ခင်ဘုန်းမို့
သစ်ပင်တွေစိမ်းစိမ်းစိုစိုအုပ်ဆိုင်းနေတဲ့တောတွင်းတနေရာ မြေကွက်လပ်တစ်ခုမှာ အရွယ်စုံကလေး ငယ်တစ်စု ကိုတွေ့နိုင်သလိုသူတို့အရှေ့မှာအမျိုးသမီးငယ်တဦးနဲ့ သီချင်းဖွင့်ထားတဲ့ sound box speaker ငယ်လေးတစ် လုံးရှိနေတဲ့မြင်ကွင်းကိုတွေ့မြင်နေရပါတယ်။
ကလေးငယ်တွေကဂီတသံနဲ့အတူပျော်ရွှင်မြူးတူးစွာကခုန်နေကြပြီးအရှေ့ကအမျိုးသမီးငယ်လေးကလည်း သွက် သွက် လတ်လတ်ကခုန်နေသလို နှုတ်ကနေလည်းစည်းချက်ညီညီလှုပ်ရှားဖို့ အသံချိုချိုလေးနဲ့ ကကွက် တွေတိုင် ပေးနေတဲ့မြင်ကွင်းပါ။
အဲ့ဒီအမျိုးသမီးလေးကတော့“ရာလေး”လို့ခေါ်တဲ့အသက်(၂၆)နှစ်အရွယ်အမျိုးသမီးတဦးပါ။သူမဟာကရင်နီကစာသင်ကျောင်း တွေမှာ အကဆရာမအဖြစ် တာဝန်ယူဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။
အာဏာမသိမ်းခင်ကသူမဟာဝါသနာပါတဲ့အေရိုးဗစ်ဆရာမ၊ မြန်မာအကနဲ့အသက်မွေးဝမ်းကျောင်းပြုရင်းအေး အေးချမ်းချမ်းဖြတ်သန်းနေခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာတော့ တရားသောလမ်းကိုရွေးချယ်ခဲ့ပြီး ကရင်နီကိုရောက်လာခဲ့တာလို့ ဆိုပါတယ်။
အသက်မွေးဝမ်းကျောင်းအဖြစ်လုပ်ကိုင်နေတဲ့အေရိုးဗစ်ဆရာမအလုပ်ကိုလည်း စွန့်လွှတ်ခဲ့သလိုယဉ်ကျေးမှု တက္ကသိုလ်ဆက်မတက်တော့ပဲ CDM ပြုလုပ်ခဲ့ကာ မြန်မာအကနဲ့ ကပြဖျော်ဖြေအလုပ်တွေကိုလည်း ရပ်ဆိုင်း ခဲ့သူဖြစ်ပါတယ်။
အဏာသိမ်ပြီးနောက်သပိတ်စစ်ကြောင်းတွေမှာပါဝင်ပြီးဆန္ဒပြတဲ့ပြည်သူတွေအတွက်လိုအပ်တဲ့ဆေးဝေတာ ၊ရေဝေတာ၊ကားခတွေစာအိတ်ထဲထည့်ပြီးဝေတာတွေပြုလုပ်ခဲ့ရင်း နာမည်စာရင်းပါသွားလို့ရှောင်တိမ်းနေထိုင် ခဲ့ရတာလို့ဆိုပါတယ်။
စစ်အာဏာသိမ်းလိုက်တဲ့အခါမှာ မတရားမှုကိုလက်မခံချင်တဲ့ စိတ်တစ်ခုထဲနဲ့ တော်လှန် ခရီးကြမ်းကို လျှောက် လှမ်းခဲ့တာဖြစ်ပြီးကရင်နီကကျောင်းတွေမှာကလေးငယ်လေးတွေကိုအကသင်ဖို့ဆရာမလိုတယ်ဆိုတဲ့အကြောင်းကြားရတော့ ကရင်နီမြေကိုခြေချဖြစ်ခဲ့တာလို့ပြောပါတယ်။
မိသားစုကစိုးရိမ်စိတ်တွေနဲ့တားခဲ့ကြပေမယ့်လုပ်ချင်ရာကိုတဇွတ်ထိုးလုပ်ခဲ့တဲ့အတွက် နောက်ဆုံးမှာတော့မိသား စုအမွေဖြတ်တာ ခံခဲ့ရတယ်လို့ဆိုပါတယ်။
