Home ဗီဒီယို ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

ကန့်ဘလူ ပလဖ ရဲ့ လိင်အကြမ်းဖက်မှုတွေ အရေးယူပေးဖို့ အမျိုးသမီးအဖွဲ့တွေတိုက်တွန်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် က ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) အချုပ်ခန်းမှာ ဖြစ်ပွားခဲ့တဲ့ လိင်အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသမီးအဖွဲ့ အစည်းတွေက အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို တောင်းဆိုလိုက်ပါတယ်။

ကန့်ဘလူ ပလဖ၊ ပအဖ အဖွဲ့တာဝန်ရှိသူတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက အာဏာအလွဲသုံးစား ပြုလုပ်ပြီး ပလဖ အချုပ်ခန်း ၂ ထဲက အချုပ်သူတွေအပေါ် လိင်အကြမ်းဖက်တာ၊ အမြတ်ထုတ်တာ တွေ ၄ မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူတွေဟာ လက်ရှိအချိန်ထိ ထိရောက်တဲ့ အရေးယူမှုတွေကို မခံရသလို တချို့ဟာ တာဝန် ဆက်လက်ထမ်းဆောင်နေဆဲ ဖြစ်သလို NUG ထိန်းချုပ်နယ်မြေတွေထဲမှာ လွတ်လပ်စွာ သွားလာခွင့် ရနေတာကြောင့် ကျူးလွန်ခံရသူတွေနဲ့ ဖြစ်စဉ်ကို သိရှိနေသူတွေအတွက် လုံခြုံရေး အန္တရယ် ရှိနေတယ်လို့ မြေပြင်မှာရှိတဲ့ ဒေသခံတွေဘက်က ပြောပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေမပါဘဲ လွတ်လပ်တဲ့ မြေပြင် စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ခဲ့ရင် အဖြစ်မှန်ကို ပြောပြကြလိမ့်မယ်လို့လည်း ဒေသခံတွေဘက်က ပြောပါတယ်။

Video Credit – The Irrawaddy

Author:

Related Articles