Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

မတ်လ ၆ ရက်ကနေ ၁၅ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။  

အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို အမျိုးသားသုံးဦး အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည့်အမှု အမိန့်ချရန်ကြန့်ကြာနေ

အတက်ရောဂါရှိတဲ့ အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို အမျိုးသားသုံးဦးအကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့်အမှုနဲ့ ပတ် သက်ပြီး အပြီးသတ်လျှောက်လဲချက် တင်သွင်းပြီးဖြစ်ပေမယ့် အမိန့်ချဖို့ကြန့်ကြာနေကြောင်း သိရပါတယ်။

အသက် ၁၆ နှစ်အရွယ် မိန်းကလေးကို အုတ်ကျင်းရပ်ကွက် မီးရထားဘူတာ တိုက်တန်းမှာ ဈေးဆိုင်တွေဖွင့်လှစ်ထားတဲ့ တစ် ရပ်ကွက်တည်းနေ အမျိုးသားသုံးဦးကမုန့်နဲ့ ပိုက်ဆံတွေပေးကာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို မိသားစုဝင်များကသိရှိခဲ့ပြီးနောက် မိုးညှင်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ ကျူးလွန်ခဲ့တဲ့ အသက် ၆၀ ကျော်အရွယ် ဦးဘိုရဲ၊ အသက် ၆၅ နှစ်အရွယ် ဦးကျော်မိုးလွင်နဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ဦးမိုးလှဌေးတို့ကို ရာဇ သတ် ကြီး ဥပဒေပုဒ်မ ၃၇၆ နဲ့ အားပေးကူညီခဲ့သူအမျိုးသားတစ်ဦးကို ပုဒ်မ ၁၁၄ တို့နဲ့ စွဲချက်တင်စစ်ဆေးနေတာ ဖြစ်ပါ တယ်။

ဒီအမှုကို မိုးညှင်းမြို့နယ်တရားရုံးမှာ ၉ လနီးပါးကြာ စစ်ဆေးကာ နောက်ဆုံးလျှောက်လွဲချက် တင်ထားသည်မှာ ၂ လခန့်ရှိပြီ ဖြစ်ကြောင်း သိရပါတယ်။

Source –74 Media

ပူတာအိုက သက်ငယ်မုဒိမ်းမှုကျူးလွန်တဲ့တရားခံကိုကြိုးမိန့်ချမှတ်လိုက်တယ်လို့ဆို

ကချင်ပြည်နယ် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့ တရားခံအမျိုးသားကို နေပြည်တော်တရားရုံးမှ ကြိုးမိန့်ချလိုက်တယ်လို့ သိရပါတယ်။

သက်ငယ်မဒိမ်းမှုကျူးလွန်တဲ့ အသက် ၂၄ နှစ်အရွယ် တရားခံကိုကျော်သူရကို ပူတာအိုခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်  ဩဂုတ်လ ၆ ရက်နေ့ သက်ငယ်မုဒိမ်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သို့သော် ပြစ်မှုကျူးလွန်တဲ့ တရားခံဘက်က နေပြည်တော်တရားရုံးမှာ အယူခံပြန်ဝင်ခဲ့တယ်လို့သိရပေမယ့် တရားရုံးက အယူခံကိုပယ်ချခံလိုက်ရပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်တရားရုံးကနေ ကြိုးမိန့်ချမှတ်လိုက်တာဖြစ်တယ် လို့ သိရပါတယ်။

Source – Kachin News Group

စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စစ်ဆေးနေဆဲလို့ဆို

လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက စစ်ရှောင်မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံကို KIO စုံစမ်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး စစ်ဆေးချက် အဖြေထုတ်ပြန်လာခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က လိုင်ဇာမြို့အနီး ဂျေယန်စစ်ရှောင်စခန်းက အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းက လေး ငယ် ၃ ဦး ပြန်ပေးဆွဲသတ်ဖြတ်ခံခဲ့ရပြီးနောက် ပြစ်မှုကျူးလွန်တဲ့ တရားခံကို KIO ဘက်က ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဖမ်းဆီး ရမိပြီး စစ်ဆေးနေတာ ၁၅ ရက်ခန့် ရှိလာပြီဖြစ်ပါတယ်။