“ကိုယ်ရွေးချယ်မယ့်လမ်းနဲ့ရွေးချယ်လိုက်တဲ့လမ်းကမတူတဲ့အခါမှာအဲ့ရဲ့ဒဏ်ကိုမျက်ရည်ပေါက်ပေါက်ကျအောင်ခံခဲ့ရတဲ့အချိန်တစ်ခုရှိခဲ့တယ်”လို့သူမကဖွင့်ဟပြောခဲ့ပါတယ်။
သူမရဲ့ရွေးချယ်မှုအတွက်လူမှုရေးမှာ အများကြီးမိတ်ပျက်ခဲ့ရတာတွေရှိပေမယ့် မနှမြောမိသလို အသားကျနေ ခဲ့ တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကိုစွန့်လွှတ်ခဲ့ရတာကတော့ သူမအတွက်ဆုံးရှုံးမှုလို့ဆိုပါတယ်။
သူမဟာငါးတန်းအရွယ်မှာကတည်းအေရိုးဗစ်စသင်ခဲ့ပြီး ရန်ကုန်တိုင်းလက်ရွေးစင်ဖြစ်ခဲ့သလို ၂၀၁၅ ခုနှစ် အသက်(၁၆)နှစ်အရွယ်မှာ အေရိုးဗစ်နည်းပြဆရာမဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာအမှတ်ပေးဒိုင် အဖြစ် စတင်ဆောင်ရွက် နေသူလို့ဆိုပါတယ်။
၂၀၁၆ခုနှစ်ထဲကအေရိုးဗစ်နည်းပြအနေနဲ့နယ်လှည့်ပြီးနည်းပြအဖြစ်သင်တန်းတွေပို့ချခဲ့သလိုရန်ကုန်က အထက် တန်း၊အလယ်တန်းကျောင်းတွေမှာလည်းသင်ပြပေးခဲ့ပြီးဘဝတစ်လျှောက်လုံး အေရိုးဗစ်နဲ့ ပတ်သက်ပြီး အချိန် ပေးကြိုးစားခဲ့တဲ့သူမရဲ့ငယ်ဘဝအိပ်မက်ဖြစ်တဲ့အေရိုးဗစ်နည်းပြရာထူးကိုမျက်နှာလွှဲခဲ့တယ်လို့ပြောပါတယ်။
သူမကရင်နီကိုရောက်တဲ့အချိန်မှာ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်အေရိုးဗစ်(အမျိုးသမီး ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း)နည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ပြီး လက်ခံမယ်ဆို ရန်ကုန်ကိုပြန်လာဖို့ ဆက်သွယ်လာခဲ့တယ်လို့ဆိုပါတယ်။
“ဒီဘက်မှာလည်းအများကြီးကြုံတွေ့နေရပြီ ကိုယ့်မျက်စိရှေ့မှာ ကိုယ်ထင်ထားတာထက်ပိုဆိုးရွားတဲ့မတရားမှု တွေခံနေရတယ်ဆိုတာမြင်လျက်နဲ့ ရန်ကုန်မပြန်နိုင်တော့ဘူး။ပြန်ပြီးလက်တွဲပြီးမလုပ်နိုင်တော့ဘူးပေါ့နော်။ အဲ့ တော့လွတ်ချခဲ့တယ်။ ငယ်ငယ်လေးကတည်းကမက်ခဲ့ရတဲ့ အိပ်မက်တစ်ခုကိုပါ စွန့်လွှတ်လိုက်တဲ့ အနေ အထားတစ်ခုဖြစ်သွားတာပေါ့”လို့သူမကပြောပြပါတယ်။
