Home ဆောင်းပါး CDM ဆင်ဝန်ထမ်းတွေနဲ့အတူ ပြေးလွှားရင်းမီးဖွားခဲ့တဲ့ ဆင်မလေး ပုလဲဖြူ

CDM ဆင်ဝန်ထမ်းတွေနဲ့အတူ ပြေးလွှားရင်းမီးဖွားခဲ့တဲ့ ဆင်မလေး ပုလဲဖြူ

နွေဦးမောင်

ပုလဲဖြူတို့ဆင်ဝိုင်းဟာ ပဲခူးရိုးမအစပ်မှာတည်ရှိပါတယ်။ ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်ထဲမှာပါ။

သူတို့ဆင်ဝိုင်းကို ဥာဏ်လည်ဆင်ဝိုင်းလို့ခေါ် ပြီး ဆင်အားလုံး ၃၅ ကောင်ခန့်ရှိပါတယ်။ ဝိုင်းတစ်ခုလုံးက ဆင်ဝန်ထမ်းတွေနဲ့ ဆင်အားလုံးဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲကပြည်သူ့ ဘက်ပူးပေါင်းပြီး CDM ဝင်ဖို့ ကြိုးပမ်းခဲ့ကြပါ  တယ်။

ဒါပေမဲ့ ဆင်ဝန်ထမ်းအားလုံးနဲ့ ဆင်အားလုံး ပြည်သူ့ဘက်မရောက်နိုင်ခဲ့ကြပါဘူး။ အကြောင်းကတော့စစ် ကောင်စီတပ်သားတွေ ဆင်ဝိုင်းကိုရောက်လာပြီးပစ်ခတ်ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့လို့ပါ။

ဒါကြောင့် ဆင်ဝိုင်းတစ်ခုလုံးမှာရှိတဲ့ ဆင်အကောင် ၃၀ ကျော်မှာ ၁၃ ကောင်လောက်ပဲ စစ်ကောင်စီလက်က လွတ်မြောက်ခဲ့ပါတယ်။ ဆင် ၁၃ ကောင်နဲ့အတူ ဆင်ဝန်ထမ်းတွေဖြစ်တဲ့ ဆင်ခေါင်း၊ ဒုဆင်ခေါင်းနဲ့ ခေါင်းခွဲ ၁ ဦး၊ ဆင်ဦးစီး ၁၁ ဦး၊ ဆင်ထိန်း ၄ ဦးနဲ့စုစုပေါင်း ၁၈ ဦးတို့လွတ်မြောက်ခဲ့ပါတယ်။

ဆင်အကောင်ရေ  ၂၀ ကျော်နဲ့ ဆင်ဝန်ထမ်းတချို့ ကတော့စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ ဖမ်းဆီးပြီးတဲ့နောက် သူတို့ကို ဉာဏ်လည်ဘက်မှာဆက်မထားတော့ဘဲ ပြောင်းရွှေ့ လိုက် ကြပါတယ်။

စစ်ကောင်စီလက်က လွတ်မြောက်လာတဲ့CDMဆင်ထိန်း ၁၈ဦးနဲ့ ဆင်တွေထဲမှာအသက် ၂၃ နှစ်အရွယ် ဆင်မလေးပုလဲဖြူလည်းပါဝင်ပါတယ်။ အဲဒီအချိန်တုန်းကပုလဲဖြူမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ပါ။ စစ်တမ်းတွေအရ ဆင်တွေ သန္ဓေဆောင်တဲ့ ပျမ်းမျှသက်တမ်းဟာ ၁၉ လခန့်ကြာမြင့်တတ်တယ်လို့ဆိုပါတယ်။ ဒီတုန်းက ပုလဲဖြူရဲ့ ကိုယ်ဝန်ဟာ ၁၇ လခန့် ရှိ နေပါပြီ။

ဆင်မလေးတွေဟာ အသက် ၁၇ နှစ်ကနေ ၂၀ ကြားမှာ စတင်မိတ်လိုက်တတ်ကြပြီးဆင်ထီးတွေကတော့အသက် ၁၈ နဲ့ ၂၀ ကြားမှာစပြီး မိတ်လိုက်ကြတယ်လို့ဆိုပါတယ်။ ပုလဲဖြူဟာလည်း အဲဒီထဲက ဆင်မတစ်ကောင်ပဲ ဖြစ်ပါတယ်။

