စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက် (တစ်ရက်ထဲ)မှာ စစ်ကောင်စီက အမျိုးသား ၄၀ ဦးနဲ့ အမျိုး သမီး ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ပဉ္စမမဏ္ဍိုင်အဖွဲ့- PMCSG က ပြောပါတယ်။
PMCSG က စစ်တမ်းကောက်ယူထားတဲ့ နေပြည်တော်၊ ရန်ကုန်၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး ၄ ခုမှာ ၂၀၂၄ ခုနှစ် စက်တင် ဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ရာဇဝတ်မှုတွေနဲ့ ပတ် သက်တဲ့ အစီရင်ခံစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
၆ လအတွင်း ကောက်ယူထားတဲ့ စစ်တမ်းအရ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီး ၁၉၈ ဦးအပါအဝင် အရပ်သား ပြည် သူ စုစုပေါင်း ၁၉၆၀ ဦးဖမ်းဆီးခံထားရပါတယ်။
စစ်ကိုင်း၊ မကွေးတိုင်းလို တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းတဲ့ ဒေသတွေမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီးသုံးတိုက်ခိုက်နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း လုပ်ဆောင်လာပါ တယ်။
“စစ်ကောင်စီ စိုးမိုးထားတဲ့ နေပြည်တော်ကောင်စီနဲ့ ရန်ကုန်တိုင်းမှာလည်း စစ်မှုထမ်းဥပဒေအကြောင်းပြကာ စီးနင်းရှာဖွေ တာ၊ ပေါ်တာဆွဲတာစတဲ့ အရပ်သားတွေကို ပစ်မှတ်ထားလုပ်ဆောင်နေတယ်”လို့ PMCSG ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါ တယ်။
စစ်ကောင်စီရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုဟာ နေပြည်တော်ကောင်စီ၊ ရန်ကုန်နဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာအများဆုံးဖြစ်ပွား ခဲ့ပြီး ဖမ်းဆီးခံရတဲ့အမျိုးသား ၈၁၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးအထိရှိကြောင်း စစ်တမ်းအရသိရပါတယ်။
စစ်ကိုင်းတိုင်းမှာဆိုရင် စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရတဲ့ဖြစ်စဉ် ၅၅ ခု ရှိတဲ့အထဲ စီးနင်းဖမ်းဆီးတာက ၂၅ ကြိမ်ဖြစ်ခဲ့ ပြီး ပေါ်တာဆွဲဖမ်းဆီးခံရမှုက အကြိမ် ၃၀ ရှိခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ဟာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ လေးသိန်းနီးပါးရှိကာ အမျိုးသား ၄၆ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၅၄ ရာခိုင်နှုန်းရှိပါတယ်။ မုံရွာဟာ ခရိုင်ရုံးစိုက်ရာ မြို့ကြီးဖြစ်သလို စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်(နမခ) အခြေစိုက်ရာမြို့လည်း ဖြစ်ပါတယ်။
ဒေသတွင်းလေ့လာစောင့်ကြည့်ရေးလုပ်နေတဲ့ PMCSG ကို မြေပြင်မှာရှိတဲ့လူငယ်တွေနဲ့ ၂၀၂၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ မှတ်တမ်းတင်နိုင်မှုနဲ့ နောက်လာမယ့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင် တဲ့အခါ ဒါတွေကို သက်သေခံမှတ်တမ်းအဖြစ် ထားရှိနိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ကောက်ယူရရှိတဲ့ စစ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာကို သတင်းစကားရောက်အောင် ပေးပိုနေတယ်လို့ သိရပါတယ်။
- ကိုးရီးယားမှာ အောင်မြင်နေတဲ့ ကရင်မိန်းကလေးငယ် အဆိုတော် ဖိုးမူကြီး (သို့မဟုတ်) မာသာထူးဝါး - 25/03/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/03/2025
- Media Statement: United Voices from Women’s Rights and LGBTQIA+ Rights Organizations on Dialogues for Gender, Women, Peace, and Security in Myanmar - 21/03/2025