Home ဆောင်းပါး အနာဂတ်အတွက် မျှော်လင့်နေသည့် စစ်ပွဲကြားက ပန်းပွင့်များ

အနာဂတ်အတွက် မျှော်လင့်နေသည့် စစ်ပွဲကြားက ပန်းပွင့်များ

Cherry and Anna (Hi)

mmexport1408005124967ဟောင်းနွမ်းနေပြီဖြစ်သည့် ထမင်းစားဆောင်ထဲတွင် ကျောင်းသားငယ်တချို့ ကစားနေကြသည်။ အနီးအနားတွင်ရှိသော အနည်းငယ်ပိုမိုသစ်လွင်သည့် စာသင်ဆောင်ထဲတွင် မူဆယ်ကျော်သက်ကလေးငယ် ၇၀ လောက်စာသင်ကြားနေကြသည်ကို တွေ့ရသည်။

ယင်းမှာစစ်ပြေးရှောင်ဒုက္ခသည်ကလေးများနဲ့မိဘမဲ့ကလေးများအတွက်ကချင်ပြည်နယ်တရှတ်နယ်စပ်အနီးရှိမိုင်ဂျာယန်မြို့ရှမ်းဟော်တည်ဟောင်းတွင်၂၀၁၁ခုနှစ်၈လပိုင်းမှစတင်ပြီး “ဂင်ရာဘော်ဒါ” ဟုအမည်ပေးသောဘော်ဒါကျောင်းလေး၏အစိတ်အပိုင်းအချို့ဖြစ်သည်။ကျောင်းသား/သူ၅၃၃ဦးနဲ့ဆရာ/မ၁၆ယောက်သည်အဆောင်နှစ်ခုခွဲပြီးနေထိုင်ကြသည်။

အဆောင်တွင်လာနေသောကလေးများသည်အသက်၉နှစ်မှ၂၂နှစ်အရွယ်များဖြစ်ကြပြီးမိဘများနှင့်ဝေးပြီးပညာသင်ကြားနေသောကလေးများဖြစ်သည်။

မိုင်ဂျာယန်အထက်တန်းကျောင်းတွင်နဂိုကလည်းပညာသင်ကြားနေသောကျောင်းသားဦးရေ၅၀၀ကျော်ရှိပြီးယခုစစ်ရှောင်ကလေးများပြန်လည်တိုးလာသောကြောင့်ကျောင်းသားဦးရေ၂၀၀၀ဝန်းကျင်ကိုဆရာ/မ၆၅ယောက်ကတစ်နေ့လျှင်ဆရာမတစ်ယောက်ကျောင်းခန်း၅ခန်းဝင်သင်နေရကြောင်း၊ကျောင်းခန်းများမလောက်သဖြင့်တစ်ခန်းတွင်ကျောင်းသားပေါင်း၆၀ကျော်ရှိ၍ဆရာ/မများနဲ့ကျောင်းသား/သူတွင်အတွက်ခက်ခဲနေကြောင်းကို၈တန်းအတန်းပိုင်ဆရာမကပြောပြပါသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) တောင်ပိုင်းကော်မတီမှတစ်နှစ်လျှင်တရှတ်ငွေယွမ်၃၀၀၀၀ထောက်ပံ့ပြီးဂင်ရာအဆောင်တွင်နေထိုင်နိုင်ရန်ငုားပေးထားခြင်းဖြစ်သည်ဟုဆရာမများကပြောပြသည်။

သို့သော်ကလေးများသည့်အတွက်အိပ်ခန်းဆောင်များအိမ်သာရေချိုးခန်းစာကျက်စားပွဲခုံများထမင်စားစားပွဲများလုံလောက်မှုမရှိသဖြင့်ကလေးများခက်ခဲနေကြောင်းကိုအဆောင်မှူးဆရာအောင်နန်ကပြောပြပါသည်။

ကွက်ခိုင်မြို့နယ်ကောင်းလိင်ရွာမှစစ်ရှောင်ဒုက္ခသည်ကလေးကျောင်းလာတက်သောမတန်ဘောင်ဂျာဆန်က“သမီးတို့အဆောင်မှာစာကျက်မည့်နေရာနဲ့စာကျက်စားပွဲမရှိလို့အိပ်ယာမှာပဲစာကျက်ရလို့စိတ်မပါဘူးဆရာမတွေလည်းမလောက်လို့သမီးတို့ကိုလည်းခဏခဏလာမကြည့်နိုင်ဘူးဒါကြောင့်သမီးတို့စာကျက်ဖို့စားပွဲခုံအရမ်းလိုချင်တယ်အမေတို့လည်းစစ်ရှောင်မှာပဲနေတယ်ဆိုတော့သမီးကိုလာတွေ့ဖို့ခက်ခဲတယ်” ဟုပြောပြသည်။

ဂင်ရာအဆောင်တစ်ခုလုံးမှာကျန်းမာရေးဆရာမတစ်ယောက်သာရှိ၍ကလေးများအားကုသရန်ဆေးစုံလင်လုံလောက်မှုမရှိ၍အခက်အခဲများနဲ့ရင်ဆိုင်နေသည်ဟုဆရာမကပြောပြသည်။

