မေလ ၅ ရက်ကနေ ၁၁ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။
အကျဉ်းထောင်တွေမှာ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTQ+)တွေ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရ
စစ်ကောင်စီ အကျဉ်းထောင်တွေထဲမှာ လိင်စိတ်ခံယူမှုကွဲပြားသူ(LGBTQ+)တွေ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရပြီး နိုင်ငံ ရေးအကျဉ်းသား ရဲရင့်ကို(ခ)ရဲရဲ မှာ တစ်တိုက်ထဲနေ သေဒဏ်ကျအကျဉ်းသား တစ်ဦးရဲ့ အဓမ္မပြုကျင့်ဖို့ ကြိုးပမ်း တာကို ခံခဲ့ ရတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့က ထုတ်ပြန်ပါတယ်။
အင်းစိန်ထောင်ကနေ သာယာ၀တီထောင်ကို ပြောင်းရွှေ့ခံထားရတဲ့ ထောင်ဒဏ် ၉၆ နှစ် ကျခံနေရသူ နိုင်ငံရေး အကျဉ်းသား ရဲရင့်ကို(ခ)ရဲရဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကတစ်တိုက်ထဲနေ သေဒဏ်ကျအကျဉ်းသားတစ်ဦးကအဓမ္မပြု ကျင့်ဖို့ ကြိုးပမ်းခဲ့ရာ ငြင်းဆန်ခဲ့တဲ့အတွက် ရိုက်နှက်ခံခဲ့ရပြီး ထောင်ဆေးရုံတက်ခဲ့ရတယ်။
အသက် ၂၄ နှစ်အရွယ် ရဲရင့်ကို(ခ)ရဲရဲ ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလထဲက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ပုဒ်မ ၅၀(ဈ)၊ ပုဒ်မ ၅၁(ဂ)၊ ပုဒ်မ၅၄၊ ပုဒ်မ၁၇(၁)တွေအပြင် အခြားလက်နက်ပုဒ်မတွေနဲ့ ထောင်ဒဏ် ၉၆ နှစ်အထိ ချမှတ်ခံထားရတာပါ။
မြန်မာအကျဉ်းထောင်တွေထဲမှာ လိင်စိတ်ခံယူမှုကွဲပြားသူ LGBTQ+ တွေအတွက် လိင်ပိုင်းဆိုင်ရာ နှောက်ယှက် တာတွေ အတွက်အကာအကွယ်မဲ့နေတယ်လို့လည်း PPNM အဖွဲ့က ပြောပါတယ်။
Source- BBC
ကရင်နီပြည်နယ်က စစ်ဘေးရှောင်အမျိုးသမီးတွေကို သားဆက်ခြားပညာပေးပြုလုပ်
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်လာကြတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားမှုနှုန်း များနေပြီး စားဝတ်နေရေး အခက်အခဲ တွေကြောင့် သားဆက်ခြားနဲ့ပတ်သက်တဲ့ ပညာပေးမှုတွေ ပြုလုပ်ပေးနေတယ်လို့ စစ်ရှောင်တွေကို ဆေးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
စစ်ဘေးရှောင်တဲ့အခါ ကိုယ်ဝန်နဲ့ ပြေးလွှားရတာတွေ၊ နို့စို့အရွယ်ကလေးငယ် ရှိနေချိန် ကိုယ်ဝန်ထပ်ရတာတွေ၊ မိခင်နဲ့ က လေး အာဟာရထောက်ပံ့မှု ပြည့်ပြည့်ဝဝမရရှိတာတွေကြောင့် သားဆက်ခြားမှု ပညာပေးလုပ်ငန်းစဥ်တွေကို ဆေးရုံကို လာ တဲ့လူနာတွေနဲ့ရွေ့လျားဆေးကုသပေးချိန်တွေမှာဆောင်ရွက်ဖြစ်တယ်လို့ O-1 ဆေးရုံမှ ဒေါက်တာစိုးရန်နိုင်ကပြော ပါတယ်။
ကရင်နီပြည်မှာ သားဆက်ခြားမှုနဲ့ပတ်သက်ပြီး ပညာပေးတဲ့အခါ အမျိုးသားတွေကို ရက်ရှောင်ခိုင်းတာ၊ တလခံ သုံးလခံ ကိုယ်ဝန်တားဆေးပေးတာ၊ ငွေကြေးတတ်နိုင်သူတွေကို လက်မောင်းထဲထည့်တဲ့ပိုက် ဝယ်ခိုင်းပြီး ဆေးရုံမှာ ထည့်ပေးတာ တွေ ပြုလုပ်ပေးဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ပြည်သူ ၃သိန်းခွဲ ရှိတဲ့ ကရင်နီပြည်နယ်မှာ ကလေးငယ် အရေအတွက်က ၄၀ ရာခိုင်နှုန်းရဲ့အထက်မှာ ရှိနေ တာကြောင့် အာဟာရထောက်ပံ့မှုတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုတွေနဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိ နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်နေတဲ့ အဖွဲ့အများစုက သားဆက်ခြားနဲ့ပတ်သတ်တဲ့ ပညာပေးမှု တွေကို ပြုလုပ်လာတယ်လို့ သိရပါတယ် ။