မြို့ပေါ်မှာလှလှပပကျော့ကျော့မော့မော့လေးနဲ့ဘဝကိုဖြတ်သန်းခဲ့တဲ့သူမဟာတောထဲရောက်တဲ့အခါမှာတော့ အခက်အခဲတွေနဲ့ရင်ဆိုင်ရသလိုရာသီဥတုအခြေအနေ၊ နေရာထိုင်ခင်း၊စားဝတ်နေရေးကအစအရာရာအတွေ့ အကြုံအသစ်အဆန်းတွေဖြစ်ခဲ့ရပြီးအလှကြိုက်အသန့်ကြိုက်ပေမယ့်ရေရှားတဲ့နေရာ ဖုန်ထူထူနေပူပူမှာအဲ့ဒီဒဏ် တွေ ကိုကြံကြံခံခဲ့ဖြစ်တယ်လို့ဆိုပါတယ်။
“ထူးခြားတာက ကိုယ်ကိုတိုင် ဒီမှာမျက်နှာမသစ်ပဲတစ်နေကုန်လျှောက်သွားတက်နေပြီ အရင်နဲ့မတူတော့ တာ ပေါ့။ ကိုယ့်ကိုကိုယ်တော်ကြီးပြောင်းလဲသွားတယ်လို့ထင်ပါတယ်။ အလှမပြင်ပဲနဲ့လည်း နေလည်း ကိုယ့် ကိုကိုယ် ဘာမှမဖြစ်ဘူးလို့ထင်သွားပြီ ဒူပေဒါပေလေးကိုဖြစ်လို့”လို့သူမက ရယ်မောရင်းပြောပါတယ်။
လက်နက်ကြီးဒဏ်၊ လေယာဉ်နဲ့ဗုံးကျဲတဲ့ဒဏ်တွေကိုလည်း ခဏခဏကြုံရသလိုလက်နက်ကြီးဒဏ်တွေကြောင့် ကလေးတွေကို အကသွားသင်ရတဲ့တချို့နေရာတွေမှာ အခုဆို အကောင်းအတိုင်း မရှိတော့တာတွေ လည်းရှိ နေပြီးကံကောင်းထောက်မလို့သာ အခုချိန်ထိအသက်ဘေးကလွတ်နေသေးတာလို့ဆိုပါတယ်။
“ ညအိပ်ရင်တောင် ဗုံးခိုကျင်းထဲမှာအိပ်မှ စိတ်လုံခြုံမှုရှိတယ်လို့တယ်။ ကရင်နီကိုစရောက်တုန်းက medical teamနဲ့နေရတာဖြစ်တော့ တိုက်ပွဲအရမ်းပြင်းထန်လို့ လူနာတွေလာပြီဆို ဘာမှမကူညီနိုင်တဲ့အတွက် အရမ်း စိတ်ညစ်ခဲ့ရတာတွေလည်းရှိခဲ့တယ်။တခုခုကူညီပေးဖို့ကလည်း သွေးကြောက်တက်တဲ့သူမို့ အဆင်မပြေခဲ့ ပါဘူး ။မိုင်းထိလာတဲ့ရဲဘော်ခြေထောက်ကို ဆေးအဖွဲ့ကကုသတဲ့အချိန် မီးပြပေးခဲ့တာတောင် ရဲဘော်ရဲ့ ဒဏ်ရာနဲ့ အော်သံကိုနားထဲမှာစွဲပြီးသုံးရက်လောက်အိပ်ပျော်ခဲ့ဘူး။အဲ့ချိန်တွေတုန်းကဆိုဘာမှမလုပ်ပေးနိုင်လို့စိတ်ဓာတ် ကျ ခဲ့တယ်။” ”လို့သူမကဖွင့်ဟပြောခဲ့ပါတယ်။
အခက်အခဲတွေကြားထဲကပဲကိုယ်တက်တဲ့ပညာနဲ့တော်လှန်ရေးမှာပါဝင်ဖို့နည်းလမ်းရှာဖွေခဲ့ပြီးလွတ်မြောက်နယ်မြေကိုရောက်တဲ့အချိန်မှာ ဝေးလံခေါင်ဖျားတဲ့တောတွင်းနေရာက ကျောင်းတွေမှာ fitness dance အကနဲ့ဖက် ရှင်ပိုင်းတွေစတင်သင်ကြားပေးခဲ့တယ်လို့ဆိုပါတယ်။
ကျောင်းတွေမှာ fitness Dance နဲ့ပတ်သက်တဲ့အပိုင်းလေးတွေထည့်ပေးဖို့ ကျောင်းအုပ်တွေနဲ့လိုက်ဆွေးနွေးပြီး ကျောင်းတွေမှာ Dance class သီးသန့်အချိန်ပေးဖို့ညှိပြီးသင်ကြားပေးနေတာလို့ပြောပါတယ်။
