Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန် ၁၂ ရက်မှ ၁၇ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးသတင်းဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI  က စုစည်းဖော်ပြပေးလိုက်ရပါတယ်။

ပရဟိတသမား မပိုပြည့်သူ ထောင်ဒဏ် ၄၃ နှစ်ချမှတ်ခံရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် မေမြို့အိမ်စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သလို ပရဟိတသမားလည်းဖြစ်၊ နိုင်ငံရေးလှုပ်ရှားမှု တွေမှာလည်း တက်တက်ကြွကြွပါဝင်တတ်တဲ့ မပိုပြည့်သူကို တရားရုံးက ဇွန် ၉ ရက်မှာ အကြမ်းဖက်မှုနဲ့ ထောင် ၁၅ နှစ် ထပ်မံ ချမှတ်ခံခဲ့ရပါတယ်။

မပိုပြည့်သူဟာ စစ်တပ်က အကြမ်းဖက်ပုဒ်မတွေအပြင် ပုဒ်မ ၇ ခုနဲ့ ထောင် ၂၈ နှစ် ဦးစွာချမှတ်ခံထားရပြီးဖြစ်လို့ ယခုချ မှတ်လိုက်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ညနဲ့ ထောင် ၁၅ နှစ် ထပ်ပေါင်းရင် စုစုပေါင်း ထောင်ဒဏ် ၄၃ နှစ်ကျခံရမှာပါ။

သူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ထောက်ခံသူဖြစ်ပြီး စစ်တပ်က ဒေသကာကွယ်ရေးတပ်တွေကိုထောက်ပံ့တယ် ဆိုတဲ့စွတ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ စစ်တပ်က မပိုပြည့်သူရဲ့နေအိမ်ဖြစ်တဲ့ပြင်ဦးလွင်ခရိုင်၊ နောင်ချိုမြို့ မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်။ 

Source – Delta News Agency 

မိုးဗြဲတိုက်ပွဲမှာ သေဆုံးခဲ့ရတဲ့အမျိုးသမီး ခုနစ်ဦးအနက် နှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ပေါ်ကို မေလ ၂၇ ရက်က စစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားတိုက်ပွဲတွေကြောင့် အမျိုးသမီး ခုနစ်ဦးအပါအဝင် အရပ်သား ၂၆ ဦးသေဆုံးခဲ့ရပါတယ်။

ဒီသေဆုံးမှုထဲမှာပါဝင်တဲ့အမျိုးသမီးနှစ်ဦးဆိုရင် စစ်သားတွေက မုဒိမ်းကျင့်ပြီး သူတို့ဖခင်နဲ့အတူ ပစ်ခတ်သတ်ဖြတ်သွား တာဖြစ်တယ်။ လက်ရှိအချိန်ထိ မိုးဗြဲမှာတိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တပ်က အန္တရာယ်ပေးမှာစိုးတဲ့အတွက် ရုပ် အလောင်းတွေကို အကုန်မကောက်နိုင်သေးပါဘူး။

သေဆုံးသူတွေဟာ စစ်တပ်လက်ချက်နဲ့ လက်နက်ကြီးစထိမှန်တာ၊ နေအိမ်ထဲမှာပိတ်မိနေလို့ ဖမ်းဆီးသတ်ဖြတ်သွားတာ၊ လမ်းသွားလမ်းလာတွေကို ပစ်ခတ်တာတွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်တဲ့မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။

Source – ကန္တာရဝတီတိုင်း(မ်)

စစ်တပ်နဲ့ ကိုးကန့်တိုက်ပွဲကြောင့် အမျိုးသမီးနှစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်အနီးမှာ ဇွန်လကစပြီး စစ်တပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ တိုက်ပွဲဖြစ် ပြီး နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးနှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ ဟိုနားပန်ဟုန်ကျေးရွာအုပ်စုမှ အမျိုးသမီးတစ်ဦးနဲ့ လသားအရွယ် ကလေးတို့ဖြစ်ပြီးမန်ဘန်ကျေးရွာသူ အမျိုးသမီးတစ်ဦးကတော့ စစ်ပြေးရင်း ကျည်စထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်။

စစ်တပ်က လူနေအိမ်တွေကို အကာအကွယ်ယူပြီး MNDAA နဲ့ စစ်တိုက်နေတာကြောင့် အခုလိုအရပ်သားတွေထိမှန်ခဲ့ရ တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Source – Shwe Phee Myay News Agency

စစ်တပ်လက်ချက်နဲ့ တစ်ရက်ထဲ အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သားလေးဦးသေဆုံး