ပုလဲဖြူတို့တစ်အုပ်ကို ထိန်းကျောင်းတဲ့ ဆင်ဝန်ထမ်းတွေ CDM လုပ်ဖို့ စွန့်စားတဲ့နေ့တုန်းက သူတို့အားလုံးကံ သီလို့သာလွတ်ခဲ့တာလို့ ဉာဏ်လည်ဆင်ဝိုင်းမှ ဆင်ခေါင်းတစ်ဦးက ရင်ဖွင့်ခဲ့ပါတယ်။ သူကဆင်ဝန်ထမ်း အဖြစ် လုပ်ကိုင်ခဲ့တာလုပ်သက် ၁၉ နှစ်ရှိပါပြီ။

ပုလဲဖြူအပါအဝင်  ဆင်အားလုံးကို သူနဲ့ ဝန်ထမ်းတချို့ လက်ရှိ ထိန်းကျောင်းပေးနေတာပါ။ ဆင်ဝိုင်းကို စစ်ကောင်စီတပ်တွေလာဝိုင်းတဲ့နေ့က ပုလဲဖြူအပါအဝင် ဆင် ၁၃ ကောင်နဲ့ဆင်ထိန်း၁၈ဦးဟာ ဝိုင်းအပြင်ရိုးမထဲ ရောက်နေချိန်မို့ ထိခိုက်မှုမရှိ လွတ်မြောက်ခဲ့တာပါ။

သို့ပေမဲ့ ဝိုင်းထဲကျန်နေတဲ့ ဆင်နဲ့ ဆင်ဝန်ထမ်းတချို့ကိုတော့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါ့အပြင် ဝိုင်းထဲက ဝန်ထမ်းအဆောင်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဆင်ခေါင်းကပြန်ပြောင်းပြောပြပါတယ်။

ဆင်တွေနဲ့ ဆင်ကိုထိန်းကျောင်းသူတွေအကြောင်းပြောတဲ့အခါ မြန်မာနိုင်ငံမှာ ဆင်ဦးစီးနဲ့ ဆင်ခေါင်းအဖြစ် လုပ်ကိုင်တဲ့အမျိုးသမီး မရှိသလောက်ရှားတာကို သမိုင်းမှတ်တမ်းတွေအရ လေ့လာတွေ့ရှိရပါတယ်။ သို့ပေမဲ့ ဆင်ထိန်းနဲ့ ဆင်ဝန်ထမ်းအဖြစ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးတချို့လည်း ရှိနေပါတယ်။

အဲဒီအမျိုးသမီးတွေထဲမှာ မန္တလေးနဲ့ ပြင်ဦးလွင်ကြားက ဝါးနက် အပန်းဖြေဆင်စခန်းမှာတော့ ဆင်ထိန်းအမျိုး သမီးငယ်တစ်ဦးရှိပြီး လူသိများပါတယ်။ ဒါ့အပြင် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့နားက ဝင်္ကဘော် အပန်းဖြေဆင် စခန်းမှာဆိုရင်လည်း အမိမဲ့ဆင်လေးတွေကို နို့တိုက်၊ ကျန်းမာရေးစိုက်ရှောက်မှုလုပ်ပေးတဲ့ ဆင်ထိန်းအမျိုး သမီးတစ်ဦးရှိပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ဆင်ဝန်ထမ်းတွေရဲ့ ဇနီးမယား၊ သားသမီးတွေနဲ့ ဝန်ထမ်းမိသားစုတွေထဲကဖြစ်တာကို တွေ့ရပါတယ်။ သူတို့ဟာ ဆင်ဝန်ထမ်းမိသားစုတွေဖြစ်တာနဲ့အညီ ငယ်စဥ်ကတည်းက ဆင်တွေနဲ့နီးနီးကပ်ကပ်နေရတာ၊ ဆင်တွေရဲ့ လှုပ်ရှားသွားလာမှုစရိုက်တွေကို သိနားလည်တာအပြင် ဆင်တွေနဲ့ယဥ်ပါးလာရာကနေ ဆင်ထိန်းတွေအဖြစ် ဝင်ရောက်လုပ်ကိုင်လာကြတာလို့ သူကထောက်ပြပြောဆိုခဲ့ပါတယ်။

