Home သတင်း ငြိမ်းချမ်းရေးအကြို အခမ်းအနားကျင်းပခြင်းနှင့်အတူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့်အတူ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်ခဲ့သော Women’s Galaxy

ငြိမ်းချမ်းရေးအကြို အခမ်းအနားကျင်းပခြင်းနှင့်အတူ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့်အတူ လမ်းလျှောက်ချီတက်ပွဲတွင်ပါဝင်ခဲ့သော Women’s Galaxy

ကောကော်

10679530_862447987100300_4812502289524369288_o
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အကြို အခမ်းအနားတရပ်ကို စက်တင်ဘာ၂၀ရက်နေ့တွင် ရန်ကုန်မြို့ပြည်လမ်းရှိ ယုဒသန်ခန်းမ  Women’ Galaxy မှ ဦးဆောင်ပြီး ငြိမ်းချမ်းရေး စကားဝိုင်းများတွင် ပါဝင်ခဲ့ကြသော အမျိုးသမီး၊ အမျိုးသားများ၊ အမျိုးသမီး ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေး တေးသံရှင်နှင့်အတူ လူဦးရေ ၁၀၀ကျော်ခန့်ဖြင့် ကျင်းပခဲ့ပြီး စက်တင်ဘာလ ၂၁ရက်နေ့မှာတော့ အမျိုးသမီး အဖွဲ့ချုပ်(မြန်မာနိုင်ငံ) နှင့်အတူ ပူးပေါင်းပြီး ငြိမ်းချမ်းရေးနေ့ လမ်းလျှောက်ချီတက်ပွဲတွင် ပါဝင်ခဲ့ကြပါတယ်။

10505150_862450433766722_3504491176050466725_o

“အမျိုးသမီးများ လက်တွဲထား ငြိမ်းချမ်းရေးအတွက် တို့အင်အား” ဆိုသော ခေါင်းစဉ်ဖြင့် မနက် မနက် ၁၀နာရီမှ၁၂နာရီအထိ  ကျင်းပပြီး ငြိမ်းချမ်းရေး သင်္ကေတအရောင်ဖြစ်သော အပြာရောင်ထီးများမှာ စင့်မြင့်အောက်တွင် နေရာယူထားလျက်ရှိကြပါတယ်။ Women’s Galaxy အမျိုးသမီး အဖွဲ့မှ ဦးစီးသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် “အမျိုးသားများပြုလုပ်မှ အောင်မြင်မှုရနိုင်မလား၊ အမျိုးသမီးများပြုလုပ်လျှင် မအောင်မြင်နိုင်ဘူးလား ၊ တကယ်တမ်းကျတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လုပ်ချင်စိတ်ရှိလျှင် လုပ်လို့ရပါတယ်” လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီမှ နိုးနိုးထက်စံက ပြောပါတယ်။

အခမ်းအနား ပြုလုပ်ရတဲ့ရည်ချက်ကတော့ ငြိမ်းချမ်းရေး စကားဝိုင်းတွင် ပါဝင်ခဲ့ဖူးသော အမျိုးသမီးများသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လက်တွေ့လုပ်နေသော အမျိုးသမီးေ ခါင်းဆောင်များနှင့်လည်း ဆုံတွေ့စေချင်သောကြောင့် ဖြစ်တယ်လို့ Women’s Galaxy မှ ဒုတာဝန်ခံ နော်ဟဲလေ့ဖေါက ပြောပါတယ်။ ι̏သူတို့တွေကို ပြောပြပေးရုံနဲ့ တော့မပြီးဘူး။ အမျိုးသမီးတွေ ဘာကြောင့် ငြိမ်းချမ်းရေး မှာ ပါဝင်သင့်လဲ ဆိုတာပိုသိစေချင်တာရယ်၊ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ပါဝင်စေချင်တာကြောင့် ယခုလို အခမ်းအနားပြလုပ်ရတာပါ ̋လို့ သူမက ပြောပါတယ်။

ယုဒသန်ရိပ်သာမှ ဆရာတော် ကျော်ညွန့်က “တိုင်းပြည်ငြိမ်းချမ်းဖို့ဆိုရင် အုပ်ချုပ်ရေးမှာ စစ်တပ်မပါဝင်သင့်ကြောင်း” ပြောပါတယ်။

ငြိမ်းချမ်းရေး တေးသံရှင်ဖြစ်တဲ့ စောဖိုးခွါးက “ငြိမ်းချမ်းဖို့အတွက် ဆိုရင် ကိုယ်ကိုယ်တိုင်က အရင်ငြိမ်းချမ်းဖို့လိုတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး စက်တင်ဘာ ၂၁ ရက်နေ့ အပြည်ပြည်ဆိုင်ငြိမ်းချမ်းရေးနေ့ ချီ တက်ပွဲကိုအမျိုးသမီးများအဖွဲ့ချုပ် ( မြန်မာနိုင်ငံ)၊ အမျိုးသမီး အဖွဲ့ ကွန်ယက်တို့နှင့်အတူ ငြိမ်းချမ်းရေး ချီတက်ပွဲကို အတူတကွ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

Women’s Galaxy အမျိုးသမီး အဖွဲ့သည် ၂၀၁၂ ခုနှစ် နောက်ပိုင်း ရန်ကုန်မြို့တွင် အခြေစိုက်ကာ အမျိုးသမီး အရေးလှုပ်ရှားမှုများကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၂ခုနှစ်နှစ်ကုန်ပိုင်းမှာတော့  ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရုံးခွဲကို တည်ထောင်နိူင်ခဲ့ပါတယ်။ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်နိုင်ရန်အတွက် တစိုက်မတ်မတ် လုပ်ဆောင်သော်လည်း လူထုကြားလိုအပ်နေသော အသိပညာ ဗဟုသုတများအတွက် အမြင်ဖွင့် သင်တန်းများစွာကို ပြုလုပ်ခဲ့ပါတယ်။ Women’s Galaxy အဖွဲ့သည် လူမျိုးတစုကိုသာ ပစ်မှတ်မထားပဲ တိုင်းရင်းသားလူမျိုးများ အားလုံးပါဝင်နိုင်ရန် ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်ပါတယ်။

Related Articles