ကလေးတွေကို တရုတ်ယွမ်ငွေ ၃ သိန်းနဲ့ အလဲအလှယ်လုပ်ပြီး လာခေါ်ယူဖို့ မိသားစုဝင်တွေဆီ တရားခံဖြစ်သူ ဦးအုန်း ဆောင်းဒွဲအောင်က ခြိမ်းခြောက်ခဲ့ပြီးနောက် ကလေးတွေကို တောထဲမှာတင် တစ်ယောက်ကိုတော့ ကြိုးဆွဲချသတ်ဖြတ် ထားပြီး ကျန်နှစ်ယောက်ကိုတော့ ချောင်းရေထဲ ကျောက်တုံးနဲ့ ဖိသတ်ထားတာကို မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာကတွေ့ ရှိ ခဲ့တာပါ။

စစ်ဘေးရှောင်မိန်းကလေးငယ် ၃ ယောက်ကို ပြန်ပေးဆွဲသတ်ဖြတ်လိုက်တဲ့ တရားခံဟာ အရင်က KIA တပ်သားဟောင်း တစ်ဦးဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်မှုကြောင့် အရေးယူခံရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး KIA အမှုထမ်း ကနေ ထုတ်ပယ်ခံထားရသူလို့လည်း သိရပါတယ်။

Source – Kachin News Group

မြစ်ကြီးနား၊ ဝိုင်းမော်မှာ အမျိုးသမီး လေးဦးအပါအဝင် အရပ်သား ၇ ဦးထိသတ်ဖြတ်ခံရမှုရှိလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ တစ်လအတွင်း အမျိုးသမီးလေးဦးအပါအဝင် အရပ်သားသတ်ဖြတ်ခံရသူ ၇ ဦးထိရှိလာကြောင်း လူမှုကယ်ဆယ်‌ရေးအသင်းတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ဝိုင်းမော်မြို့ အမှတ် ၅ ရက်ကွက် အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့ သတ်ဖြတ်ခံရမှု၊ မတ်လ ၄ ရက် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် ၆ ကျောင်းရှေ့ အမှိုက်ပုံမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးရုပ် အ လောင်းတွေ့ရှိမှု၊ မတ်လ ၃ ရက် ရမ်ပူအောက်ချိုင့် ချမ်းသာကြီးဘုန်းကြီးကျောင်းအနီး နေအိမ်တစ်ခုမှာ လင်မယားနှစ်ဦး ရန် ဖြစ်ပြီး အမျိုးသားဖြစ်သူက အမျိုးသမီးကိုပုဆိန်နဲ့ ခုတ်သတ်မှု၊ ဖေ‌ဖော်ဝါရီ ၂၈ ရက် စီတာပူရပ်ကွက်  အမျိုးသမီး တစ်ဦးကို ဓားဖြင့်ခုတ်သတ်ခံရမှု၊ ဖေဖော်ဝါရီ ၁၉ ရက် ဝိုင်းမော်မြို့ အာလူးဘာရီကျေးရွာ အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦး နေအိမ်ရေတွင်းထဲ သတ်ခံထားရမှု၊ ဖေဖော်ဝါရီ ၁၄ ရက် လယ်ကုန်းပေါ်ဦးအုပ်စု နေအိမ်တစ်အိမ်မှာ အမျိုးသား တစ်ဦး ဓားထိုးခံရပြီး သေဆုံးမှု၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဂျပန်တံတားအမှိုက်ပုံနား လူငယ်တစ်ဦးထိုးနှက်သတ်ဖြတ်ခံထားရတဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။

သတ်ခံရတဲ့ ဖြစ်စဉ်တွေကို ကြည့်ခြင်းအားဖြင့် လူပြတ်တဲ့လမ်းခုလတ်တွေမှာ အသတ်ခံရသူတွေပါသလို နေအိမ်တွေမှာ သတ်ခံရသူတွေလည်းပါဝင်ပြီး အသက် ၁၅ နှစ်ကနေ အသက် ၅၀ ဝန်းကျင်အရွယ်ကြား အမျိုးသား ၃ ဦးနဲ့ အသက် ၃၀ နဲ့ ၅၀ ဝန်းကျင် အမျိုးသမီး ၄ ဦးတို့ပါဝင်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိတာတွေရှိပေမယ့် အများစုက ထွက်ပြေးလွတ်မြောက်နေဆဲလို့ သိရပါတယ်။