Source- DVB
ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် ဒေသခံ ကိုး ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီး
ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံ ကိုး ဦးကို ဖမ်းဆီးခေါ်ဆောင်ထားကာ လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေး ဘူးလို့ ဒေသခံတွေကပြောပါတယ်။
ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် နေရပ်စွန့်ခွာတဲ့ ဒေသခံတွေကို စစ်ကောင်စီက ဖမ်းဆီးထားခြင်း ဖြစ်ပြီး ကိုယ်ဝန်သည် အပါအဝင်အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦးတို့ပါဝင်ပါတယ်။
စစ်ကောင်စီရဲ့ ယခုလုပ်ရပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူ သင့်တယ်လို့ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။
Source- သံလွင်ခက်
အင်ဖာထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကလေးနဲ့ အမျိုးသမီး ၄၀ခန့်ကို မြန်မာနိုင်ငံ ပြန်ပို့
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ် ၊ အင်ဖာထောင်မှာ အထိမ်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေအနက် ကလေးနဲ့ အမျိုးသမီး ၃၉ ဦးကို မြန်မာနိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
မဏိပူရပူရနယ် အင်ဖာထောင်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံပြီးဖြစ် တဲ့ မြန်မာ နိုင်ငံသားတွေအနက် ၇၇ ဦးကို စီစစ်ပြီး၎င်းထဲမှ ၃၉ဦးကို ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ်တယ်လို့ မဏိပူရပြည်နယ်ဝန် ကြီးချုပ်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
အမျိုးသမီး ၃၅ဦး၊ ကလေး ၄ ဦး ပါဝင်တဲ့အဖွဲ့ကို မေလ ၂ရက်နေ့မှာ မဏိပူရအာဏာပိုင်တွေက အိန္ဒိယ – မြန်မာ နယ်စပ် ချစ် ကြည်ရေးတံတား၊ မြန်မာဘက်အခြမ်း မုံရွာမြို့နယ်ဖက် မှာ ရဲနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူး အဖွဲ့ဝင်တွေထံ လွှဲပြောင်း ပေးခဲ့တာြဖစ်ပါတယ်။
အင်ဖာထောင်အတွင်းမှာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတဲ့ မြန်မာနိုင်ငံသား ၃၀၀ နီးပါး ဆက်လက်ချုပ် နှောင် ခံရလျက်ရှိတယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်များထံမှ သိရပါတယ်။
Source- Mizzima
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း တောင်းဆိုမှု စစ်ကောင်စီငြင်းဆန်
၂၀၂၁ခုနှစ်အာဏာသိမ်းပြီးကတည်းကထိန်းသိမ်းခံထားရတဲ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ ဆွေး နွေးခွင့်ရဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုခဲ့တာကို မြန်မာစစ်ကောင်စီက မေလ ၈ ရက်နေ့ကငြင်း ဆိုခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံထားပြီး ဖြစ်လို့ ကတိ ပြုထားတဲ့အတိုင်း ရွေးကောက်ပွဲကို “မဖြစ်မနေ” လုပ်ဆောင်မယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုမထုတ်ပြန်ပါဘူး။ ရှေ့ လုပ် ငန်းစဥ် ၅ ရပ်ရှိပြီး အဲဒီအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကာ နှောင့်နှေးစေတဲ့ကိစ္စရပ်တွေကို ရှောင်ရှားသွားမယ်လို့ပဲ ဆိုပါ တယ်။
