Entries by Administrator

ကြမ်းတမ်းနေသေးသော ရခိုင်စစ်ရှောင်များ၏ အိမ်ပြန်ခရီး

“သူများတွေ နေရပ်ပြန်တော့ ကိုယ်လည်းပြန်ချင်တယ်လေ။ စစ်ရှောင်စခန်းဆိုတာက တစ်သက်လုံးနေလို့ရတာ မဟုတ်ဘူး။ ရွာရောက်ရင် အဆင်ပြေသလို လုပ်ကိုင်စားသောက်မယ်ဆိုပြီး ပြန်လာခဲ့တာ”

အချိန်မတိုင်ခင် ကြွေလွင့်ခဲ့ရတဲ့ အဖူးအငုံလေးတွေ

” မနက်ကတည်းက ဗိုက်နာပြီး ခွဲမွေးရတော့မယ့် အနေအထားမှာ မခွဲမွေးနိုင်ဘဲ ညနေမှ ကလေးကလည်း ကိုယ် တစ်ပိုင်းက အပြင်ရောက်တာ၊ မွေးကတည်းက အသက်ငွေ့ငွေ့ပဲပါလာတယ်”

“စက်ရုံတွေမှသည် ညမီးရောင်တွေဆီသို့ မဝံ့မရဲတိုးဝင်နေရသူတွေ ”

“ နိုင်ငံရေးရော ကိုဗစ်ကော ဆက်စပ်နေတဲ့အခါကျတော့ ဒီလိင်ဖျော်ဖြေရေးလုပ်ငန်းလုပ်တဲ့အထဲကို ရောက်လာတာက တော့အများကြီးပဲပေါ့။ စီးပွားရေးခက်ခဲမယ်၊အိမ်ကမိသားစုတွေရဲ့ကျန်းမာရေးကြောင့်ဖြစ်မယ်၊ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်လာကြတာဖြစ်တယ်”

“ဂုဏ်သိက္ခာပိုင်းဆိုင်ရာတိုက်ခိုက်ခံရပေမယ့် တော်လှန်ရေးကြီးက အားလျော့မသွားဘူး”

“စစ်ကောင်စီအနေနဲ့ တော်လှန်ရေးမှာပါဝင်နေသူတွေကို နည်းပေါင်းစုံနဲ့ သိက္ခာချဖို့ကြိုးစားမှာဖြစ်ပြီး အခုတော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုကအားကောင်းတဲ့အတွက် မျိုးဆက်သစ် အမျိုးသမီးတွေပါဝင်လာမှုကို အဟန့်အတားဖြစ်အောင်၊ မိသားစုဝင်တွေကိုအရှက်ရအောင်၊ နောက်ထပ်အမျိုးသမီးငယ်တွေ ဆက်ပြီးမပါလာနိုင်အောင် ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်တာဖြစ်တယ်”

“ခရောင်းလမ်းပေါ် ရဲရဲလျှောက်လှမ်းနေကြတဲ့ ဆူးပန်းလေးများ”

“လုပ်တာကတော့ တစ်နေကုန်ပဲ။ ထမင်းစားရင်တောင်မှ အချိန်ကြာလို့မရဘူး။ သူတို့က ထမင်းစားချိန်၊ ရေချိုးချိန်တွေမှာ သေနတ်ဖောက်ခဲ့ရင် ထမီရင်လျားနဲ့ ပြေးရတဲ့ မစ်ရှင်ပုံစံမျိုးတွေလည်း လုပ်ရတော့ နားချိန်ဆိုတာမရှိပါဘူး”

“ပြေးစရာ မြေမရှိ” အစီရင်ခံစာမှ ဖော်ပြနေသော မြေပြင်ရှိအကျပ်အတည်းများ

” တိုင်းရင်းသားဒေသတွေမှာ နွေဦးတော်လှန်ရေးမတိုင်ခင် ၁၀ စုနှစ်ပေါင်းများစွာတည်းက ကြုံလာရတဲ့ကိစ္စတွေဟာ နွေဦးတော်လှန်ရေးဖြစ်တဲ့နောက်ပိုင်းမှာ ပိုပြီးပြန်ဖြစ်လာတယ်။ မြေပြင်မှာ ပြည်သူတွေကြုံနေရတာက တိုင်းရင်းသားဒေသတွေမှာ ဘယ်တုန်းကမှလျော့သွားတာမရှိပါဘူး။ အခုကတော့ ပိုဆိုးလာတယ်။ “

“ဒူးမထောက်လက်မမြှောက် LGBT များရှေ့ဆက်လျှောက်”

“LGBTIQ တွေဆိုတာလည်း ရွံစရာသတ္တဝါတွေ၊ အနှိမ်ခံလူတန်းစားတွေမဟုတ်ဘူးဆိုတာကို ပြောင်းလဲ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ LGBTIQ တွေကိုလည်း လက်ခံနားလည်ပေးနိုင်မယ်လို့ မျှော်လင့် ရင်းနဲ့ ဘယ်လောက်ပဲအခက်အခဲတွေရှိရှိ ဘယ်လောက်ပဲပင်ပန်းမှုတွေကြုံကြုံ စစ်အာဏာရှင်ကျဆုံးတဲ့အထိ လမ်း ပေါ်မှာရှိမယ်။ တော်လှန်ရေးအောင်ဖို့အတွက် ကိုယ်ရောစိတ်ရောပါဝင်သွားမယ်”

“သေကံကလွှတ်လာပေမယ့် ရှင်သန်ဖို့ခက်ခဲနေပြန်တယ်”

“ကျွန်မတို့ အချုပ်ကလွတ်လာတော့ ဖမ်းဆီးမခံရခင်အချိန်က ခိုလှုံနေထိုင်ခဲ့တဲ့ မဟာကံကြီးရှင် တိုက်ပွဲ ရှောင်စခန်းကို ပြန်လည်နေထိုင်ဖို့ရောက်သွားပါတယ်။ အဲဒီတိုက်ပွဲရှောင် စခန်းထဲမှာ ကျွန်မတို့ မာလာကျေးရွာ သားတွေ နေထိုင်ကြတာပါ။ ဒါပေမယ့် စခန်းတာဝန်ခံက ကျွန်မတို့ကို စခန်းမှာနေထိုင်ဖို့ လက်မခံတော့ပါဘူး”

“အရေးမကြီးဘူးဆိုပေမယ့် အမျိုးသမီးတွေအတွက်တော့ မရှိမဖြစ်လိုအပ်ပါတယ်”

“ဘောင်းဘီတွေ၊ ဘော်လီတွေ၊ လစဉ်သုံးတွေ လုံးဝ ပြတ်သွားတော့ သစ်ရွက်တွေခူးပြီးခုထားရတယ်။ အဝတ်က လူ တောင်ဝတ်ဖို့မလောက်ဘူး။ ခံစရာဘယ်ရှိမလဲ။ အရင်ထဲက ဒီမှာနေရတာမလုံခြုံရတဲ့အထဲ အဲဒါတွေမရှိတော့ ပိုပြီးမလုံခြုံသလိုခံစားရတယ်”

ကုန်ဈေးနူန်းမြင့်တက်မှုတွေကြားက အိမ်ရှင်မများ

” အခုကတော့ ချွေတာရုံအပြင် ဘာမှမလုပ်နိုင်တော့ဘူး၊ ကိုယ်လည်း တောင့်ခံနိုင်သလောက်တော့ တောင့်ခံ သွားရမှာပဲ “