Source – Kachin News Group

စစ်ကောင်စီအားအရေးယူဖို့သတင်းစကားကို အမျိုးသမီးလစဉ်သုံးပစ္စည်းမှာ ထည့်ကာလှုပ်ရှားမှုပြုလုပ်

ရန်ကုန်မြို့ စက်မှုဇုန်တွေမှာ တော်လှန်လူငယ်တွေက စစ်ကောင်စီအား ILO မှ ပုဒ်မ ၃၃ နဲ့ ဘာကြောင့်အရေးယူဖို့ လိုအပ် သလဲဆိုတဲ့ အချက်တွေပါဝင်တဲ့ သတင်းစကားတွေကို အမျိုးသမီးလစဉ်သုံးပစ္စည်းမှာ ထည့်သွင်းကာ အလုပ်သမားထုထံ ဖြန့်ဝေတဲ့ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့နဲ့ မြေပြင်သပိတ် အင်အားစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းမှုကာလအတွင်း စစ်ကောင်စီက အလုပ်သမားတွေအပေါ် အတင်းအဓမ္မလုပ်အားခိုင်းစေတာ၊ လွပ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ စည်းရုံးခွင့်တွေကို ပိတ်ပင်နေပြီး အလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေးတွေကို ကာကွယ် ပေးတဲ့ (ILO)ရဲ့ စံနှုန်းတွေအပေါ်လိုက်နာမှုမရှိတဲ့အတွက် ပုဒ်မ ၃၃  ဖြင့်အရေးယူပေးဖို့ တော်လှန်ညီနောင်(၄)ဖွဲ့က တိုက် တွန်းခဲ့ပါတယ်။

Source – People’s Spring

ထိန်းချုပ်နယ်မြေမှာ ကျောင်းတွေဖွင့်လှစ်သင်ကြားနိုင်ဖို့ ကျောင်းဆရာ/မ တွေကို အေအေဖိတ်ခေါ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်နယ်မြေမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်နိုင်တာမရှိတဲ့ အတွက် ဒီနှစ်မှာ ကျောင်းတွေ ဖွင့်လှစ် သင်ကြားနိုင်ဖို့အတွက် ကျောင်းဆရာ/မ တွေကို အေအေက ဖိတ်ခေါ်ခဲ့ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပညာရေးဦးဆောင်ကော်မတီမှ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်ကို လာမယ့် ဇွန်လမှာ ဖွင့်လှစ်သွားမှာဖြစ်တာကြောင့် မီဇိုရမ်ပြည်နယ် စစ်ဘေးရှောင်စခန်းတွေမှာ စာသင်ကြားနေတဲ့ ကျောင်းဆရာ/ မ တွေကို မတ်လ ၃ ရက်စလို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ခူမီးချင်းတိုင်းရင်းသားဘာသာစကားနဲ့ သင်ကြားပို့ချနိုင်တဲ့ ကျောင်းဆရာ/ဆရာမ တွေ ကို အဓိကထားခေါ်ယူနေတာပါ။ ကျောင်းဆရာမ တစ်ဦးကို လစဉ်ထောက်ပံ့ကြေးငွေအဖြစ် လေးသိန်းကျပ်မှ ငါးသိန်း ကျပ် အထိ ပေးဖို့ညှိနှိုင်းထားတယ်လို့ သိရပါတယ်။

Source – Zalen

လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသူတစ်ဦးအပါအဝင် အကျဉ်းသားသုံးဦးကို အမှုတပ်ထပ်မံဖမ်းဆီး

ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်က လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား လေးဦးကို ပြန်လွှတ်မပေးဘဲ စစ် ကောင် စီကနောက်ထပ် ပုဒ်မတပ်ပြီး ဆက်လက်ဖမ်းဆီးထားတယ်လို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) တာဝန်ရှိသူတစ်ဦးက မတ်လ ၁၁ ရက်မှာ ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား သုံးဦးနဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦးတို့ဟာ ၂၀၂၃ ခုနှစ်အတွင်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးထောင်ချခံထားရသူတွေဖြစ်ပြီး အခုလွတ်ရက်စေ့ချိန်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ ဆက်လက်ဖမ်းဆီးခံရတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက လွတ်ရက်စေ့ခဲ့ပေမဲ့ အခုမတ်လဆန်းမှာ ထောင်ပြန်ခေါ်ထုတ်လာချိန် ရဲစခန်းမှာ အမှုဖွင့်ပြီးနောက် လွှတ်မပေးဘဲ ဆက်လက်ဖမ်းဆီးထားတာလို့ KPPA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source – RFA

ဝမ်းတွင်းမှာ တစ်ပတ်အတွင်း အမျိုးသမီးတွေအပါအဝင် လူငယ် ငါးဆယ်ကျော် ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်က ရွာတွေမှာ မတ်လ ပထမပတ်အတွင်း လူငယ် ငါးဆယ်ကျော် ဖမ်းဆီးခံရပြီး အဲဒီအထဲမှာ အမျိုးသမီးတချို့လည်းပါဝင်တယ်လို့ ဝမ်းတွင်းဒေသခံတွေက ပြောပါတယ်။

မြို့ပေါ်က သဲတောဈေး၊ နေပူကုန်း၊ မကျီးအုပ်၊ ဘုရားစု၊ ရွာရှည်၊ အိုင်သာ၊ သဘွတ်ကုန်း စတဲ့ရွာတွေ အပါအဝင် ရွာဆယ်ရွာ ကျော် ဒေသခံတွေ ဖမ်းဆီးခံရတာပါ။  စစ်ကောင်စီတပ်ဟာ ရွာတွေထဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးသလို လမ်းသွားလမ်းလာ လူငယ်တွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကို ငွေကြေးနဲ့ ပြန်လည်ရွေးယူရသလို တချို့ကိုလည်း စစ်မှုထမ်းဖို့အတွက် ခေါ်တာဖြစ်လို့ လူငယ် တွေ ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Source – RFA

စစ်ကောင်စီကြောင့် နှစ်လကျော်အတွင်း အမျိုးသမီး ၂၄ ဦးအပါအဝင် ဒေသခံ ၄၅ ဦး သေဆုံး

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် နှစ်လကျော်အတွင်း အမျိုးသမီး ၂၄ ဦးအပါအဝင် အရပ်သား ၄၅ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ ရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မတ်လ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၁၁ ရက်အတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်က သေဆုံးရတဲ့ စာရင်းကိုထုတ်ပြန်လာတာပါ။ အဲဒီထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ်က သေဆုံးရသူအများဆုံးဖြစ်ပါတယ်။

သေဆုံးသူတွေထဲမှာ နှစ်နှစ်အရွယ် ယောကျာ်းလေးတစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက် ကလေး ၁၂ ဦး ပါဝင်နေ ပါတယ်။ ဒါ့အပြင် သေဆုံးရသူထဲက ၄၀ ဦးဟာ စစ်ကောင်စီရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

Source – RFA

စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် Free Burma Ranger ဆေးမှူး နော်ဆေးမူးဖော သေဆုံး

ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးမှူးနော်ဆေးမူးဖော သေဆုံးခဲ့ ကြောင်း Free Burma Ranger(FBR)မှ သတင်းထုတ်ပြန်ထားပါတယ်။

တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်(ထောတထူး)ရှိကျေးရွာတွေထဲ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက် ဒဏ်ရာရသူတွေကို ဆေးမှူးနော်ဆေးမူးဖော အပါအဝင် FBR အဖွဲ့နဲ့ ဒေသတွင်းဆေးကုသရေးအဖွဲ့တွေက ဆေးကုသမှု ပေး တဲ့နေရာကို မီးလောင်ဗုံးများ ကြဲချခဲ့တာဖြစ်ပါတယ်။

ဒီဗုံးကြဲခံရမှုကြောင့် ဆေးမှူးတစ်ဦးမှာနေရာ၌ပင်သေဆုံးခဲ့ပြီး တစ်ဦးမှာဒဏ်ရာအပြင်းအထန်ရခဲ့ကာ အသက် ၂၅ နှစ်အရွယ် နော်ဆေးမူးဖောမှာ ခန္တာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေနဲ့ မတ်လ ၁၀ ရက်မှာ သေဆုံးသွားခဲ့ပါတယ်။

