Home Tags Posts tagged with "Honest Information"
Tag:

Honest Information

  •  အားလုံးပဲမင်္ဂလာပါ။ ဒီကနေ့ရဲ့မှတ်သားစရာ အသိပညာပေးအစီအစဥ်မှာတော့ မြေပြင်၌ ပဋိပက္ခနှင့်ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အချက်အလက်ကေက်ယူနေသူများနှင့် ပဋိပက္ခနှင့်ဆက်နွယ်တဲ့အကြမ်းဖက်မှုများကိုအဓိကထားအချက်အလက်ကောက်ယူစုဆောင်းနေတဲ့အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုနှင့်အခက်ခဲများကို အင်တာဗျူးတွေထဲက စကားတွေနဲ့ထုတ်နှုတ်တင်ပြသွားမှာဖြစ်ပါတယ်။

  • “အဲ့ဒီမှာကျမတို့ ကိုယ့်ဘာသာကို ကာကွယ်နေရုံအပြင်တခြားဘာမှမရှိတာ ပိုသိလာတယ်။ ကျူးလွန်သူထက်တောင်မှ ကျမပတ်ဝန်းကျင်က လူတွေရဲ့ သဘောထားနဲ့ တုံ့ပြန်မှုတွေက ကျွန်မအပေါ်မတရားဘူးလို့ ပိုခံစားရပါတယ်။ တရားမျှတမှုအနေနဲ့ ဘာမှမရခဲ့ဘူးလို့ပဲ ထင်မိပါတယ်”

  • ရှင်ငြိမ်း    နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍဘယ်လောက်ထိအရေးပါနေလဲဆိုရင် ရှေ့တန်းစစ်မြေပြင်တွေမှာ စွန့် စွန့်စားစားတော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသမီးရဲမေတွေရဲ့ လုပ်ရပ်တွေက သက်သေခံလျက်ရှိနေပါတယ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းတိုင်း အမှတ် (၂ )…

  • “ကျနော်တို့ဓလေ့မှာက မိန်းကလေးတွေ သစ်ပင်တက်လို့မရဘူး။ ဒါပေမဲ့သူကကျနော်ထက်တောင် သစ်ပင်တက်ကျွမ်းကျင်တယ်။ ဒါကိုသိပေမယ့် ကျနော်တက်ခိုင်းလိုက်ရင် ရွာလူကြီးတွေက ဇွာအီးကို အပြစ်တင်မှာ မကောင်းပြောမှာ ကျနော် စိုးရိမ်လို့ မတက်ခိုင်းခဲ့ဘူး။”

  • “ယောကျ်ားပဲ ဒီလောက်တော့ရှိမှာပဲ သူကောင်းခဲ့တာတွေရှိတာ ခွင့်လွှတ်လိုက်ပါဆိုတာ ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာဖိုဝါဒရဲ့ လွှမ်မိုးမှုကြောင့် ဖြစ်နေတဲ့ အတွေးအခေါ်အယူအဆဖြစ်တယ် အာဏာရှိတဲ့သူ လက်နက်ကိုင်ထားတဲ့သူ ကျူးလွန် ရင် ကင်းလွတ်ခွင့်ရမယ်ဆိုတာက အာဏာရှင်စနစ်ကလာတာ”

  • Photo Essay စိုးရိမ်ပူပန်မှု၊ ခံနိုင်ရည်ရှိမှုနှင့် ဝမ်းနည်းမှုတို့နှင့်အတူ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး၏ အနီးကပ်ပုံ ယင်းဓာတ်ပုံသည် ဒုက္ခသည်စခန်းတစ်ခု၏ နောက်ခံကားချပ်ကိုနောက်ခံထား၍ အခက်အခဲများကြားတွင်သူမ၏ ခွန်အားကိုဖမ်းယူထားသည်။ ဤပုံသည် ပိုကြီးသောအကျပ်အတည်း၏…

  • “ကျနော်တို့အညာမှာ သက်ငယ်မုဒိမ်းဖြစ်ပွားမှုနှုန်းဟာ အာဏာသိမ်းပြီးနောက်မှာ အင်မတန်မှများလာတယ်။ အဲ့ဒီသက်ငယ်မုဒိမ်းမှုတွေကို အရေးယူမှုရှိလားလို့မေးရင် ငွေနဲ့ကျေအေးပေးလိုက်တဲ့ကိစ္စရပ်တွေ မိသားစုကိစ္စဆိုပြီး အမှု ပျောက်သွားတာမျိုးတွေ ဒါမျိုးတွေနဲ့ပဲ ကျနော်တို့ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ သက်ငယ်မုဒိမ်းမှုတွေကို ထိန်းသိမ်းဖို့ကခက်ခဲလာတဲ့အနေအထားဖြစ်လာပါတယ်။”