ကလေးတွေဟာတောတွင်းနေရာမှာပညာသင်ကြားနေတာဖြစ်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာ ကိုယ်ကျန်းမာကြံခိုင်ဖို့ရည်ရွယ်ချက်တွေနဲ့ခုလိုသင်ကြားပေးနေတာလို့သူမကပြောပြပါတယ်။
“ကလေးတွေပျော်စေချင်တယ်။ပျော်ရွှင်ဖို့လည်းလိုတယ်။ပြီးတော့အဖွဲ့နဲ့ပေါင်းစည်းပြီးညီညာစွာလုပ်ဖို့လည်း လို တယ်။ အကကအများကြီးကို သက်ရောက်မှုရှိတယ်”လို့သူမကပြောပါတယ်။
လက်ရှိမှာဆိုလည်း အကနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့ ကလေးတွေကို သေချာ training ပေးပြီး ဆရာ ဖြစ် အနေနဲ့ပြန်သင်ပြခိုင်းတဲ့အတွက်သူမမအားလပ်လည်းအကသင်ပေးမယ့်သူတွေရှိတဲ့အနေအထားထိရောက်နေပြီလို့ဆက်ပြောပါတယ်။
ဖက်ရှင်နဲ့ပတ်သက်ပြီး ခေတ်နဲ့အညီလိုက်လျောညီထွေနေနိုင်ဖို့၊ ယဉ်ကျေးမှုနဲ့အညီလိုက်လျောညီထွေနေနိုင်ဖို့၊ စကားပြောတဲ့ပုံစံ၊အနေအထိုင်ပုံစံ စတာတွေကိုလည်းသင်ကြားပေးတယ်လို့ပြောပါတယ်။
“လူတစ်ယောက်မှာနေပုံထိုင်ပုံဖက်ရှင်ကလည်းအရေးကြီးတာကိုး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့က ကိုယ်နေ တဲ့ ပုံစံ မှာ အများကြီးစကားပြောသွားတယ်။ပြီးရင်ပေါင်းသင်းဆက်ဆံတဲ့အခါ ပတ်ဝန်းကျင်တခုကို ရောက် တဲ့ အခါ ကိုယ့်ရဲ့ဖက်ရှင်ဒီဇိုင်းကလည်း အများကြီးစကားပြောတယ်ဆိုတော့ ဒါတွေအကုန်လုံးကိုအခုပညာ သင်တဲ့ ကာလ မှာ တပူးတပေါင်းထဲသင်စေချင်တာ”လို့ သူမကပြောပါတယ်။
ဖက်ရှင်နဲ့ပတ်သက်တဲ့ ပြိုင်ပွဲတွေလုပ်ပေးတယ်။ ဖက်ရှင်နဲ့ပတ်သက်ပြီးသင်ပေးတာ ပြိုင်ပွဲလေးတွေလုပ်ပေးတဲ့ အတွက် ကလေးတွေအနေနဲ့ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာတာ၊ နေပုံထိုင်ပုံလေးတွေပြောင်းလဲလာတာ ၊စိတ်ပိုင်း ဆိုင်ရာ ယုံကြည်မှုရှိလာတာ၊ စကားပြောသွက်လာတာ ဆန်းသစ်တီထွင်မှုအားကောင်းလာတာတွေ တွေ့ရပြီး တချို့ကလေးတွေဆို ဒီဇိုင်နာသင်တန်းပို့ပေးချင်လောက်တဲ့အထိ တော်ကြတာကိုလည်းတွေ့ရတယ်လို့ သူမ အတွေ့အကြုံတွေကိုပြောပါတယ်။