ကလေးများသည်ကျောင်းဝတ်စုံများနှင့်အတွင်းခံဘောင်ဘီများလုံလောက်စွာမရှိသဖြင့်အချင်းချင်းငှားဝတ်၍အရေပြားရောဂါတစ်ခုဖြစ်သောပွေးများကူးစက်နေကြသည်။အထူးသဖြင့်ယောကျာ်းလေးများသည်အောက်ခံဘောင်းဘီတစ်ထည်သာရှိ၍စိုနေသောဘောင်းဘီကိုသာဝတ်နေသောကြောင့်ယားနာများဖြစ်နေကြကြောင်းသိရသည်။

အများအားဖြင့်ကလေးများတွင်ဖြစ်တတ်သောရောဂါမှာချောင်းဆိုး၊ဝမ်းလျော၊လည်ချောင်းနာ၊ငှက်ဖျား၊အစာအိမ်၊ယားနာ၊ပွေး၊ခေါင်းကိုက်ရောဂါများနေ့စဉ်ဖြစ်နေကြောင်းတစ်လလျှင်ဖျားနာသောကလေးအယောက်၂၀၀ဝန်းကျင်ရှိနေကြောင်းဘော်ဒါကျန်းမာရေးဆရာမကပြောပြသည်။

“ကလေးတွေနေတဲ့အဆောင်ဟာနဂိုကတည်းကဘော်ဒါဆောင်မဟုတ်တဲ့အတွက်ကလေးတွေအတွက်လေကောင်းလေသန့်သိပ်မရဘူးလို့ထင်တယ်၊ကလေးတွေဆိုတော့တစ်ကိုယ်ရည်သန့်ရှင်းရေးသိပ်မလုပ်တတ်အစားအသောက်လည်းမဆင်ခြင်တတ်ဘူးဆိုတော့ပိုပြီးဖျားနာကြတယ်” ဟု KWAT (အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ)အဖွဲ့မှမိုင်ဂျာယန်တွင်ဖွင့်လှစ်ထားသောဆေးခန်းကျန်မာရေးဆရာမဒေါ်ဒီဒီအခေါန်ကပြောပြပါသည်။

“သမီးကအခုဆိုရင်လစဉ်ဓမ္မတာလာတဲ့အတွက်အသုံးဆောင်ပစ္စည်းနဲ့အောက်ခံဘောင်းဘီမရှိလို့အဲဒီအချိန်ဆိုအရမ်းခက်တယ်အထဲခံအင်္ဂာျီအလဲအလည်မရှိလို့ခက်ခဲတယ်” လို့ကျောင်းသူမလေးတဦးကပြောပြသည်။

ဂင်ရာဘော်ဒါကိုပံ့ပိုးပေးနေသောအဖွဲ့အစည်းများလည်းရှိသည်။

WFP (world food program) ကမ္ဘာစားနပ်ရိပ်က္ခအဖွဲ့နဲ့ WPN (Wunpawng Nhtoi) အဖွဲ့အစည်းတွင်လည်းတစ်လလျှင်ဆန်၁၅အိတ်ပါဝင်ကူညီနေကြောင်းနှင့်အခြား NGO အဖွဲ့အစည်းမှလည်းအကူအညီတစ်ခါတစ်ရံရရှိကြောင်းသိရသည်။

mmexport1408005085137 NGO အဖွဲ့အစည်းများက ကူညီသော်လည်း ကလေးများ၏လက်ရှိကျောင်းသုံးကိရိယာများနဲ့နေ့စဉ်စားသောက်စရိတ်လုံလောက်မှုမရှိပဲ တစ်နေ့လျှင် ကျောင်းသား၅၀၀ကျော်နှင့် ဆရာ/မများစားသောက်စရိတ်မှာ တရုတ်ငွေ၆၀၀ယွမ်သာသုံးနိုင်သောကြောင့် ကလေးတွေနဲ့ဆရာ/မများသည်ကျောင်းပိတ်သည့်အချိန်မှာလည်းစိုက်ခင်းသွားပြီးဟင်းသီးဟင်းရွက်များစိုက်ပျိုးနေရကြောင်းကိုဆရာမဆိုင်းမွန်းဂျာကပြောပြပါသည်။

သစ်ပင်စိုက်ရင်လည်းခုစိုက်ခုမခူးစားနိုင်သလိုသည်ကလေးတွေကိုလည်းအပင်ကောင်းအသီးကောင်းတွေဖြစ်လာအောင်ဘယ်လောက်ပင်ပန်းသည်ဖြစ်စေကလေးတွေရဲ့အနာဂတ်ကောင်းလာဖို့နောင်တစ်ချိန်ခေါင်းဆောင်နေရာတွင်လက်ဆင့်ကမ်းနိုင်ဖို့အတွက်ကိုယ်တတ်သည့်ပညာများကိုဝေငှနေခြင်းဖြစ်တယ်လို့ပညာသင်ကြားပေးနေသောဆရာ/မများကကလေးများအပေါ်ဖြစ်စေချင်သောဆန္ဒနဲ့ပြောပြပါသည်။

mmexport1408005111265

Related Articles