ပြီးခဲ့တဲ့ မေလ ၇ရက် မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းကနေတွေ့ဆုံခဲ့ချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။
Source- VOA
မင်းတပ်မြို့သို့သွားစဥ် ဖမ်းဆီးခံရတဲ့ အမျိုးသမီး နှစ်ဦးမှ တစ်ဦးပြန်လွတ်
ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ မှတ်ပုံတင်ပြုပြင်ရန်သွားစဥ် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ အမျိုးသမီးနှစ်ဦး အနက် တစ်ဦးပြန်လွတ်လာတယ်လို့ မင်းတပ်ဒေသခံများထံမှ သိရပါတယ်။
ထိုအမျိုးသမီးနှစ်ဦးကို အထွေထွေအုပ်ချုပ်ရေးရုံးအနီးမှာ စစ်ကောင်စီတပ်က ၎င်းတို့နာမည်စာရင်းနှင့်အတူ ရုတ်တရက် ရောက်လာပြီး စစ်ဆေးမေးမြန်းရန်ရှိတယ်လို့ ဆိုကာ ခလရ (၂၇၄)တပ်ရင်းကို ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ မေလ ၉ရက် နံနက်ပိုင်းက ပြန်လွတ်လာပြီး ကျန်အမျိုးသမီးကို အကြမ်းဖက်မှုနဲ့ပတ်သက် တယ်လို့ ဆိုကာ ဖမ်းဆီးထားခြင်းဖြစ်ပါတယ်။
၂၀၂၄နှစ်အတွင်း မင်းတပ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြည်သူတွေကို မကြာခဏဆိုသလို ဖမ်းဆီးစစ်ဆေး နေကြပြီး ထိုသို့ ဖမ်းဆီးခံရသူ ၃၀ ကျော်ရှိနိုင်ကြောင်း၊ ပြန်လည်လွတ်မြောက်လာသူများရှိသော်လည်း အချို့မှာ ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းယောမာန်က ပြောပါ တယ်။
Source- Mizzima
တောပုရွာက ပျူစောထီးဟုဆိုသူ အမျိုးသမီး ၃ဦး ကို PDF ဖမ်းဆီး
စစ်ကိုင်းတိုင်း ၊မုံရွာမြို့နယ် ၊ တောပုကျေးရွာမှ ပျူစောထီးအမျိုးသမီးခေါင်းဆောင် မခိုင်ခင်ဦး ၊ စွမ်းရည်ထက်ဆီ ဆိုင် ဂိတ်တွင် စစ်ကောင်စီတပ်နဲ့ အတူတာဝန်ထမ်းဆောင်တဲ့ ချစ်ရဲနိုင်၏ ဇနီး မမိသီး ၊ တောပုရွာမှ လက်နက်ကိုင်ပျူစောထီး ဌေး ညွှန့်ရဲ့ ဇနီး မအေးမြတ်မွန် တို့ကို မေလ ၄ရက်နေ့မှာဖမ်းဆီးခဲ့ တယ်လို့ Area 71 PDF Monywa ကမေလ ၉ရက် ကထုတ် ပြန်ပါတယ်။
ယင်းတို့ကို မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကုတင် ၃၀၀ ဆံ့ဆေးရုံ မှ ဆေးကုသမှု အပြန်လမ်း မုံရွာမြို့နှင့် တောပုရွာလမ်းကြားတစ်နေရာတွင်စောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးပျူခေါင်းဆောင် မခိုင်ခင်ဦး က ထ နောင်းတောနဲ့ ကြာပိုင်ရွာ အိမ်ခြေ ၁၀၀ကျော်မီးရှို့မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်ကာ ထော်လာဂျီနဲ့ ထွန်စက် သိမ်းယူခဲ့ မှုမှာ ပါဝင်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်သောရုပ်သံမှာ ဝန်ခံထားပါတယ်။
သရက်ကုန်းတောင်ရွာသူဖြစ်တဲ့မအေးမြတ်မွန်က တောပုရွာမှ ပျူစောထီး ဌေးညွှန့်နှင့် အိမ်ထောင်ကျနေထိုင်ပြီး ကြာပိုင်ရွာနဲ့ ရွှေမုံရွေးရွာ စစ်ကောင်စီတပ်မှ မီးရှို့စဥ် ဒေသခံတွေရဲ့ ပစ္စည်းတွေကိုသယ်ယူခဲ့ကြောင်းဝန်ခံထား သလိုချစ်ရဲနိုင်၏ဇနီး မမိသီးကလည်း၎င်းရဲ့ အမျိုးသားက ညောင်ဖြူပင်ရွာရဲစခန်းတွင် တာဝန်ကျခဲ့ကာ ယခု စွမ်းရည် ထက်ဆီဆိုင်ဂိတ်တွင် စစ်ကောင်စီတပ်သားများနဲ့ အတူစစ်ဆေးရေးတာဝန်ထမ်းဆောင်နေတာဖြစ်တယ် လို့သိရပါ တယ်။