ကရင်ပြည်နယ်၊ ခလယ်လွီထူခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)တပ်မဟာ(၃)နယ်မြေ မူးမြို့နယ်နဲ့ လယ်ဒိုမြို့ နယ်အတွင်း ဇွန်လ ၉ ရက်မှာပဲ စစ်တပ်လက်ချက်နဲ့ အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သားလေးဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇွန်လ ၁၁ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်သားတွေဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို ရွာထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးရ တာဖြစ်ပြီး သေဆုံးသူတွေထဲက အမျိုးသမီးတစ်ဦးကိုတော့ စစ်တပ်က အဓမ္မပြုကျင့်ပစ်သတ်သွားတယ်လို့ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းမှာ လက်ရှိစစ်ရေးပြင်းထန်နေပြီး ဇွန်လ ၆ ရက်နေ့ကလည်း စစ်တပ်က စခန်းငါးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဒေသခံ ၄,၅၀၀ ကျော်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတာဖြစ်တယ်။

Source – မြေလတ်အသံ

မြွေကိုက်ခံရလို့ သေဆုံးသွားသူ ခြောက်ဦးမှာ အမျိုးသမီးတစ်ဦးပါဝင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက မြွေကိုက်ခံရပြီး သေဆုံးရသူ ၆ ဦးရှိတဲ့အထဲမှာ အမျိုးသမီးတစ်ဦးပါဝင်တယ်လို့ ကျွန်းလှတက်ကြွလူပ်ရှားသူများအဖွဲ့ဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်ထဲက အသက် ၃၂ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးတဦး ဇွန်လ ၁၁ ရက်မှာ မြွေကိုက်ခံရပြီး သေဆုံးခဲ့ရတာဖြစ်ပါတယ်။ 

ကန့်ဘလူမြို့ထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်၊ ဇွန် ၁၁ ရက်အထိ မြွေကိုက်ခံရသူ ၇၂ ဦးရှိခဲ့ပြီး ဒီထဲမှာ ၆ ဦးသေဆုံး ထားတာဖြစ်ပါတယ်။

Source – မြေလတ်အသံ

ဒေသကာကွယ်ရေးတပ်ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အမျိုးသမီးတစ်ဦးရဲ့နေအိမ်ကို ချိပ်ပိတ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)အဖွဲ့တွေကို ထောက်ပံ့တယ်လို့ဆိုပြီး စွပ်စွဲချက်နဲ့ အမျိုး သမီးတစ်ဦးရဲ့နေအိမ်အပါအဝင် မြို့ခံနေအိမ် သုံးလုံးထက်မနည်းကို စစ်တပ်က ဇွန်လ ၉ ရက်က ချိပ်ပိတ်ခဲ့တယ်လို့ သိရ ပါတယ်။

ချိပ်ပိတ်ခံရတဲ့ အမျိုးသားကိုတော့ စစ်ကောင်စီတပ်က အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၂ (က)နဲ့ ဖမ်းဆီးထားပြီး အမျိုးသမီး တစ်ဦးကတော့ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေတာဖြစ်တယ်။

အဲဒီနေ့တစ်ရက်ထဲမှာလည်း သာပေါင်းကျေးရွာမှ အမျိုးသားတစ်ဦးရဲ့နေအိမ်ကိုလည်း ထပ်မံချိပ်ပိတ်ခဲ့ပြီး မိသားစုဝင်တွေ ကိုလည်း ခြိမ်းခြောက်ပြောဆိုသွားတယ်လို့ သိရပါတယ်။

Source – Delta News Agency 

ဝင်းရေးမြို့မှာ စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးကြောင့်  အမျိုးသမီးတစ်ဦးသေဆုံး

ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်မှာ စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျရောက်တာကြောင့် နှစ်ကရင်ရွာမှ အသက် ၂၉ နှစ်အရွယ် မသန်းအေးဆိုသူသေဆုံးခဲ့ရပြီး အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒူးပလာယာခရိုင်က ဇွန်လ ၁၁  ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၈ ရက် မနက် ၉ နာရီကျော်လောက်က နှစ်ကရင်ကျေးရွာမှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ရွာကိုဦးတည်ပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာမှာလည်း စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲတာ ကြောင့် အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရသွားတဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ ငါးလကျော်အတွင်း အမျိုးသမီး လေးဦးအပါအဝင် ပြည်သူ ၁၅ ဦးသေဒဏ်ချမှတ်ခံရ

စစ်အာဏာသိမ်းထားတဲ့ ၂၀၁၃ ခုနှစ်ရဲ့ ၅ လကျော်ကာလမှာ စစ်တပ်က အမျိုးသမီး ၄ ဦးအပါအဝင် သေဒဏ်အမိန့်ချမှတ် ခံရသူ ၁၅ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန် ထားပါတယ်။