ဒါပေမယ့်တစ်ဖက်မှာလည်းရှေးရိုးစွဲအယူအဆတချို့ကိုကျော်ဖြတ်ရတဲ့အခြေအနေတွေလည်းကြုံတွေ့ရတာ တွေရှိတယ်လို့ဆိုပါတယ်။ရိုးရာဓလေ့နဲ့ပတ်သက်ပြီး ရှေးရိုးစွဲအမြင်အနည်းငယ်သာရှိတဲ့ သူမအတွက်တော့ ထူး ခြားတဲ့ အခက်အခဲတွေမကြုံတွေ့ခဲ့ရပါဘူး
“အခုရောက်နေတဲ့ ရာစုနှစ်နဲ့ ကလေးတွေရဲ့ confidence level နဲ့သူတို့ရဲ့အလှတရား နဲ့အဲ့လို မျိုး ပေါင်း စပ်ပြီးမြင်ရတဲ့ ခံစားမှုတခုပေါ့။ ဒီနေရာမှာငါတို့တွေဒီလိုလုပ်နိုင်တယ်။ ဒီလိုကလေးတွေ ဒီလိုတော်တယ် ။ ဒီလိုလှတယ်။ ဒီလိုဝန်းကျင်ရောက်နေတာတောင် ဒီလောက်ဆန်းသစ်တီထွင်နိုင်တယ်ဆိုတဲ့ အဲ့ရဲ့ message တခုကိုရနိုင်ဖို့ပဲစဉ်းစားဖြစ်လိုက်တယ်။ တခါတလေအရမ်းလွန်လွန်ကျူးကျူး မဖြစ်အောင်ငါထိန်း သိမ်းရမယ် ဆိုပြီးတော့ ပြင်ဆင်လိုက်တယ်”လို့သူမကပြောပါတယ်။
ရန်ကုန်ဇာတိဖြစ်တဲ့ရာလေးဟာ အသက်သုံးနှစ်အရွယ်ကတည်းက မင်းသမီးဝတ်စုံဝတ်ပြီး ကျောင်းက ပွဲတွေ တိုင်းမှာ ပါဝင်ခဲ့တယ်။ အလှကြိုက်တဲ့သူမရဲ့ ငယ်ဘဝအိပ်မက်က မင်းသမီးဖြစ်ချင်ခဲ့တာပါ။ မင်းသမီး မဟုတ် ရင်တောင် တီဗီဖန်သားပြင်ပေါ်က အစီအစဉ်တင်ဆက်သူဖြစ်ချင်ခဲ့တယ်လို့ သူမက ပြော ပါတယ်။
ရှေ့ဆက်ပြီးတော့ အကသင်တာအပြင် တော်လှန်ရေးအတွက်လိုအပ်တဲ့နေရာတွေမှာ ကျွမ်းကျင်တဲ့အပိုင်းတွေကို အသုံးချဖို့အစီအစဉ်ရှိသလို လက်ရှိမှာတော့ တိုက်ပွဲအခြေအနေတွေကြောင့် အက fitness Dance သင်တာကို ခဏနားထားပြီး Federal FM မှာ Radio announcer အဖြစ် တော်လှန်ရေးအတွက် အားဖြည့်ကူညီနေတယ်လို့ ဆိုပါတယ်။
“အများကြီးစိတ်ကိုဖွင့်ပေးလိုက်ပြီ လုပ်မယ့်လုပ်တော့စိတ်ဓာတ်ကျနေတာတွေမလုပ်ချင်တော့ဘူး။ တကယ် ပီပီ ပြင်ပြင်လေး ကိုယ့်ကိုအသုံးလိုတဲ့နေရာတွေမှာ ကူညီပေးဖို့အစီအစဉ်ရှိတယ်။ အကနဲ့ပတ်သက်ပြီးလို့ဖြစ်စေ အနုပညာနဲ့ပတ်သက်ပြီးလို့ဖြစ်စေ ဆက်ပြီးကူညီပေးနိုင်ဖို့ ကိုယ့်ကိုကိုယ်ထိန်းချုပ်မထားတော့ဘူး။ အများကြီး ဖြတ်သင့်တာတွေအကုန်လုံးကိုဖြတ်ခဲ့ပြီးပြီဆိုတော့တော်လှန်ရေးအတွက်ရှေ့ဆက်ဖို့ပဲအဆင်သင့်ဖြစ်နေပြီ” လို့သူမဆိုပါတယ်။