စစ်ကောင်စီက မောင်တောခရိုင်ပြည်သူ့ဆေးရုံကို ပိတ်ထားဖို့ ဖိအားပေးထားတာကြောင့် ကလေးမွေးရမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ အခက်တွေ့နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီက ဆေးရုံကို သုံးရက်အတွင်း ပိတ်ဖို့ ဖိအားပေးထားတာကြောင့် ဆေးရုံပေါ်မှာ တက်ရောက်ဆေးကုသနေရတဲ့ လူနာတွေဟာ ဒီကနေ့ မတ်လ ၃ ရက်ကစပြီး ဆေးရုံကဆင်းနေကြသလို ဆေးရုံဝင်းထဲက ဝန်ထမ်းအိမ်ရာမှာနေထိုင်ကြတဲ့ ဆရာဝန်နှင့် သူနာပြုတွေဟာလည်း နေရာပြောင်းရွေ့နေကြတယ်လို့ ဆိုပါတယ်။
“ဆေးရုံကို ပိတ်ထားရမယ်။ ဆရာဝန်နဲ့ သူနာပြုတွေ စစ်တွေကို သွားရမယ်ဆိုပြီး ပြောလာတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အခုလို ဆေးရုံကို ပိတ်ခိုင်းလိုက်တဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်မှုမြင့်တက်နေပြီး ကလေးမွေးရမယ့် ကိုယ်ဝန်ဆောင်တွေ အခက်အခဲတွေ့နေတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။
“ဆေးရုံပိတ်ခိုင်းတာက ကျမတို့ကို အသေသတ်ခိုင်းတာပါပဲ။ တခြားမြို့ကိုသွားပြီးမွေးဖို့က လမ်းတွေပိတ်ထားတယ်။”လို့ သူကပြောပါတယ်။
မောင်တောခရိုင်ပြည်သူ့ဆေးရုံကို ပိတ်ခိုင်းလိုက်တာကြောင့် ကလေးမွေးရမယ့် ကိုယ်ဝန်ဆောင်တွေထဲမှာ ခွဲမွေးရမယ့်မိခင်တွေအတွက် ဒုက္ခပိုများနေတယ်လို့ ကလေးခွဲမွေးရမယ့် ကိုယ်ဝန်ဆောင်တစ်ဦးက ပြောပါတယ်။
“ဆေးရုံပိတ်ခိုင်းတာက ရက်စက်မှုထဲမှာ အဆိုးဆုံး ရက်စက်မှုဖြစ်သွားပါပြီ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
မောင်တောခရိုင်အပါအဝင် ရခိုင်တပြည်နယ်လုံးက လမ်းတွေကို ပိတ်ထားတာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကတည်းကဖြစ်ပြီး ဆေးဝါးတွေ ပြတ်လပ်နေတာ သုံးလကျော် လေးလနီးပါးရှိပြီဖြစ်ပါတယ်။
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 22/02/2025
- ကျောက်တော်မြို့က ကုရ်အာန်ကျမ်းအာဂုံဆောင် ဘွဲ့လက်မှတ် အမျိုးသမီးလေးဦးရရှိ - 21/02/2025
- အမျိုးသမီးတွေရဲ့ တရားမျှတမှုတွေကို ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ Women for Justice – WJ အမျိုးသမီးများအဖွဲ့ နှစ် (၃၀)ပြည့်ပြီ - 19/02/2025