သူတို့တွေထွက်ပြေးတိမ်းရှောင်ရင်းနဲ့စစ်ကောင်စီလက်အောက်ခံဘဝကနေလွတ်မြောက်လာခဲ့ပြီး နှစ်လခန့်အကြာမှာတော့ ဆင်မလေး ပုလဲဖြူဟာ သားဦးဆင်မလေးတစ်ကောင်ကို ရိုးမတောထဲမှာပဲ မွေးဖွားခဲ့ပါတယ်။

ပုလဲဖြူလေးရဲ့သားဦး ဆင်မလေးရဲ့ ၁၅ ရက် သားမှာယူထားတဲ့ ကိုယ်တိုင်းမှတ်တမ်းအရ မွေးကင်းစအရပ်ဟာ  ၂ ပေနဲ့ ၈ လက်မရှိပါတယ်။ လုံးပတ်အနေနဲ့ ၃ ပေ ၁ လက်မရှိပြီးအသားအရေက သံပုရာခွံရောင်ရှိတယ်လို့ ဖော် ပြထားပါတယ်။ မိခင်ဖြစ်တဲ့ ပုလဲဖြူကတော့ အရပ် ၇ ပေ ၂ လက်မရှိပြီး ကျောလျား ၆ ပေ ၂ လက်မရှိပါတယ်။

ဆင်မလေးပုလဲဖြူလိုပဲ ပြေးလွှားရင်း ဆင်သားလေးမွေးခဲ့တဲ့ နောက်ထပ် ဆင်မတစ်ကောင်လည်း ရှိလာပါတယ်။ သူကအသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ဆင်မသန်းစန္ဒာမျိုးပဲဖြစ်ပါတယ်။

ဒါကြောင့် ပုလဲဖြူတို့ ဆင်အုပ်ထဲမှာ ဆင်ပေါက်လေးနှစ်ကောင်ထပ်တိုးလာပြီး အားလုံး ဆင် ၁၅ ကောင် အထိရှိလာပြီး ဆင်အုပ်ထဲမှာ ဆင်မ ၁၁ ကောင်ပါဝင်ပြီး ဆင်ထီး ၄ ကောင်ပါဝင်ပါတယ်။

သူတို့တွေအတွက် အဓိကစိန်ခေါ်မှုကတော့ ကာကွယ်ဆေးတွေ လက်လှမ်းမမီတာပါပဲ။

 ဒါကို ပုလဲဖြူအပါအဝင် ဆင်အားလုံးကို ထိန်းကျောင်းပေးနေတဲ့ ဆင်ခေါင်းတစ်ဦးက ခုလိုရှင်းပြလာပါတယ်။

“ဆင်နဲ့ပတ်သက်တဲ့ အရေပြားကာကွယ်ဆေး၊ လည်ချောင်းကြီးရောဂါကာကွယ်ဆေး၊ ပြီးတော့ ဒေါင့်တန်း ကာကွယ်ဆေးတွေပေါ့။ အဲဒီဆေးတွေ အဓိကလိုအပ်ပါတယ်”လို့ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)လက်အောက်ခံ ပဲခူးရိုးမအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရဲ့ စီစဥ်ပေးမှုနဲ့ ကာကွယ်ဆေးတချို့ ထိုးထားနိုင်ပြီလို့ အဆိုပါဆင်ခေါင်းက ဆက်ပြောပါတယ်။

ဒါပေမဲ့ ဆင်တွေအတွက် လိုအပ်တဲ့ကာကွယ်ဆေးတွေထဲက ဒေါင့်တန်းရောဂါကာကွယ် ဆေးတစ်မျိုးကို လုံးဝ ထိုးနှံနိုင်ခြင်းမရှိသေးဘူးလို့ သူက ဆိုပါတယ်။ အဲဒီ ဒေါင့်တန်းကာ ကွယ်ဆေးဟာ စျေးကွက်ထဲ အလွယ်တကူ ဝယ်ယူလို့မရသလို သယ်ယူရာမှာလည်း ရေခဲပုံးနဲ့ အအေးခံသယ်ယူရတာကြောင့် ခက်ခဲပါတယ်။

 ပုလဲဖြူတို့ဆင်အုပ်ဟာ စစ်ကောင်စီလက်ကထွက်ပြေးလွတ်ခဲ့လို့ လုပ်ငန်းခွင်မဝင်ရတော့ပေမယ့် သူတို့ရဲ့ ကျန်း မာရေးအတွက် ကာကွယ်ဆေးတွေ စုံစုံလင်လင်ထိုးနှံပေးဖို့ လိုအပ်နေပါသေးတယ်။

Author:

Related Articles