စစ်တပ်ဟာ ၂၀၂၃ ခုနှစ် ဇွန်လ ဒုတိယပတ်အထိ ၅ လကျော်အတွင်း အရပ်သားပြည်သူစုစုပေါင်း ၇၃၀ ဦးကိုမတရားပုဒ်မ တွေနဲ့ ထောင်ဒဏ်တွေချထားတယ်လို့ AAPPက ဆိုပါတယ်။

ဒီလိုထောင်ချခံရသူ ၇၀၀ ကျော်မှာ အမျိုးသမီး ၁၀၈ ဦး၊ အမျိုးသား ၆၂၀ ဦးနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူနှစ်ဦးလည်း ပါဝင် ပါတယ်။ ဒါ့အပြင် ထောင်ဒဏ်ချခံရသူစာရင်းမှာ နှစ်ရှည်ထောင်ဒဏ်ဖြစ်တဲ့ တစ်သက်တစ်ကျွန်းချခံရသူဦးရေဟာ အမျိုး သမီး ၇ ဦးအပါအဝင် ၅၄ ဦးရှိအထိ ရှိနေတာဖြစ်တယ်။

Source – People’s Spring

လက်နက်ကြီးကျည် KNU အထက်တန်းကျောင်းထဲကျလို့  ကျောင်းသူ သုံးဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တောကုန်းရွာရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိုလွီဝါးအထက်တန်း ကျောင်းထဲကို စစ်တပ်ပစ်လိုက်တဲ့လက်နက်ကြီးကျည်ကျရောက်လို့ ကျောင်းသူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဇွန်လ ၁၄ ရက်၊ ည ၁၁ နာရီခန့်မှာ တောင်ငူမြို့နယ်အခြေစိုက် ခလရ ၃၀၆ မှ တောကုန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာစာသင်ကျောင်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အခုလိုထိခိုက်ဒဏ်ရာရသွားတာဖြစ်တယ်။

ထိုလွီးဝါး စာသင်ကျောင်းဟာ KNU တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲမှာရှိပြီး အနီးဝန်းကျင်မှာ ဆေးရုံ၊ ဆေးခန်းတွေ လည်းရှိနေပါတယ်။

ထိုလွီးဝါးစာသင်ကျောင်းဟာ ကျောင်းအိပ်ကျောင်းစားနေရတဲ့ကျောင်းဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က ကျောင်းသား ဦးရေ ရာဂဏန်းသာရှိခဲ့ရာမှ ယခုအချိန်မှာတော့ အရေအတွက် ထောင်ကျော် စာသင်နေတာဖြစ်တယ်။

Source – မြေလတ်အသံ

အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ခွန်အားဖြည့်မိငယ်သီချင်းနဲ့သပိတ်စစ်ကြောင်းထွက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ တော်လှန်ရေးမှာပါဝင်နေတဲ့အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေ နဲ့ သပိတ်စစ်ကြောင်းထွက်ခဲ့ကြပါတယ်။

ဇွန် ၁၅ ရက်၊ မနက်ပိုင်းမှာ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ခွန်အားဖြည့်မိငယ် သီချင်းသီဆိုခဲ့တဲ့အပြင် “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”ဆိုတဲ့ ဘန်နာကိုင်ဆွဲပြီး ဆန္ဒပြခဲ့ကြတာဖြစ်တယ်။

သပိတ်စစ်ကြောင်း ၈၁၇ ရက်မြောက်အဖြစ် ထွက်ရှိခဲ့ကြတာဖြစ်ပြီး မြေပြင်မှာ စစ်ကြောင်းတွေထိုးနေတဲ့အတွက် သပိတ် ကိုတော့ အချိန်အကြာကြီး မကျင်းပနိုင်ခဲ့ကြပါဘူး။

Source – မြေလတ်အသံ

ခင်ဦးမှာ မိုင်းထိပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ဘက် ဂွေးကုန်းကျေးရွာအနီး ဒေသကာကွယ်ရေးအဖွဲ့တွေထောင်ထားတဲ့မိုင်းတစ်  လုံးကို ဒေသခံအမျိုးသမီးနှစ်ဦးက မတော်တဆဝင်တိုက်မိတာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရသွားခဲ့တာဖြစ် တယ်။

အဲ့ဒီမိုင်းဟာ စစ်သားတွေလာမယ့်လမ်းမှာ ထောင်ထားတဲ့မိုင်းဖြစ်တယ်လို့ ကာကွယ်ရေးအဖွဲ့တစ်ခုရဲ့တာဝန်ခံက ပြောပါ တယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ဒေသကာကွယ်ရေးအဖွဲ့တွေဟာ လက်လုပ်မိုင်းတွေကို အဓိက လက်နက်အဖြစ် အသုံးပြုနေရပြီး မိုင်းတွေကို ထုတ်လုပ်တာ၊ စမ်းသပ်တာ၊ သယ်ဆောင်တာ၊ မိုင်းရှင်းလင်းရေးလုပ်တာ စတဲ့လုပ်ငန်းတွေမှာ မတော်တဆပေါက်ကွဲမှုတွေကြောင့် အများအပြားထိခိုက်သေဆုံးခဲ့ပါတယ်။