Source –mizzima

ရေစကြိုမြို့မှာ အမျိုးသမီးတွေအပါအဝင် သက်ကြီးရွယ်အို ၁၁ ဦး သတ်ဖြတ်ခံရ

အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းကရွာကိုမီးရှို့စီးနင်းစဉ်ထွက်မပြေးနိုင်သူတွေ အမျိုးသမီးတွေအပါအဝင် အရပ်သား ၁၁ ဦးကို သတ်ဖြတ်သွားပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က ယခုလဆန်းပိုင်းမှစ၍ စီးနင်းလျက်ရှိရာ ပြည်သူ ၁၁ ဦး သတ်ဖြတ်ခံထားရပြီဖြစ်ရာ အများစုမှာထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေဖြစ်ပါတယ်။

ဖေဖော်ဝါရီ လကုန်မှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သုခဒီပရွာတွင်တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လဆန်းပိုင်းမှစလို့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံရာ  ရေလယ်ကျွန်းဒေသကို စစ်တပ်က စီးနင်းရာမှ အခုလိုသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

Source – Myamar Now

ပဲခူးမှာ ခင်ပွန်းဟောင်းက ဓားနဲ့ထိုးလို့ အမျိုးသမီး ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ပဲခူးမြို့၊ စိန်ထွန်းရပ်ကွက်၊ လက်ဝဲသုန္ဒရလမ်းမှာ ခင်ပွန်းဟောင်းက သူ့ရဲ့ဇနီးဟောင်းကို ဓားနဲ့ထိုးလို့ သေဆုံး သွားတယ်လို့ ဖြစ်စဉ်ကိုသိရှိထားတဲ့ ဒေသခံတွေထံမှ သိရပါတယ်။

ဓားနဲ့ထိုးခံရသူဟာ အသက် ၃၀ ဝန်းကျင်အရွယ် မလင်းလင်းကျော်ဆိုသူဖြစ်ပြီး မတ် ၁၂ ရက် မနက် ၁ နာရီကျော်ခန့်က နေအိမ်မှာရှိနေချိန် ခင်ပွန်းဟောင်းဖြစ်သူ ကိုအောင်မြင့်မြတ်က ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။

ဓားနဲ့ထိုးခံရလို့ မလင်းလင်းကျော်မှာ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာရပြီး ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် မနက် ၅ နာရီ ခန့်မှာ သေဆုံးသွားခဲ့ပါတယ်။ ဓားနဲ့ထိုးသွားတဲ့ ကိုအောင်မြင့်မြတ်ကတော့ မတ် ၁၂ ရက် ညနေပိုင်းထိ ဖမ်းဆီး နိုင်ခြင်း မရှိ သေးဘဲ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

ကိုအောင်မြင့်မြတ်နဲ့မလင်းလင်းကျော်တို့ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက တရားဝင်ကွာရှင်းထားတာဖြစ်ပြီး မလင်း လင်းကျော်မှာ သားနှစ်ဦးကျန်ရစ်ခဲ့ပါတယ်။

Source – မြေလတ်အသံ

မတ္တရာတွင် လေတပ်ဗုံးကြဲမှုကြောင့်  ကျောင်းသူတစ်ဦး အပါအဝင် ၅ ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသောမတ္တရာမြို့နယ်မှာ စစ်လေယာဉ်ကညလုံးပေါက် ဗုံးကြဲခဲ့ရာ လူနေအိမ်တစ်လုံးပေါ်ကျရောက်ပေါက် ကွဲပြီး ကျောင်းသူတစ်ဦးအပါအဝင် မိသားစုဝင် ၅ ဦး သေဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလထဲက စစ်တပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မတ္တရာ နေရာတချို့နဲ့  သပိတ်ကျင်းကို မြေပြင်စစ် ကြောင်း ပြန်ထိုးနေပြီး လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ကူများပါ ရယူတိုက်ခိုက်နေတာပါ။

Source – Myamar Now

Author:

Related Articles