Source -Mizzima
မောင်တောမြို့နယ် ဝေသာလီရွာ မီးရှို့ခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဝေသာလီရွာကို မေလ ၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ စစ် ကောင် စီတပ်က သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေ ဝင်ရောက်မီးရှို့ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီး တစ်ဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
မီးရှို့မှုကြောင့် နေအိမ် ဆယ်လုံးကျော် မီးလောင်ခဲ့သလို၊ဝေသာလီရွာခံ ဦးအဝိုင်ချေရဲ့ အမျိုးသမီးက ထွက်ပြေးချိန်မှာ ပစ် ခတ်ခံရတာဖြစ်ပြီး၊ အသက်သုံးနှစ်အရွယ် ကလေးတစ်ဦးနဲ့ ခုနစ်နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ခြေခုနစ်ဆယ်ကျော်ရှိတဲ့ ဝေသာလီရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ် ။မောင် တောမြို့နယ်ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်တဲ့နေရာဖြစ်ပြီး မောင်တောက အကြီး ဆုံး စခန်းဖြစ်တဲ့ အမှတ် (၁) ကျီးကန်းပြင်နယ်ခြားစောင့်ဌာနချုပ်ကို (AA) ကသိမ်းပိုက်ထားပါတယ်။
Source- RFA
ကံပေါက်မှာ CDM ကျောင်းဆရာမနှစ်ဦး ထောင်ဒဏ် ၄ နှစ်စီ ချမှတ်ခံရ
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ CDM ကျောင်းဆရာမ နှစ်ဦးကို အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်တယ်လို့ ဒေသခံ တွေ ထံက သိရပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပြုလုပ်ထားတဲ့ ကျောင်းဆရာမတွေဖြစ်တဲ့ ဒေါ်သက်သက်မော်နဲ့ ဒေါ်ယဉ်ယဉ် အေး တို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးသွားကာ စစ် ကောင်စီရဲ့ မောရဝတီရေတပ်ဌာနချုပ်မှာ တစ်လကျော်ကြာ စစ်ဆေးပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။
အဲဒီနောက် CDM ကျောင်းဆရာမ နှစ်ဦးကို မေ ၇ ရက်နေ့မှာ ရေဖြူမြို့နယ် တရားရုံးကနေ အ ကြမ်းဖက်အဖွဲ့ အစည်းနဲ့ ဆက် စပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၄ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။
စစ်ကောင်စီဘက်ကတော့ CDM ကျောင်းဆရာမ နှစ်ဦးဟာ PDF ထံ ငွေကြေးထောက်ပံ့တာ၊ NUG ပညာရေးကျောင်း တွေ မှာ စာသင်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာ လို့ဆိုပါတယ်။ထောင်ဒဏ်အမိန့်ချမှတ်ခံရတဲ့ CDM ကျောင်းဆရာမ နှစ်ဦးကို ထားဝယ်အကျဉ်းထောင်သို့ ပြောင်း ရွှေ့လိုက်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
Source- Than Lwin Times
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် အမျိုးသမီးလေးဦးကို ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့် အပါအဝင် အမျိုးသမီးလေးဦးကို ပြစ် ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မေလ ၉ ရက်မှာ သတင်း ထုတ် ပြန်ပါတယ်။