Source – Myanmar Now

လုပ်ခလစာတိုးတောင်းတဲ့အထည်ချုပ်စက်ရုံမှ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရပြီး တစ်ဦးပျောက်နေ

ရန်ကုန်၊ ရွှေပြည်သာမြို့နယ်က တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်ခလစာတိုးတောင်းတဲ့အမျိုးသမီး နှစ်ဦးကို ဇွန်လ ၁၄ ရက်မှာ စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီး လုပ်သက် နှစ်နှစ်ရှိတဲ့ အသက် ၂၉ နှစ်အရွယ် မသူ သူစံ ပျောက်နေတယ်လို့ သိရပါတယ်။

ရွှေလင်ပန်းစက်မှုဇုန်ရှိ ကမ္ဘာကျော် ZARA အမှတ်တံဆိပ် အဝတ်အထည်တွေချုပ်တဲ့ Hosheng Myanmar အထည်ချုပ် စက်ရုံမှ အလုပ်သမား ၆၀၀ လောက်က လုပ်ခလစာတိုးပေးဖို့ တောင်းဆိုရာမှ မသူသူစံအပါအဝင် အလုပ်သမား ၇ ဦးကို အလုပ်ထုတ်ပစ်ခဲ့တာပါ။ 

မသူသူစံအပါအဝင် အလုပ်သမားတချို့က စက်ရုံရဲ့အလုပ်သမားသမဂ္ဂဖွဲ့ဖို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ စာတင် ထားသူတွေဖြစ်တယ်။ ဒီထဲကဦးဆောင်သူတစ်ယောက်က အသက် ၁၈ နှစ်ပြည့်ရန် လပိုင်းလိုနေသဖြင့် ခွင့်ပြုမိန့်ကျဖို့ စောင့်နေချိန်မှာ အခုလိုဖမ်းဆီးမှုပေါ်လာတာပါ။ 

Source – Myanmar Now

ချင်းပြည်မှာ စစ်ပြေးရင်း အအေးပတ်ကာ အမျိုးသမီးတစ်ဦးနဲ့ မွေးကင်းစကလေး သေဆုံး

ချင်းပြည်နယ်မှာ မိုခါမုန်တိုင်းအပြီး မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ပြေးနေရတဲ့အသက် ၆၅ နှစ်အရွယ် အမျိုး သမီးကြီးတစ်ဦးနဲ့ တစ်ပတ်သားအရွယ် မွေးကင်းစကလေးငယ်တို့ဟာ အအေးပတ်ပြီး သေဆုံးသွားခဲ့ရပါတယ်။

ခုခံစစ်အားကောင်းတဲ့ချင်းပြည်နယ်က စစ်ရှောင်အတော်များများဟာ တောင်ယာခုတ်ပြီး စားဝတ်နေရေးဖြေရှင်းနေရသလို မလုံခြုံတဲ့အမိုးအကာအောက်မှာနေရတာကြောင့် အခုလိုအအေးမိသေဆုံးရတာဖြစ်တယ်။

ချင်းပြည်နယ်ထဲမှာ ပြည်တွင်း စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိနေပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ မဏိပူရ် ပြည်နယ်တွေမှာ ခိုလှုံနေရတဲ့သူက ငါးသောင်းကျော်ရှိတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source – RFA

ကျိုက်ထိုမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရွာလေးကွက်သစ်ရပ်ကွက်ကို ဇွန်လ ၁၆ ရက်၊ ည ၇ နာရီခန့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် ကလေးနှစ်ယောက်မိခင် ဒေါ်အေးအေးနွယ် သေဆုံးပြီး အသက်ငါးနှစ်အရွယ် မသဇင်အောင်၊ အသက် ၃၄ နှစ်အရွယ် ကိုဇင်ဘိုလတ်၊ အသက် ၃၅ နှစ်အရွယ် ကိုရှိန်းကျော်နဲ့ အသက် ၃၆ နှစ်အရွယ် ဒေါ်ချိုမာသန်းတို့ ဒဏ်ရာရခဲ့တာပါ။

သိမ်ဇရပ်အခြေစိုက်အမြောက်တပ်မှ တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးနဲ့ အရပ်သားတွေနေထိုင်တဲ့ရပ်ကွက်နဲ့ ကျေးရွာတွေထဲ ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အခုလိုထိခိုက်သေဆုံးတာတွေဖြစ်သွားရတာဖြစ်တယ်။

Source – RFA

Author:

Related Articles