုံရေကာတာကြောင့် ရွေ့ပြောင်းထားသော ရွေ့ပြောင်းစခန်း) ကို ကျေးရွာအဖြစ်အတည်ပြုမလား၊ (၂) တန်ပဲရွာကို မူလကျေးရွာအတိုင်းထားရှိပြီး အောင်မြင်သာကျေးရွာကိုသာ တန်ဖဲကျေးရွာ၏ တိုးချဲ့ရွာအဖြစ် ထားရှိမလား၊ (၃)အောင်မြင်သာကျေးရွာကို (နီးစပ်ရာ ကျေးရွားအုပ်စု) အလာမ်တိုက်နယ်တွင် ထည့်လိုက်မလား(ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ သဘောထားမှတ်ချက်) ဆိုသည့် အချက်သုံးချက် အပေါ် ဝိုင်းဝန်းဆန္ဒခံယူသည့် အစည်းအဝေးဖြစ်သည်။

???????????????????????????????
အစည်းအဝေးတွင် ဒေသခံအမျိုးသမီများအပါအဝင် စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ပြီး ကျေးရွာဖျက်သိမ်းရေးအတွက် ဆန့်ကျင်ခဲ့ကြကြောင်း ဒေသခံ ဘာသာရေးဆရာတဦးက ပြောသည်။
“ကျွန်တော်တို့ အစည်းအဝေးတက်ရောက်လာတဲ့ ဒေခံ ၂၀၀ က (၁) နှင့် (၃) ကို လုံးဝသဘောမဘူး၊ (၂) အချက်ကိုပဲ ဒေသခံ ၁၉၉ ဦးက သဘောတူလက်မှတ်ထိုးခဲ့တယ်”
ကျေးရွာဖျက်သိမ်းခြင်းကြောင့် အမျိုးသမီးများ၊ မိခင်များအတွက် နေ့တဓူ၀ ဝမ်းရေးအတွက် ပိုမိုခက်ခဲစေကြောင်း ဒေါ်ဂျာခေါ်န်မှ ပြောသည်။
“ ကျွန်မတို့က တန်ဖဲရွာမှာပဲ တောင်ယာလုပ်ပြီး လုပ်ကိုင်စားသောက်တယ်၊ ဟင်းသီး ဟင်းရွက်ဆိုလည်း တန်ဖဲမှာပဲ သွားရှာစားတယ်၊ ထင်းဆိုလည်း အဲဒီကပဲကောက် တော့ ဒီဟာကြီး ပျောက်ကွယ်သွာရင် ကျွန်မတို့ မိခင်တွေ အတွက် အများကြီးပိုပြီး စားဝတ်နေရေးအတွက် ခက်ခဲလာနိုင်တယ်”
“အစိုးရအနေနဲ့ ပွင့်ပွင့်လာရောက်ဆွေးနွေးခံယူတာကကောင်းတယ် ဒါပေမယ့် နောက်ကွယ်က ပေါ်လစီ၊ လုပ်ငန်းစဉ်တွေက ဘာတွေရှိသေးတယ်ဆိုတာက မသိဘူး”ဟု အစည်းအဝေးတက်ရောက်သူ ဒေသခံ ဒေါ်ကိုင်ဆိုင်းက ပြောပါသည်။
ယခုကဲ့သို့ တန်ဖဲရွာအမည်ကို ဖျက်သိမ်းလိုက်သည့်အပေါ် ဒေသခံ ဘာသာရေးဆရာတဦးမှ “ ဒါကမြစ်ဆုံရေကာတာစီမံကိန်းဆက်လုပ် လို့ ပထမအဆင့် သင်္ကေတ တခုလည်း ဖြစ်နိုင်သလို၊ ရေကာတာစီမံကိန်းမလုပ်ဖြစ်ရင်တောင် အစိုးရရဲ့ စီမံကိန်း တခုခုတော့ ရှိမယ်လို့ ယူဆတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးရုံးမှ ထိုအချက် (၃) ချက်အပေါ် လူထုဆန္ဒခံယူရန် ညွန်ကြားခြင်းကြောင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ မြစ်ဆုံသို့ သံအမတ်များရောက်ရှိခြင်းကြောင့် ယခုဆန္ဒခံယူမူ အစည်းအဝေးသို့ မတက်ရောက်နိုင်ပဲ ကျေးရွာ ရပ်မိရပ်ဖများ သာ တက်ရောက်ပြီး လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

Related Articles