ပြန်လွတ်လာသူတွေကတော့ ဦးအောင်ခင်မြင့် ၊ ဒေါ်လှလေးမြင့်၊ ဒေါ်ယဉ်ယဉ်နိုင်၊ ဒေါ်မို့မို့ထွန်း၊ ဒေါ်သီတာတို့ ဖြစ်ပြီး လွတ်ငြိမ်းခွင့်နဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့ရဲ့ တင်ပြမှုအရရော၊ လူသားချင်း စာနာထောက်ထားမှုကို ဦးတည်တဲ့ အနေနဲ့ ရော မေ ၈ ရက်ကစ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့မှာ တိုက်ပွဲဖြစ်ပွားချိန် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှာ CDM မှာ မပါခဲ့တဲ့ ပါမောက္ခချုပ် ဦး အောင် ခင်မြင့် ၊ ဒုပါမောက္ခချုပ် ဒေါ်သီတာအပါအဝင် ၂၀၄ ယောက်ကို IEC က ထိန်းသိမ်းထားခဲ့ပါတယ်။
အဲ့ဒီနောက် ဦးခင်မောင်မြင့်၊ ဒေါ်သီတာနဲ့သူ့မိခင်၊ ကထိကနဲ့ဝန်ထမ်းတစ်ယောက် စုစုပေါင်း ငါးယောက်ကို မတရား အသင်း ဆက်သွယ်မှုတွေနဲ့ IEC က တရားစွဲခဲ့ပြီးယင်းတို့ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ မှာ ထောင်ဒဏ် နှစ်နှစ်နဲ့ ငွေဒဏ် ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
Source -BBC
ပူတာအိုမှာ အသက်မပြည့်သေးသူ မိန်းကလေးတစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ
ကချင်ပြည်နယ်၊ ပူတာအိုမြို့မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး မုဒိမ်းကျင့်ခံရပြီး လက်နဲ့ခြေထောက်ချိုး၊ လည် ပင်းလှီး သတ်ဖြတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ မေ ၁၀ ရက် နေ့ခင်းဘက်က အသက်၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိဘတွေက စားဆီ ဝယ်ဖို့လွှတ်လိုက်တဲ့အချိန်မှာ ခုလို သတ်ဖြတ်ခံရတာဖြစ်ပြီး ညပိုင်းမှာ ဒဏ်ရာတွေနဲ့ သေဆုံးလျက်သား ပြန်လည် တွေ့ ရှိခဲ့တာလို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
မုဒိမ်းကျင့်သတ်ဖြတ်တဲ့ ဖြစ်စဉ်က ပူတာအိုဒေသမှာ တကြိမ်တခါမှ မကြုံဖူးသေးတဲ့ ထိတ်လန့်စရာဖြစ်စဉ် ဖြစ်ပြီး ရွှေတူး သမားတွေ၊ ဆောက်လုပ်ရေး အလုပ်သမားတွေ၊ သံအိုးသံခွက်ရောင်းတွေသူများလာတဲ့ ပူတာအိုမှာ လမ်းပိတ် ကုန်ဈေး နှုန်း တက်တာတွေကြောင့် အလုပ်မရှိ၊ စားရေးသောက်ရေးခက်ခဲကာ ရာဇဝတ်မှုတွေကျူးလွန်လာတာြဖစ်တယ်လို့ ဒေသခံ တွေ ကပြောပါတယ်။
Source- DVB
သထုံမှာ အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ
မွန်ပြည်နယ် သထုံမြို့နယ် နောင်ဘိုကျေးရွာ အနန်းကုန်းပိုင်း လယ်ကွင်းထဲမှာ အန်ဂလုံးဝိုင်းအလုပ်သမားဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မမိုးနန္ဒာထွန်းကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
မမိုးနန္ဒာထွန်းရဲ့ ရုပ်အလောင်းပြန်တွေ့ချိန်မှာ နောက်ကျောထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာလက် မောင်းပြတ်ရှဒဏ်ရာ၊ ဝဲ လက်မောင်းထိုးသွင်းဒဏ်ရာ၊ ဝဲလက်ဖျံပြတ်ရှဒဏ်ရာ၊ ယာရင်ဘတ်ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံး နေပါတယ်။
မမိုးနန္ဒာထွန်းဟာ သထုံဒေသခံ မဟုတ်ဘဲ ရှမ်းပြည်နယ်ဘက်ကနေ အာဝါဒေးဝိုင်း အန်ဂလုံးခုံမှာ အလုပ်လုပ်နေတာဖြစ်ပြီး ဘာကြောင့် အသတ်ခံရလဲဆိုတာ မသိရဘူးလို့ ဒေသခံတွေကဆိုပါတယ်။
သေဆုံးသွားတဲ့ မမိုးနန္ဒာထွန်းရဲ့ ရုပ်အလောင်းကိုလူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ သိမ်ဇရပ်တိုက်နယ် ဆေးရုံထံ ပို့ ဆောင်ပေးထားတယ်လို့ သိရပါတယ်။
Source –Than Lwin Times